Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကျွန်တော်တို့ဘက်က စိတ်ဓာတ်အရလည်းနိုင်တယ်၊ နယ်မြေအရကလည်း အသာရတယ်”

“ကျွန်တော်တို့ဘက်က စိတ်ဓာတ်အရလည်းနိုင်တယ်၊ နယ်မြေအရကလည်း အသာရတယ်”

0
By Editor on July 21, 2022 Featured

CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလုနဲ့ ဆက်သွယ်မေးမြန်းချက်

ခိုနူမ်းသုန်သတင်း၊ ၂၁ ဇူလိုင် ၂၀၂၂

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ စစ်ယာဉ်တန်း ၂၇ စီး အင်အား ၂၀၀ ဝန်းကျင်နဲ့ ချင်းပြည်နယ်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖလမ်းနဲ့ ဟားခါးမြို့အကြား လမ်းတလျှောက်မှာ ချင်းအမျိုးသားတပ်မတော် CAN အပါအဝင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။

ဖလမ်း-ဟားခါးကြားဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး Chinland Join Defense Committee (CJDC) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလုကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဖလမ်းကနေ ဟားခါးကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းခရီးတလျှောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်။ အကျအဆုံးလည်းများခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ပွဲအခြေအနေပြောပြပေးလို့ရမလား။

ဖြေ။ ။ အဓိက ကလေးဘက်ကနေ ဖလမ်းဘက်တက်တဲ့ စစ်ကောင်စီအင်အားက ခန့်မှန်းအရ ၂၅၀ ကျော် လောက်ကို ကျွန်တော်တို့ CJDC ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ တိုက်ခိုက်တာ ဖြစ်ပါ တယ်။ ဇူလိုင် ၈ ရက်ကနေ ၁၆ ရက်အထိပေါ့နော် ကျွန်ပ်တို့ ၈ ရက်လုံးလုံးတိုက်တယ်၊ တိုက်ပွဲက တော်တော် ပြင်းထန်းတယ်။ ညဘက်မှာလည်း ကျွန်ပ်တို့ တိုက်ပွဲတွေဖော်တယ်။ အဓိက လမ်း တစ်လျှောက်လုံး ကျွန်ပ်တို့အနေနင့်တောက်လျှောက် ဒုက္ခပေးနိုင်ဖို့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ဖြိုချနိုင်ဖို့ အထိတိုက်ပေမဲ့လည်း တစ်ဖက်မှာ လက်နက်နဲ့ ကျည်အပေါ်မူတည်ပြီးတော့ ကျွန်ပ်တို့ဘက်ကနေ ၈ ရက်ကြာ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်ဆုတ်ရတာလည်းဖြစ်ပါတယ်။

မေး။ ။ တိုက်ပွဲက ဘယ်လိုပုံစံမျိုးဖော်ဆောင်ကြလဲ။ ပြောက်ကျားပုံစံမျိုးပဲလား။

ဖြေ။ ။ ဒီအချိန်ကတော့ ပြောက်ကျားစနစ် မဟုတ်ပါဘူး ကျွန်တော်တို့ တိုက်စစ်ပုံစံနဲ့ သွားရောက်ပစ်ခ တ်တာဖြစ်တယ်ပေါ့။ အဲ့တာကြောင့်မို့လို့ သူတို့ စစ်ကောင်စီဘက် ပိုပြီးအထိနာတာဖြစ်ပါတယ်။ ကျွန်တော်တို့က လမ်းတစ်လျှောက်လုံးကို သွားပြီး၊ တစ်နေရာတည်းကနေ တိုက်ပွဲဝင်တာမဟုတ်ဘူး ကျွန်တော်တို့ဘက်ကနေ defensive မဟုတ်ပဲနင့် တိုက်စစ်ပုံစံဖော်ဆောင်တဲ့ တိုက်ပွဲဖြစ်ပါတယ်။

မေး။ ။ အဲဒီတိုက်ပွဲမှာ တိုက်မိုင်းတွေ၊ ဒုန်းတွေလည်း အသုံးပြုတယ်ကြားရတယ်။ ဘယ်နှစ်ကြိမ်လောက် အသုံးပြု တိုက်ခိုက်ကြလဲ။

