ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က CNDF တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့သည်ဟု CNDF က ထုတ်ပြန်သည်။
စစ်ကားအစီး ၃၀ ပါသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ဖလမ်းမြို့နယ် ထင်းရှုးစခန်းကျေးရွာ အနီးတွင် CNDF တပ်ဖွဲ့က ပစ်ခတ်တိိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNDF ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ယမန်နေ့တွင်လည်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာမှ ဖလမ်းမြို့ဘက်သို့ ခြေလျင်ဖြင့်တပ်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ယာဉ်တန်း ၁၈ စီးကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက် သေဆုံးခဲ့သည်။