• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကျင်းဒွေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

ကျင်းဒွေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ

0
By Editor on November 5, 2021 Headline

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်​ဒွေးမြို ့အနီးတွင် CDF-Kanpetlet နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့ နိုဝင်ဘာလ (၄) ရက် မနက် ၈ နာရီမှ ၁၁ နာရီခန့်အထိ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားကာ စကစဘက်မှ ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီးနောက် ပြန်လည်ဆုတ်ခွါသွားကြသည်ဟု CDF-Kanpetlet ထံမှ သိရသည်။

“ကျင်းဒွေးမြို့မှာ တပ်စွဲထားတဲ့တပ်တွေပေါ့၊ သူတို့ကတပ်စွဲထားတာကြာပြီ။ သူတို့က မြို့ထဲမှာနေတယ်။ ကျွန် တော်တို့လည်း မြို့ရဲ့မလှမ်းမကမ်း CDF ရဲ့ထိန်းချုပ်ဧရိယာပေါ့ သူတို့ကျင်းဒွေးမြို့ကနေ ဒီနေ့ ၈နာရီ မှာ ထွက်လာတာ ဖုံတွီးကျင်းဖက်ကိုကျော်လာကြပြီး အဲ့ဒီမှာ ကင်းကျတဲ့ CDF တွေနဲ့ ထိပ်တိုက်ပစ်ခတ်ခဲ့ကြတာ” ဟု Kanpetlet-CDF တပ်မမှုးက ပြောသည်။

ကျင်းဒွေးမြို့၊ ဖုံတွီးကျင်းရပ်ကွက်အထက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက Kanpetlet-CDF ထိန်း ချုပ်နယ်မြေအတွင်း မော်တော်ဆိုင်ကယ် ၁၀ စီးဖြင့် တပ်သား အယောက် ၃၀ ခန့် ဝင်လာရာမှ နှစ်ဖက်ထိတွေ့မှုရှိပြီး သုံးနာရီအကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တို်က်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ သေဆုံးသူများနှင့် ဒဏ်ရာရသူအများအပြားဖြင့် ပြန်လ ည်ဆုတ်ခွာသွားကြပြီး Kanpetlet-CDF မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်း သိရသည်။

ကျင်းဒွေးသည် ယခင်အစိုးရလက်ထက်တွင် မြို့ရရှိခဲ့ခြင်းဖြစ်ပြီး ကန်ပက်လက်မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အနေဖြင့် နယ်နိမိတ်ကျူးကျော်ဝင်ရောက်လာခြင်းနှင့် စစ်ကြောင်းထွက်လာမည်ဆိုပါက နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားလာနိုင်ချေနှင့် တိုက်ပွဲပြင်းထန်မှုများရှိလာနိုင်ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.