ဖြေ။ ။ ကျွန်တော်တို့ဘက်ကနေ Drone သုံးပါတယ်၊ Drone ကိုသုံးပြီးတော့ ဗုံးကြဲချတာ အောင်လည်း အောင်မြင်တယ်။ အောင်မြင်လို့ပဲ စစ်ကောင်စီဘက်ကနေလည်း တော်တော်အထိအနာခဲ့တယ်။ ကျွန်တော်တို့ Drone က ၁၀ လုံးလောက်အသုံးပြုတယ် စစ်ကောင်စီဘက်ကနေ Drone ပစ်တဲ့လက်နက်တွေယူလာကြတော့ Drone ၃ လုံးကတော့ သူတို့ ပစ်ချလိုက်တယ်။ ကျွန်တော်တို့ Drone သုံးတဲ့နေရာမှာတော့ အကျိုးသက် ရောက်မှုတော်တော်ရှိတယ်။

မေး။ ။ ဖလမ်း-ဟာခါးကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဘယ်နှစ်ယောက်သေးဆုံးမှုရှိတာလဲ။ ကာကွယ်ရေးတပ်ကကော် ဘယ်လောက်ကျဆုံးခဲ့လဲ။

ဖြေ။ ။ အကျဆုံးကတော့ ကျွန်တော်တို့ဘက်ကနေ ၂ ယောက်ကျပါတယ်၊ ဒဏ်ရာရ ၁၄ ယောက် ရှိပါတယ်။ ဒဏ်ရာရ ၂ ယောက်က စီုးရိမ်ရတဲ့အခြေနေမှာရှိပါတယ်။ ကျန် ၁၂ ယောက်က စိုးရိမ်ရတဲ့အခြေနေမရှိပါဘူး။ ဆိုတော့ ရန်သူ့ဘက်ကတော့ ကျွန်တော်တို့ရဲ့ အတည်ပြုချက်အရ အယောက် ၅၀ ကျော်၊ ဟားခါးရောက်တဲ့ အချိန်မှာ ၄ ယောက်ထပ်သေတယ်ဆိုတော့ ၅၄ ယောက် သေဆုံးတယ်လို့ ကျွန်တော်တို့ အတည်ပြုတယ်။ ဒဏ်ရာရကတော့ အယောက် ၂၀ လောက်ရှိတယ်။

မေး။ ။ ဖလမ်း-ဟားခါးကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဘယ်လိုတွေကြောင့် အထိအခိုက်အကျအဆုံး များရတာလဲ။

ဖြေ။ ။ သူတို့ဘက်က အကျဆုံးများတာကတော့ အဓိက ကျွန်တော်တို့ ချင်းပထဝီအနေအထား နယ်မြေ ကျွမ်းကျင်မှုပေါ့လေး၊ ကျွန်တော်တို့ကလည်း သင်တန်းကို တောက်လျှောက် အထူးတပ်ဖွဲ့တွေကိုလည်း အများကြီး ပို့ချပေးထားတယ်။ စစ်ကောင်စီထက် ကျွန်တော်တို့က နယ်‌မြေကျွမ်းကျင်ရေးမှာ တဘမ်းသာ ပါတယ်။ ပြီးတော့မှ ဒီတစ်ခေါက်တိုက်ပွဲမှာ အများကြီးကျဆုံးအောင်ပစ်ခတ်နိုင်တယ်ဆိုတဲ့ဟာလည်း ကျွန်တော်တို့ရဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဟာဆိုရင် မိခင်အဖွဲ့စည်းတွေမှာလည်း တကယ့် အားကိုးအားထားရတဲ့ အထူးတပ်ဖွဲ့(Special Force) ဖြစ်တယ်။ ဆိုတော့ အထူးတပ်လိုပဲ စိတ်ဓာတ်ပိုင်း မှာကော၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာကော ကျွန်တော်တို့ အများကြီး သင်တန်း ပို့ချရပါတယ်။ အဲ့လိုသင်တန်းပို ချတဲ့ အချိန်မှာ ကွျှန်တော်တို့ဘက်ကနေ စိတ်ဓာတ်အရလည်းနိုင်တယ်၊ နယ်မြေအရကလည်း အသာရတယ်၊ ပြီးတော့မှ ကျွန်တော်တို့ တိုက်စစ်ပုံစံမျိုးဖော်ဆောင်တဲ့အတွက် ကျွန်တော်တို့ဘက်ကနေလည်း တဘမ်း အသာရတယ်။

