Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရ ဖွဲ့စည်းခြင်းကို ကြိုဆိုပြီး လက်တွဲပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း KNU နှင့် KNPP ထုတ်ပြန်

ချင်းပြည်အစိုးရ ဖွဲ့စည်းခြင်းကို ကြိုဆိုပြီး လက်တွဲပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း KNU နှင့် KNPP ထုတ်ပြန်

0
By Editor on February 4, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် ချင်းပြည်ကောင်စီ – CC မှ ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းကို ဝမ်းမြောက်စွာကြိုဆိုပြီး လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU နှင့် KNPP တို့က ထုတ်ပြန်သည်။

တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် တောင်းဆိုတိုက်ပွဲဝင်နေသော တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းမှတ်တိုင်းတစ်ခု ထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်သည်။

ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်နိုင်ခြင်းသည် လက်ရှိတော်လှန်ရေး၏ ပြောင်းလဲလာသော အရွေ့တစ်ခုအဖြစ် ထင်ဟပ်စေသည့် ဦးဆောင်စံပြ လုပ်ဆောင်မူအဖြစ် မီးမောင်းထိုးပြသလိုက်ခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။

လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများကို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးစားနေကြသော တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များ၊ အခြားဖက်ဒရယ်ယူနစ်များ၊ ထပ်မံပေါ်ပေါက်လာနိုင်သော ဖက်ဒရယ်ယူနစ်အသစ်များနှင့် အတူတကွ လက်တွဲ၍ ချင်းပြည်အစိုးရအနေဖြင့် ပိုမိုလုပ်ဆောင်နိုင်ပါစေကြောင်း KNU က သဝဏ်လွှာပေးပို့ခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တို့နှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများနှင့်လည်း လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်သည််။

ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ချင်းပြည်လူထု၏ ရေးရာကိစ္စအဝဝကို အကောင်းဆုံး စီမံဆောင်ရွက်နိုင်ပြီး မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း KNPP မှ ကြိုဆိုဂုဏ်ပြုလွှာ ပေးပို့ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.