Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တောင်ပိုင်းတွင် ဝဥဈေးကောင်းပြန်ရလာသော်လည်း ဂိတ်ကြေးတောင်းခံမှုများလွန်းခြင်းကြောင့် ဝဥကုန်သည်၊ ဝဥစိုက်တောင်သူများ အခက်ကြုံနေ

ချင်းပြည်နယ်တောင်ပိုင်းတွင် ဝဥဈေးကောင်းပြန်ရလာသော်လည်း ဂိတ်ကြေးတောင်းခံမှုများလွန်းခြင်းကြောင့် ဝဥကုန်သည်၊ ဝဥစိုက်တောင်သူများ အခက်ကြုံနေ

0
By Editor on March 6, 2025 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဝဥ ဈေးကောင်းပြန်ရလာသော် လည်း လမ်းခရီးတွင် ဂိတ်ကြေးအခွန်ဆောင်ရမှု များနေသောကြောင့် ဝဥကုန် သည်နှင့် ဝဥ စိုက်တောင်သူများ အခက်ခဲကြုံတွေ့နေကြရသည်ဟု သိရသည်။

မင်းတပ်မြို့က ဝဥစိုက်တောင်သူတဦးက “ဂိတ်ကြေးက ကောက်တာများတယ်။ ဟိုထောက်ခံစာ ဒီ ထောက်ခံစာနဲ့ ဒုက္ခ ရောက်တဲ့သူကရောက်တယ်။ ဘယ်လောက်တင်မယ်ဆိုပြီးတော့ လက်ဖက်ရည်ဖိုးဘာညာ ပေးပြီးတော့ ပြောထား တဲ့သူတွေဆိုရင် အဆင်ပြေတယ်။ ဒီတိုင်းဘာမှ ကြိုမပြောထားပဲနဲ့ ဒီတိုင်းတင်ပို့တဲ့ သူကခက်ခဲတာပေါ့။ အခုက ဝဥက အစိုကမရှိတော့ဘူး။ အားလုံးက အခြောက်ခံနေကြပြီ” ဟု ပြောသည်။

လက်ရှိ ဝဥ အစိုတစ်ပိဿာလျှင် ကျပ်ငွေ ၁၂၀၀ ခန့်ရှိပြီး အရည်အသွေးကောင်းမွန်သည့် ဝဥ အခြောက်တစ်ပိဿာ လျှင် ကျပ်ငွေ ၁၅၀၀၀ အထိ ဈေးမြင့်တက်လာသည်ဟုသိရသည်။ ဝဥကုန်သည်များသည် ကျေးရွာများအထိ ကိုယ် တိုင်လာရောက်ဝယ်ယူနေကြသည့်အတွက် ဝဥဈေး ပြန်ရလာခြင်းဖြစ်သည်ဟုသိရသည်။

မင်းတပ်မြို့နယ်တွင် ဝဥဈေးကောင်းရလာပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်းကြောင့် စားဝတ် နေရေးအခက်အခဲများ ဆက်လက်ပြီး ကြုံနေရကြောင်း မင်းတပ်မြို့က စစ်ဘေး ရှောင် ကူညီပေးနေသူတဦးက ပြောသည်။

“ကုန်ဈေး နှုန်းမြင့်မားမှုပေါ့။ အခုက ဆန် တစ်တင်းဆိုရင် ခုနှစ်သောင်းခွဲ၊ ဒါက သယ်ယူပို့ဆောင်ခ မပါသေးဘူး။ အိမ်အရောက်ဆိုရင် ၁၆ ပြည်အိတ်ကို တသိန်းဝန်းကျင်ရှိတယ်။ ဆန်၊ဆီ၊ ဆား အကုန်လုံးက သုံးဆလောက်ဈေး တက်တယ်။ အရင်တုန်းကတော့ ဝဥခြောက်တပိသာနဲ့ ဆန်တတင်းနဲ့က ဈေးတူညီတယ်။ အခုက ဝဥခြောက် ဆယ်ပိဿာမှ ဆန်တတင်းနဲ့ သွားတူညီနေတယ်။ တောင်ပေါ်ဒေသမှာ စိုက်ပျိုးတဲ့ ဝဥ ဈေးရရင်လည်း ကျ နော်တို့က ဖြတ်ခံရတယ်။ ဒီဝဥတွေကို ရောင်းတဲ့အခါမှာ မန္တလေးမှာ ပေါက်တဲ့ ဈေးလောက် မပေး နိုင်ကြဘူး။ အရင်က ဝဥအခွန်က ဇီရိုးဖြစ်တာကို၊ အဲတော့ မန္တလေးမှာ ပေါက်တဲ့အတိုင်း မင်းတပ်မှာ လည်းရတယ်။ ဂိတ်တွေ အရမ်းများတယ် ဂိတ်တွေတိုင်းကိုလည်း ပေးရတော့ ဝဥကို ဝယ်တဲ့အချိန်မှာ ဈေးတွေ ကောင်းကောင်းမပေးနိုင် ကြဘူး” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းတပ်မြို့နယ်တွင် ဝဥ ဈေးနှုန်းသည် အစိုတစ်ပိဿာ ၆၀၀ ကျပ်နှင့် အခြောက် တစ်ပိဿာ ၅၀၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ရသည်ဟုသိရသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံတောင်သူများသည် ဆတ်နီ၊ ဆတ်ဝါနှင့် ဝဥ စိုက်ပျိုးခြင်းများ အဓိက လုပ်ကိုင် ကြပြီး ဒေသခံအများစုသည်လည်း ဝဥများအား တူးဖော်ခြင်း၊ နေလှန်ခြင်း တို့ဖြင့် နေ့စားလိုက်ကာ ဝင်ငွေရှာဖွေ ရုန်းကန်နေကြရသည်ဟု သိရသည်။

မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝ မြို့နယ်တို့တွင် ဝဥ စိုက်ပျိုးမှုအား အဓိက စီးပွားရေးအဖြစ် လုပ်ကိုင် စိုက်ပျိုးကြပြီး မကွေးတိုင်း၊ ဆောနှင့် ကျောက်ထုမြို့တို့မှ တဆင့် ပခုက္ကူ၊ မန္တလေး၊ ရန်ကုန်မြို့တို့တွင် တင်ပို့ရောင်းချကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.