နောက်တခုကတော့ ရာသီဥတုအခြေနေကြောင့်လည်း ရန်သူ့ဘက်က လေ‌ကြောင်းပစ်ကူ မပေးနိုင်ဘူး။ ၈ ရက်လုံးလုံး ကျွန်တော်တို့ တောက်လျှောက်ပစ်နေတဲ့အချိန်မာ စစ်ကောင်စီ လေကြောင်းက သူတို့ကို အကူညီမပေးနိုင်ဘူး။ ပြီးတော့မှ ကျွန်တော်တို့ ချင်းပူးပေါင်းကာကွယ်တပ်ဖွဲ့ Special force တွေတိုက်နေတဲ့အချိန်မှာ CNDF ကလည်းလာပြီးတော့ ပူးပေါင်းပစ်တယ်၊ CDF-Hakha လည်းပါတယ်၊ CDF-Thantlang လည်းပါတယ်၊ CNA လည်းပါတယ် ဆိုတော့ နီးစပ်ရာရှိတဲ့ ဒီအဖွဲ့စည်း တွေကလည်း အများကြီး ပစ်ကူတဲ့အတွက်အင်အားအရ လည်း ကျွန်တော်တို့မှာ အတော်သင့် ရှိတဲ့အတွက်ကြောင့် ဒီတစ်ခေါက် ရန်သူ့စစ်ကြောင်းမှာ တော်တော်လေး အထိအနာတာလည်းဖြစ်ပါတယ်။

မေး။ ။ ခုဆိုရင် ဟားခါးမြို့ကို စစ်ယာဉ်တန်းများအပြားဝင်လာတယ်၊ တောင်ပိုင်းဘက်မှာဆိုရင် ပခုက္ကူကနေ မင်းတပ်ကို စစ်ယာဉ်တန်းဦးတည်ဝင်လာပြီ။ ဆိုတော့ ချင်းပြည်နယ်ရဲ့စစ်ရေးအခြေအနေက ဘယ်လို ဆက်ဖြစ်လာနိုင်လဲ။

ဖြေ။ ။ အဓိကတော့ သူတို့အနေနင့် ဒီထက်ပိုတဲ့အင်အားတွေ သုံးလာနိုင်တဲ့အခြေနေရှိလာနိုင်ပါတယ်။ အခုလက်ရှိလည်းသုံးနေပါပြီ၊ ဆိုတော့ ဆက်ပြီးတော့လည်း တော်လှန်ရေးအားကောင်းတဲ့ ချင်းပြည်လိုမျိုးကို ဆက်လက်ပြီး သူတို့အနေနင့် ပိုမိုသာလွန်အင်အားကို သုံးဖို့ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကနေ လည်း အများကြီး ပြင်ဆင်ထားတာတွေလည်းရှိတယ်။ ဆိုတော့ ချင်းပြည်အတွင်းမှာ တိုက်ပွဲက ဒီထက် ပိုပြီးတော့မှ ဖော်ဆောင်လာနိုင်ဖို့လည်းရှိတယ်။ အဓိကတော့ မြောက်ပိုင်းကနေ‌ရော အင်အားတော်တော်ဖြည့် လာတာတွေ့ရတယ်။ တောင်ပိုင်းမင်းတပ်ဘက်ကနေကလည်း အင်အားဖြည့်လာတယ်ဆိုတော့ ကျွန်တော်တို့ ချင်းပြည်မှာ ဒီထက်ပိုတဲ့ တိုက်ပွဲတွေကတော့ နောက်ထပ်ဖြစ်လာဖွယ်ရှိပါတယ်လို့ သုံးသပ်ရပါတယ်။

မေး။ ။ ပလက်ဝကနေ စစ်ကောင်စီ စစ်ကြောင်း (၃) ကြောင်းနင့်တက်လာတယ်လို့ကြားရတယ်။ ဘယ်ကနေဘယ်လိုလာပြီးတော့ ဘယ်ကိုဦးတည်ပြီးသွားတာလဲ။ ပြီးတော့ လက်ရှိ ဘယ်ကိုရောက်နေပြီးတော့ စကစ အင်အားဘယ်လောက်ဝန်းကျင် ခန့်မှန်ခြေရှိနိုင်မလဲ။

ဖြေ။ ။ CDF-Paletwa တပ်ရင်း (၁) နင့် တပ်ရင်း (၃) နယ်မြေတွေပေါ့အဓိက သူတို့ဦးတည်နေတာ၊ ပလက်ဝနယ်မြေခံတပ်ရင်း (၂၈၉) ကနေ‌ရောက်ရှိတာဖြစ်တယ်။ စစ်ကြောင်းအရ စစ်ကြောင်း (၃) ကြောင်းနင့် လာတယ် အခုဆိုရင် ဆမီးချောင်းရဲ့ အနီးရွာဖြစ်တဲ့ စောင်ဝါးရွာနင့် အနီးမှာ သူတို့ ယာယီစခန်းချတယ်။ အဲ့ဒီနေရာကနေပြီးတော့မှ သူတို့ အခြေနေစောင့်ကြည့်နေတယ်။ ပြည်သူတွေကိုလည်း အတင်းအဓမ္မ အစည်း‌ဝေးခေါ်ယူပြီးတော့မှ စည်းရုံးတယ်လို့လည်း ကျွန်တော်တို့ သတင်းကြားရတယ်။ ပြီးတော့မှ နောက်ထပ်စစ်ကြောင်းက မီးချောင်းဘက်ဖြစ်တယ် အဲ့ဒီမီးချောင်းဘက်မှာတော့ ရွာမတို့ အရင်တုန်းက သူတို့ စစ်ကောင်စီက အရပ်သားပြည်သူ ၂၅ ယောက်ကို ဖမ်းသွားတဲ့ ပမ်းဝ ကျေးရွာ အနီးတစ်ဝိုက်တွေမှာ စစ်ကောင်စီတွေရဲ့ ကျောင်းဖွင့်ဖို့လည်ပတ် ကွင်းဆင်းတယ်။ အဲ့တာကြောင့် သူတို့အနေနင့် တပ်ချဖို့ အစီစဉ်တွေရှိတယ်လို့ ကျွန်ပ်တို့ကြားသိရတယ်။

