• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကျီခါးမြို့တွင် ကိုဗစ်ကိုးကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးကုသမှုခံယူနေဆဲ

ကျီခါးမြို့တွင် ကိုဗစ်ကိုးကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးကုသမှုခံယူနေဆဲ

0
By Editor on May 27, 2021 Khonumthung

မာဂရက် – ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကစပြီး ယနေ့ ချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးမှာ ကျီခါးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေဆဲ ဟု ယင်းဆေးရုံမှအထက်တန်းသူနာပြု ဆရာမ ကပြောသည်။

“၁၁ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အထိဆိုရင် ၂၅ ယောက်ရှိတယ်၊ ကျမတို့ သံသယရှိပြီးတော့ OPD(ပြင်ပလူနာဌာန) လာပြတဲ့သူတွေထဲက စစ်ပြီးတွေ့တာ၊ အခုဆေးကုသမှုခံယူနေတာက ဆေးရုံ မှာရှိတာ ၇ ဦးပဲရှိတယ်၊ ကျန်တဲ့သူတွေကပြန်ကောင်းသွားပြီ” ဟု အထက်တန်းသူနာပြု ဆရာမ ကပြောသည်။
အဆိုပါ ကိုဗစ်ပိုးတွေ့လူနာများသည် Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်အထက်များနှင့် သွေးတိုးရောဂါ၊ ဆီးချိုးေ ရာဂါနှင့် အခြားရောဂါအခံရှိသူများတွင် ရောဂါလ က္ခာများပိုမို ပြင်းထန်းစွာခံစားကြရကြောင်းလည်းသိ ရသည်။

ကျီခါးတိုက်နယ်ဆေးရုံတွင် ယခုလက်ရှိ ဆရာဝန်တစ်ယောက်မှမရှိဘဲ ကျန်းမာရေးဝန်ထမ်း ၃ ဦးခန့်သာရှိပြီး ၎င်းတို့က ကိုဗစ်ပိုးတွေ့လူနာများအား ကြပ်မတ်ကုသပေးလျှက်ရှိသည်ဟု သိရသည်။

“ကုသရေးပိုင်းက ဆရာဝန်မရှိတော့ ကျမကပဲ အသိဆရာဝန်တွေ၊ သမားတော်တွေ ဆက်သွယ်ပြီး သူတို့အကြံညဏ်ယူပြီးတော့ ကုပေးရတယ်၊ လူနာတွေအတွက်ကျတော့ ဒီဇယ်၊ဓာတ်ဆီ၊ မီးစက်က သူတို့ဟာသူတို့စီစဉ်နေရတယ်၊ အောက်ဆီဂျင်ကလည်း ကျမတို့မှာရှိတဲ့ ၆ လုံးနဲ့လည်ပတ်နေရတယ်၊ ကျမတို့ ၂၄ နာရီလုပ်ပေးချင်ပေမယ့် အောက်ဆီဂျင်စက်ကလည်း မနိုင်ဘူး မီးစက်ကလည်းမနိုင်တော့ အနည်းဆုံး တစ်နာရီ ၂ နာရီကတော့ နားရတာပေါ့’’ ဟု ကျီခါးတိုက်နယ်ဆေးရုံက ဆရာမကပြောသည်။

ယခုလက်ရှိတွင် ပိုးတွေ့လူနာ ၆ ဦးကို အောက်ဆီဂျင်ပေးနေရသည်ဟု သိရသည်။

ကိုဗစ်ပိုးတွေ့လူနာများကို မြန်ဆန်စွာ စစ်ဆေးပြီး ကုသမှုလုပ်နိုင်ရန်အတွက် အထက်ကိုတင်ပြထားပြီး နေပြည်တော်မှ ကိုဗစ် Tesk Kit အခု ၅၀ဝ၊ ဆေးဝါး ပစ္စည်းများကိုလည်း ပို့ဆောင်လာမည်ဟု သိရသည်။

ကျီးခါးမြို့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ် ၁၉ ရောဂါကူးစက် မှုများရခြင်းမှာ တဖက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်နှင့် ဝင်ထွက်သွားလာမှုရှိရာကတဆင့် ပျံ့နှံ့ လာခြင်းဖြစ်နိုင်ကြောင်း ယုံကြည်နေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.