Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက မတူပီမြို့ အဝင်/အထွက်အားလုံးကို ဆက်ပိတ်ထား၊ အခြေခံစားသုံးကုန်များ ပြတ်လပ်မှုရှိလာ

စစ်ကောင်စီက မတူပီမြို့ အဝင်/အထွက်အားလုံးကို ဆက်ပိတ်ထား၊ အခြေခံစားသုံးကုန်များ ပြတ်လပ်မှုရှိလာ

0
By Editor on October 6, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့၏ အဝင်/အထွက်ဂိတ်အားလုံးကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ထားပြီး ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းမရှိသောကြောင့် အခြေခံစားသုံးကုန်ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် မြို့တွင်းနေပြည်သူများ စားနပ်ရိက္ခာများ စတင်ပြတ်လပ်လာပြီဟု သိရသည်။

“အခုထိတော့ လုံးဝပိတ်နေဆဲပဲ။ လက်ရှိမှာ ကုန်လက်ကျန်တွေနဲ့ စုဆောင်းထားတဲ့ဟာတွေကို ကျွန်တော်တို့စားနေကြတယ်၊ အခုထိတော့မြို့ပြင်လည်းထွက်မရသေးဘူး။ ဒီတစ်ပတ် နောက်အပတ်လောက်ထိ ဆက်ပြီးပိတ်မယ်ဆိုရင်တော့ ဓာတ်ဆီတွေလည်း မြို့ပေါ်မှာ ပြတ်တော့မှာ ကုန်တော့မှာ။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တို့ မြို့အနီး တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က မတူပီမြို့ အဝင်/အထွက်အားလုံးပိတ်ပင်ပြီး ခရီးသွားလာခွင့်၊ ကုန်ပစ္စည်းများသယ်ယူခွင့်များကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့ အဝင်/အထွက်လမ်းမကြီး ၃ ခုဖြစ်သည့် မတူပီ-မင်းတပ်၊ မတူပီ-ဟားခါးနှင့် မတူပီ-ပလက်ဝမြို့သို့ ဆက်သွယ်ထားသော ကားလမ်းမကြီးများတွင် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များထားရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သူမျှ ဖြတ်သန်းသွားလာခွင့်မပြုခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့ပတ်ပတ်လည်တွင်လည်း တပ်ချထားသည့်အပြင် မြို့ပြင်တွင် အလံနီများကိုလည်း စိုက်ထားသည်ဟု သိရသည်။

“မြို့ပတ်ပတ်လည်မှာ သူတို့ အကုန်လုံးဝိုင်းထားတယ် အလံနီတွေစိုက်ထားပြီးတော့ မြို့ပတ်ပတ်လည်ကို လုံခြုံရေးယူထားတယ် စကစတွေက၊ လက်နက်ကြီးပစ်ခတ်တာတို့ကတော့ နေ့တိုင်းရှိတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သည် ပထဝီအနေအထားသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ချင်းပြည်နယ်တွင် အချက်အချာကျသည့်မြို့ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဗျူဟာအခြေစိုက်ရာမြို့နှင့် စစ်ကောင်စီတပ်ရင်း ၂ ခု အခြေစိုက်ထားသည့်မြို့ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် စက်တင်ဘာလ ၁၉ ၊ ၂၄ ၊ ၂၅ ၊ ၂၇ နှင့် ၂၉ ရက်နေတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.