အဲ့ဒီနေရာမှာလည်း ခန့်မှန်းအရ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၁၀၀ ကျော်တယ်၊ စစ်ကြောင်း (၃) ကြောင်းဆိုရင် အင်အား ၃၀၀ ကျော်လို့ ကျွန်တော်တို့ခန့်မှန်းတယ်။ ထိတွေ့မှုလည်းရှိလာနိုင်တယ်။ အဓိကတော့ စစ်ကောင်စီတွေက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ကြိုးစားရင်း တဖက်မှာလည်း တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့စည်းတွေနဲ့ ပြည်သူတွေကြားမှာ သွေးခွဲစေမယ့် ဝါဒတွေဖြန့်တာတွေလည်း လုပ်နေတယ်လို့ ကျွန်တော်တို့သုံးသပ်ရပါတယ်။

မေး။ ။ တခြားဘာများဖြည့်စွက်ပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ CJDC ရဲ့ အထူးတပ်ဖွဲ့ Special force လည်း အခုဆိုရင် သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပါပြီ တိုက်ပွဲကလည်းဖော်ဆောင်နေပါပြီ၊ ချင်းပြည်တွင်းမှာ တကယ့်သက်ရောက်မှုရှိတဲ့ အင်အားတွေကိုလည်း တည်ဆောက်သွားဖို့ရှိတယ်။ တစ်ဖက်မှာ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်နေတဲ့ နေရာတွေမှာလည်း ပြည်သူလူထုတွေအနေနင့် ပူးပေါင်းပါဝင်မှုမလုပ်ကြပဲနဲ့ ကျွန်တော်တို့ရဲ့ တော်လှန်‌ရေးအောင်မြင်ရေးကိုပဲ အလေးနက်ထား ယုံကြည်ပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့လိုပါတယ်။

Zawgyi

“ကြ်န္ေတာ္တို႔ဘက္က စိတ္ဓာတ္အရလည္းႏိုင္တယ္၊ နယ္ေျမအရကလည္း အသာရတယ္”

CJDC ေျပာေရးဆိုုခြင့္ရွိသူ ဆလိုင္းေပါလုနဲ႔ ဆက္သြယ္ေမးျမန္းခ်က္

ခိုႏူမ္းသုန္သတင္း၊ ၂၁ ဇူလိုင္ ၂၀၂၂

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ကေန စစ္ယာဥ္တန္း ၂၇ စီး အင္အား ၂၀၀ ၀န္းက်င္နဲ႔ ခ်င္းျပည္နယ္ကို ခ်ီတက္လာ တဲ့ စစ္ေကာင္စီတပ္ဖြဲ႔ကို ဖလမ္း နဲ႔ ဟားခါးၿမိဳ႕အၾကား လမ္းတေလွ်ာက္မွာ ခ်င္းအမ်ဳိးသား တပ္မေတာ္ CAN အပါအ၀င္ ခ်င္းပူးေပါင္းကာကြယ္ေရးတပ္ဖြဲ႔ေတြက ၾကားျဖတ္တိုက္ခိုက္ ခဲ့ၾကၿပီး စစ္ေကာင္စီဘက္က အက်အဆံုးမ်ားခဲ့တယ္လို႔သိရပါတယ္။

ဖလမ္း-ဟားခါးၾကားျဖစ္ပြားတဲ့ တိုက္ပြဲ အေျခအေနနဲ႔ပတ္သက္ၿပီး Chinland Join Defense Committee (CJDC) ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းေပါလု ကို ခိုႏူမ္းသုန္သတင္း ဌာနက ဆက္သြယ္ေမးျမန္းထားသည္။

