Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကျင်းဒွေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

ကျင်းဒွေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

0
By Editor on November 5, 2021 Headline

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်​ဒွေးမြို ့အနီးတွင် CDF-Kanpetlet နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့ နိုဝင်ဘာလ (၄) ရက် မနက် ၈ နာရီမှ ၁၁ နာရီခန့်အထိ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားကာ စကစဘက်မှ ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီးနောက် ပြန်လည်ဆုတ်ခွါသွားကြသည်ဟု CDF-Kanpetlet ထံမှ သိရသည်။

“ကျင်းဒွေးမြို့မှာ တပ်စွဲထားတဲ့တပ်တွေပေါ့၊ သူတို့ကတပ်စွဲထားတာကြာပြီ။ သူတို့က မြို့ထဲမှာနေတယ်။ ကျွန် တော်တို့လည်း မြို့ရဲ့မလှမ်းမကမ်း CDF ရဲ့ထိန်းချုပ်ဧရိယာပေါ့ သူတို့ကျင်းဒွေးမြို့ကနေ ဒီနေ့ ၈နာရီ မှာ ထွက်လာတာ ဖုံတွီးကျင်းဖက်ကိုကျော်လာကြပြီး အဲ့ဒီမှာ ကင်းကျတဲ့ CDF တွေနဲ့ ထိပ်တိုက်ပစ်ခတ်ခဲ့ကြတာ” ဟု Kanpetlet-CDF တပ်မမှုးက ပြောသည်။

ကျင်းဒွေးမြို့၊ ဖုံတွီးကျင်းရပ်ကွက်အထက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက Kanpetlet-CDF ထိန်း ချုပ်နယ်မြေအတွင်း မော်တော်ဆိုင်ကယ် ၁၀ စီးဖြင့် တပ်သား အယောက် ၃၀ ခန့် ဝင်လာရာမှ နှစ်ဖက်ထိတွေ့မှုရှိပြီး သုံးနာရီအကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တို်က်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ သေဆုံးသူများနှင့် ဒဏ်ရာရသူအများအပြားဖြင့် ပြန်လ ည်ဆုတ်ခွာသွားကြပြီး Kanpetlet-CDF မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်း သိရသည်။

ကျင်းဒွေးသည် ယခင်အစိုးရလက်ထက်တွင် မြို့ရရှိခဲ့ခြင်းဖြစ်ပြီး ကန်ပက်လက်မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အနေဖြင့် နယ်နိမိတ်ကျူးကျော်ဝင်ရောက်လာခြင်းနှင့် စစ်ကြောင်းထွက်လာမည်ဆိုပါက နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားလာနိုင်ချေနှင့် တိုက်ပွဲပြင်းထန်မှုများရှိလာနိုင်ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.