Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကျီခါးမြို့တွင် ကိုဗစ်ကိုးကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးကုသမှုခံယူနေဆဲ

ကျီခါးမြို့တွင် ကိုဗစ်ကိုးကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးကုသမှုခံယူနေဆဲ

0
By Editor on May 27, 2021 Khonumthung

မာဂရက် – ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကစပြီး ယနေ့ ချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးမှာ ကျီခါးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေဆဲ ဟု ယင်းဆေးရုံမှအထက်တန်းသူနာပြု ဆရာမ ကပြောသည်။

“၁၁ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အထိဆိုရင် ၂၅ ယောက်ရှိတယ်၊ ကျမတို့ သံသယရှိပြီးတော့ OPD(ပြင်ပလူနာဌာန) လာပြတဲ့သူတွေထဲက စစ်ပြီးတွေ့တာ၊ အခုဆေးကုသမှုခံယူနေတာက ဆေးရုံ မှာရှိတာ ၇ ဦးပဲရှိတယ်၊ ကျန်တဲ့သူတွေကပြန်ကောင်းသွားပြီ” ဟု အထက်တန်းသူနာပြု ဆရာမ ကပြောသည်။
အဆိုပါ ကိုဗစ်ပိုးတွေ့လူနာများသည် Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်အထက်များနှင့် သွေးတိုးရောဂါ၊ ဆီးချိုးေ ရာဂါနှင့် အခြားရောဂါအခံရှိသူများတွင် ရောဂါလ က္ခာများပိုမို ပြင်းထန်းစွာခံစားကြရကြောင်းလည်းသိ ရသည်။

ကျီခါးတိုက်နယ်ဆေးရုံတွင် ယခုလက်ရှိ ဆရာဝန်တစ်ယောက်မှမရှိဘဲ ကျန်းမာရေးဝန်ထမ်း ၃ ဦးခန့်သာရှိပြီး ၎င်းတို့က ကိုဗစ်ပိုးတွေ့လူနာများအား ကြပ်မတ်ကုသပေးလျှက်ရှိသည်ဟု သိရသည်။

“ကုသရေးပိုင်းက ဆရာဝန်မရှိတော့ ကျမကပဲ အသိဆရာဝန်တွေ၊ သမားတော်တွေ ဆက်သွယ်ပြီး သူတို့အကြံညဏ်ယူပြီးတော့ ကုပေးရတယ်၊ လူနာတွေအတွက်ကျတော့ ဒီဇယ်၊ဓာတ်ဆီ၊ မီးစက်က သူတို့ဟာသူတို့စီစဉ်နေရတယ်၊ အောက်ဆီဂျင်ကလည်း ကျမတို့မှာရှိတဲ့ ၆ လုံးနဲ့လည်ပတ်နေရတယ်၊ ကျမတို့ ၂၄ နာရီလုပ်ပေးချင်ပေမယ့် အောက်ဆီဂျင်စက်ကလည်း မနိုင်ဘူး မီးစက်ကလည်းမနိုင်တော့ အနည်းဆုံး တစ်နာရီ ၂ နာရီကတော့ နားရတာပေါ့’’ ဟု ကျီခါးတိုက်နယ်ဆေးရုံက ဆရာမကပြောသည်။

ယခုလက်ရှိတွင် ပိုးတွေ့လူနာ ၆ ဦးကို အောက်ဆီဂျင်ပေးနေရသည်ဟု သိရသည်။

ကိုဗစ်ပိုးတွေ့လူနာများကို မြန်ဆန်စွာ စစ်ဆေးပြီး ကုသမှုလုပ်နိုင်ရန်အတွက် အထက်ကိုတင်ပြထားပြီး နေပြည်တော်မှ ကိုဗစ် Tesk Kit အခု ၅၀ဝ၊ ဆေးဝါး ပစ္စည်းများကိုလည်း ပို့ဆောင်လာမည်ဟု သိရသည်။

ကျီးခါးမြို့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ် ၁၉ ရောဂါကူးစက် မှုများရခြင်းမှာ တဖက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်နှင့် ဝင်ထွက်သွားလာမှုရှိရာကတဆင့် ပျံ့နှံ့ လာခြင်းဖြစ်နိုင်ကြောင်း ယုံကြည်နေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.