ေမး။ ။ ဖလမ္းကေန ဟားခါးကို တက္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ခ်င္းပူးေပါင္းကာကြယ္ေရးတပ္ဖြဲ႕ေတြ လမ္းခရီးတေလွ်ာက္မွာ တိုက္ပြဲျဖစ္ပြားခဲ့ၾကတယ္။ အက်အဆုံးလည္းမ်ားခဲ့တယ္လို႔သိရပါတယ္။ အဲဒီတိုက္ပြဲအေျခအေနေျပာျပေပးလို႔ရမလား။

ေျဖ။ ။ အဓိက ကေလးဘက္ကေန ဖလမ္းဘက္တက္တဲ့ စစ္ေကာင္စီအင္အားက ခန႔္မွန္းအရ ၂၅၀ ေက်ာ္ ေလာက္ကို ကြၽန္ေတာ္တို႔ CJDC ခ်င္းပူးေပါင္းကာကြယ္ေရးတပ္ဖြဲ႕ေတြကေနၿပီးေတာ့မွ တိုက္ခိုက္တာ ျဖစ္ပါ တယ္။ ဇူလိုင္ ၈ ရက္ကေန ၁၆ ရက္အထိေပါ့ေနာ္ ကြၽန္ပ္တို႔ ၈ ရက္လုံးလုံးတိုက္တယ္၊ တိုက္ပြဲက ေတာ္ေတာ္ ျပင္းထန္းတယ္။ ညဘက္မွာလည္း ကြၽန္ပ္တို႔ တိုက္ပြဲေတြေဖာ္တယ္။ အဓိက လမ္း တစ္ေလွ်ာက္လုံး ကြၽန္ပ္တို႔အေနနင့္ေတာက္ေလွ်ာက္ ဒုကၡေပးႏိုင္ဖို႔ စစ္ေကာင္စီရဲ႕ ယာဥ္တန္းကို ၿဖိဳခ်ႏိုင္ဖို႔ အထိတိုက္ေပမဲ့လည္း တစ္ဖက္မွာ လက္နက္နဲ႔ က်ည္အေပၚမူတည္ၿပီးေတာ့ ကြၽန္ပ္တို႔ဘက္ကေန ၈ ရက္ၾကာ ပစ္ခတ္ၿပီးတဲ့ေနာက္ပိုင္းမွာ ျပန္ဆုတ္ရတာလည္းျဖစ္ပါတယ္။

ေမး။ ။ တိုက္ပြဲက ဘယ္လိုပုံစံမ်ိဳးေဖာ္ေဆာင္ၾကလဲ။ ေျပာက္က်ားပံုစံမ်ဳိးပဲလား။

ေျဖ။ ။ ဒီအခ်ိန္ကေတာ့ ေျပာက္က်ားစနစ္ မဟုတ္ပါဘူး ကြၽန္ေတာ္တို႔ တိုက္စစ္ပုံစံနဲ႔ သြားေရာက္ပစ္ခ တ္တာျဖစ္တယ္ေပါ့။ အဲ့တာေၾကာင့္မို႔လို႔ သူတို႔ စစ္ေကာင္စီဘက္ ပိုၿပီးအထိနာတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က လမ္းတစ္ေလွ်ာက္လုံးကို သြားၿပီး၊ တစ္ေနရာတည္းကေန တိုက္ပြဲ၀င္တာမဟုတ္ဘူး ကြၽန္ေတာ္တို႔ဘက္ကေန defensive မဟုတ္ပဲနင့္ တိုက္စစ္ပုံစံေဖာ္ေဆာင္တဲ့ တိုက္ပြဲျဖစ္ပါတယ္။

ေမး။ ။ အဲဒီတိုက္ပြဲမွာ တိုက္မိုင္းေတြ၊ ဒုန္းေတြလည္း အသုံးျပဳတယ္ၾကားရတယ္။ ဘယ္ႏွစ္ႀကိမ္ေလာက္ အသုံးျပဳ တိုက္ခိုက္ၾကလဲ။

ေျဖ။ ။ ကြၽန္ေတာ္တို႔ဘက္ကေန Drone သုံးပါတယ္၊ Drone ကိုသုံးၿပီးေတာ့ ဗုံးႀကဲခ်တာ ေအာင္လည္း ေအာင္ျမင္တယ္။ ေအာင္ျမင္လို႔ပဲ စစ္ေကာင္စီဘက္ကေနလည္း ေတာ္ေတာ္အထိအနာခဲ့တယ္။ ကြၽန္ေတာ္တို႔ Drone က ၁၀ လုံးေလာက္အသုံးျပဳတယ္ စစ္ေကာင္စီဘက္ကေန Drone ပစ္တဲ့လက္နက္ေတြယူလာၾကေတာ့ Drone ၃ လုံးကေတာ့ သူတို႔ ပစ္ခ်လိုက္တယ္။ ကြၽန္ေတာ္တို႔ Drone သုံးတဲ့ေနရာမွာေတာ့ အက်ိဳးသက္ ေရာက္မႈေတာ္ေတာ္ရွိတယ္။

