Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးအင်အားစု (၄) ဖွဲ့ကို အဖွဲ့ဝင်သစ်များအဖြစ် ချင်းလဲန်းကောင်စီ လက်ခံအတည်ပြု

ချင်းတော်လှန်ရေးအင်အားစု (၄) ဖွဲ့ကို အဖွဲ့ဝင်သစ်များအဖြစ် ချင်းလဲန်းကောင်စီ လက်ခံအတည်ပြု

0
By Editor on June 8, 2024 Headline

(006SV)

ချင်းပြည်နယ်အတွင်း နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် ချင်းတော်လှန်ရေးအင်အားစု (၄) ဖွဲ့ကို အဖွဲ့ဝင်သစ်များအဖြစ် လက်ခံ အတည်ပြုလိုက်ကြောင်း ချင်းလဲန်းကောင်စီက ထုတ်ပြန်သည်။

ဇွန်လ ၅ ရက်မှ ၆ ရက်အထိ ချင်းလုံမြို့တွင် တတိယအကြိမ်မြောက် ချင်းပြည်ကောင်စီ အစည်းအဝေးကို ကျင်းပခဲ့ပြီး Zanniatram People’s Organization၊ Kanpetlet Council၊ Thado Council နှင့် Mindat Council (ယာယီ) စသည့် ၄ ဖွဲ့ကို ကောင်စီအဖွဲ့ဝင်သစ်များအဖြစ် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ချင်းလဲန်းကောင်စီက ဇွန်လ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

ချင်းပြည်ကောင်စီအပါအဝင် မဏ္ဍိုင် ၃ ရပ်ဖြစ်သည့် အစိုးရ၊ လွှတ်တော် နှင့် တရားလွှတ်တော်ချုပ်တို့၏ လုပ်ငန်းအစီရင်ခံစာများအပေါ် အကြံပြုခြင်း၊ စစ်ရေးနှင့် နိုင်ငံရေး သုံးသပ်ခြင်းများနှင့်အတူ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် ရှိသည့် ချင်းပြည်ကို မဏ္ဍိုင် (၃) ရပ်ဖြင့် ဆက်လက်ဖော်ဆောင်သွားမည်ဟု ဆိုသည်။

ကောင်စီအစည်းအဝေးကို ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၉၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကောင်စီနှင့် မဏ္ဍိုင် (၃) ရပ်၏ လုပ်ငန်းယန္တယားများ ဟန်ချက်ညီညီ လည်ပတ်နိုင်ရေး ပံ့ပိုးကူညီခဲ့သော ပြည်တွင်း/ပြည်ပ ချင်းပြည်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း ချင်းလဲန်းကောင်စီက ထုတ်ပြန်သည်။

တွန်းဇံမြို့နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲနှင့် တီးတိန်မြို့တွင်း တိုက်ပွဲများတွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ဘုရားကျောင်း၊ လူနေအိမ်ခြေပေါင်း ၇၀ ကျော်ကို မီးရှို့ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့မှုအပေါ် လုံးဝရှုတ်ချကြောင်း ချင်းလဲန်းကောင်စီက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ် ကျေးရွာ ၄၀ ကျော်က တောင်ယာစိုက်ခင်းများ ပိုးကျမှုကြောင့် သီးနှီးပျက်စီးမှု ပမာဏများပြား

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် CHRO အပါအဝင် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က UNGA ထံ အိပ်ဖွင့်စာပေးပို့

ချင်းအမျိုးသားတက္ကသိုလ် (CNU) က အကြိုကောလိပ်ဒီပလိုမာတန်း ထပ်မံခေါ်ယူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.