ေမး။ ။ ဖလမ္း-ဟာခါးၾကားတိုက္ပြဲမွာ စစ္ေကာင္စီဘက္က ဘယ္ႏွစ္ေယာက္ေသးဆုံးမႈရွိတာလဲ။ ကာကြယ္ေရးတပ္ကေကာ္ ဘယ္ေလာက္က်ဆံုးခဲ့လဲ။

ေျဖ။ ။ အက်ဆုံးကေတာ့ ကြၽန္ေတာ္တို႔ဘက္ကေန ၂ ေယာက္က်ပါတယ္၊ ဒဏ္ရာရ ၁၄ ေယာက္ ရွိပါတယ္။ ဒဏ္ရာရ ၂ ေယာက္က စီုးရိမ္ရတဲ့အေျခေနမွာရွိပါတယ္။ က်န္ ၁၂ ေယာက္က စိုးရိမ္ရတဲ့အေျခေနမရွိပါဘူး။ ဆိုေတာ့ ရန္သူ႔ဘက္ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အတည္ျပဳခ်က္အရ အေယာက္ ၅၀ ေက်ာ္၊ ဟားခါးေရာက္တဲ့ အခ်ိန္မွာ ၄ ေယာက္ထပ္ေသတယ္ဆိုေတာ့ ၅၄ ေယာက္ ေသဆံုးတယ္လို႔ ကြၽန္ေတာ္တို႔ အတည္ျပဳတယ္။ ဒဏ္ရာရကေတာ့ အေယာက္ ၂၀ ေလာက္ရွိတယ္။

ေမး။ ။ ဖလမ္း-ဟားခါးၾကားတိုက္ပြဲမွာ စစ္ေကာင္စီဘက္က ဘယ္လိုေတြေၾကာင့္ အထိအခိုက္အက်အဆုံး မ်ားရတာလဲ။

ေျဖ။ ။ သူတို႔ဘက္က အက်ဆုံးမ်ားတာကေတာ့ အဓိက ကြၽန္ေတာ္တို႔ ခ်င္းပထဝီအေနအထား နယ္ေျမ ကြၽမ္းက်င္မႈေပါ့ေလး၊ ကြၽန္ေတာ္တို႔ကလည္း သင္တန္းကို ေတာက္ေလွ်ာက္ အထူးတပ္ဖြဲ႕ေတြကိုလည္း အမ်ားႀကီး ပို႔ခ်ေပးထားတယ္။ စစ္ေကာင္စီထက္ ကြၽန္ေတာ္တို႔က နယ္‌ေျမကြၽမ္းက်င္ေရးမွာ တဘမ္းသာ ပါတယ္။ ၿပီးေတာ့မွ ဒီတစ္ေခါက္တိုက္ပြဲမွာ အမ်ားႀကီးက်ဆုံးေအာင္ပစ္ခတ္ႏိုင္တယ္ဆိုတဲ့ဟာလည္း ကြၽန္ေတာ္တို႔ရဲ႕ ခ်င္းပူးေပါင္းကာကြယ္ေရးတပ္ဖြဲ႕ဟာဆိုရင္ မိခင္အဖြဲ႕စည္းေတြမွာလည္း တကယ့္ အားကိုးအားထားရတဲ့ အထူးတပ္ဖြဲ႔(Special Force) ျဖစ္တယ္။ ဆိုေတာ့ အထူးတပ္လိုပဲ စိတ္ဓာတ္ပိုင္း မွာေကာ၊ ခႏၶာကိုယ္ႀကံ့ခိုင္မႈပိုင္းမွာေကာ ကြၽန္ေတာ္တို႔ အမ်ားႀကီး သင္တန္း ပို႔ခ်ရပါတယ္။ အဲ့လိုသင္တန္းပို ခ်တဲ့ အခ်ိန္မွာ ကႊၽန္ေတာ္တို႔ဘက္ကေန စိတ္ဓာတ္အရလည္းႏိုင္တယ္၊ နယ္ေျမအရကလည္း အသာရတယ္၊ ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ တိုက္စစ္ပုံစံမ်ိဳးေဖာ္ေဆာင္တဲ့အတြက္ ကြၽန္ေတာ္တို႔ဘက္ကေနလည္း တဘမ္း အသာရတယ္။

ေနာက္တခုကေတာ့ ရာသီဥတုအေျခေနေၾကာင့္လည္း ရန္သူ႔ဘက္က ေလ‌ေၾကာင္းပစ္ကူ မေပးႏိုင္ဘူး‌။ ၈ ရက္လုံးလုံး ကြၽန္ေတာ္တို႔ ေတာက္ေလွ်ာက္ပစ္ေနတဲ့အခ်ိန္မာ စစ္ေကာင္စီ ေလေၾကာင္းက သူတို႔ကို အကူညီမေပးႏိုင္ဘူး။ ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ခ်င္းပူးေပါင္းကာကြယ္တပ္ဖြဲ႕ Special force ေတြတိုက္ေနတဲ့အခ်ိန္မွာ CNDF ကလည္းလာၿပီးေတာ့ ပူးေပါင္းပစ္တယ္၊ CDF-Hakha လည္းပါတယ္၊ CDF-Thantlang လည္းပါတယ္၊ CNA လည္းပါတယ္ ဆိုေတာ့ နီးစပ္ရာရွိတဲ့ ဒီအဖြဲ႕စည္း ေတြကလည္း အမ်ားႀကီး ပစ္ကူတဲ့အတြက္အင္အားအရ လည္း ကြၽန္ေတာ္တို႔မွာ အေတာ္သင့္ ရွိတဲ့အတြက္ေၾကာင့္ ဒီတစ္ေခါက္ ရန္သူ႔စစ္ေၾကာင္းမွာ ေတာ္ေတာ္ေလး အထိအနာတာလည္းျဖစ္ပါတယ္။

ေမး။ ။ ခုဆိုရင္ ဟားခါးၿမိဳ႕ကို စစ္ယာဥ္တန္းမ်ားအျပားဝင္လာတယ္၊ ေတာင္ပိုင္းဘက္မွာဆိုရင္ ပခုကၠဴကေန မင္းတပ္ကို စစ္ယာဥ္တန္းဦးတည္၀င္လာၿပီ။ ဆိုေတာ့ ခ်င္းျပည္နယ္ရဲ႕စစ္ေရးအေျခအေနက ဘယ္လို ဆက္ျဖစ္လာႏိုင္လဲ။

ေျဖ။ ။ အဓိကေတာ့ သူတို႔အေနနင့္ ဒီထက္ပိုတဲ့အင္အားေတြ သုံးလာႏိုင္တဲ့အေျခေနရွိလာႏိုင္ပါတယ္။ အခုလက္ရွိလည္းသုံးေနပါၿပီ၊ ဆိုေတာ့ ဆက္ၿပီးေတာ့လည္း ေတာ္လွန္ေရးအားေကာင္းတဲ့ ခ်င္းျပည္လိုမ်ိဳးကို ဆက္လက္ၿပီး သူတို႔အေနနင့္ ပိုမိုသာလြန္အင္အားကို သုံးဖို႔ရွိတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ဘက္ကေန လည္း အမ်ားႀကီး ျပင္ဆင္ထားတာေတြလည္းရွိတယ္။ ဆိုေတာ့ ခ်င္းျပည္အတြင္းမွာ တိုက္ပြဲက ဒီထက္ ပိုၿပီးေတာ့မွ ေဖာ္ေဆာင္လာႏိုင္ဖို႔လည္းရွိတယ္။ အဓိကေတာ့ ေျမာက္ပိုင္းကေန‌ေရာ အင္အားေတာ္ေတာ္ျဖည့္ လာတာေတြ႕ရတယ္။ ေတာင္ပိုင္းမင္းတပ္ဘက္ကေနကလည္း အင္အားျဖည့္လာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ခ်င္းျပည္မွာ ဒီထက္ပိုတဲ့ တိုက္ပြဲေတြကေတာ့ ေနာက္ထပ္ျဖစ္လာဖြယ္ရွိပါတယ္လို႔ သုံးသပ္ရပါတယ္။

ေမး။ ။ ပလက္၀ကေန စစ္ေကာင္စီ စစ္ေၾကာင္း (၃) ေၾကာင္းနင့္တက္လာတယ္လို႔ၾကားရတယ္။ ဘယ္ကေနဘယ္လိုလာၿပီးေတာ့ ဘယ္ကိုဦးတည္ၿပီးသြားတာလဲ။ ၿပီးေတာ့ လက္ရွိ ဘယ္ကိုေရာက္ေနၿပီးေတာ့ စကစ အင္အားဘယ္ေလာက္ဝန္းက်င္ ခန႔္မွန္ေျခရွိႏိုင္မလဲ။

ေျဖ။ ။ CDF-Paletwa တပ္ရင္း (၁) နင့္ တပ္ရင္း (၃) နယ္ေျမေတြေပါ့အဓိက သူတို႔ဦးတည္ေနတာ၊ ပလက္၀နယ္ေျမခံတပ္ရင္း (၂၈၉) ကေန‌ေရာက္ရွိတာျဖစ္တယ္။ စစ္ေၾကာင္းအရ စစ္ေၾကာင္း (၃) ေၾကာင္းနင့္ လာတယ္ အခုဆိုရင္ ဆမီးေခ်ာင္းရဲ႕ အနီး႐ြာျဖစ္တဲ့ ေစာင္ဝါး႐ြာနင့္ အနီးမွာ သူတို႔ ယာယီစခန္းခ်တယ္။ အဲ့ဒီေနရာကေနၿပီးေတာ့မွ သူတို႔ အေျခေနေစာင့္ၾကည့္ေနတယ္။ ျပည္သူေတြကိုလည္း အတင္းအဓမၼ အစည္း‌ေဝးေခၚယူၿပီးေတာ့မွ စည္း႐ုံးတယ္လို႔လည္း ကြၽန္ေတာ္တို႔ သတင္းၾကားရတယ္။ ၿပီးေတာ့မွ ေနာက္ထပ္စစ္ေၾကာင္းက မီးေခ်ာင္းဘက္ျဖစ္တယ္ အဲ့ဒီမီးေခ်ာင္းဘက္မွာေတာ့ ႐ြာမတို႔ အရင္တုန္းက သူတို႔ စစ္ေကာင္စီက အရပ္သားျပည္သူ ၂၅ ေယာက္ကို ဖမ္းသြားတဲ့ ပမ္းဝ ေက်း႐ြာ အနီးတစ္ဝိုက္ေတြမွာ စစ္ေကာင္စီေတြရဲ႕ ေက်ာင္းဖြင့္ဖို႔လည္ပတ္ ကြင္းဆင္းတယ္။ အဲ့တာေၾကာင့္ သူတို႔အေနနင့္ တပ္ခ်ဖို႔ အစီစဥ္ေတြရွိတယ္လို႔ ကြၽန္ပ္တို႔ၾကားသိရတယ္။

အဲ့ဒီေနရာမွာလည္း ခန႔္မွန္းအရ စစ္ေၾကာင္းတစ္ေၾကာင္းကို အင္အား ၁၀၀ ေက်ာ္တယ္၊ စစ္ေၾကာင္း (၃) ေၾကာင္းဆိုရင္ အင္အား ၃၀၀ ေက်ာ္လို႔ ကြၽန္ေတာ္တို႔ခန႔္မွန္းတယ္။ ထိေတြ႕မႈလည္းရွိလာႏိုင္တယ္။ အဓိကေတာ့ စစ္ေကာင္စီေတြက သူတို႔ရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရားလည္ပတ္ဖို႔ ႀကိဳးစားရင္း တဖက္မွာလည္း ေတာ္လွန္ေရးလုပ္ေနတဲ့ အဖြဲ႕စည္းေတြနဲ႔ ျပည္သူေတြၾကားမွာ ေသြးခြဲေစမယ့္ ဝါဒေတြျဖန႔္တာေတြလည္း လုပ္ေနတယ္လို႔ ကြၽန္ေတာ္တို႔သုံးသပ္ရပါတယ္။

ေမး။ ။ တျခားဘာမ်ားျဖည့္စြက္ေျပာခ်င္တာရွိပါလဲ။

ေျဖ။ ။ ကြၽန္ေတာ္တို႔ CJDC ရဲ႕ အထူးတပ္ဖြဲ႕ Special force လည္း အခုဆိုရင္ သင္တန္း အပတ္စဥ္ (၁) သင္တန္းဆင္းပါၿပီ တိုက္ပြဲကလည္းေဖာ္ေဆာင္ေနပါၿပီ၊ ခ်င္းျပည္တြင္းမွာ တကယ့္သက္ေရာက္မႈရွိတဲ့ အင္အားေတြကိုလည္း တည္ေဆာက္သြားဖို႔ရွိတယ္။ တစ္ဖက္မွာ စစ္ေကာင္စီရဲ႕ ယႏၲရားလည္ပတ္ေနတဲ့ ေနရာေတြမွာလည္း ျပည္သူလူထုေတြအေနနင့္ ပူးေပါင္းပါဝင္မႈမလုပ္ၾကပဲနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ေတာ္လွန္‌ေရးေအာင္ျမင္ေရးကိုပဲ အေလးနက္ထား ယုံၾကည္ၿပီး ေတာ္လွန္ေရးမွာ ပါဝင္ေပးၾကဖို႔လိုပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.