• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ရွေးကော်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ တက်မတက် ချင်းနှစ်ပါတီ ယတိပြတ် မပြောနိုင်သေး

စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ရွေးကော်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ တက်မတက် ချင်းနှစ်ပါတီ ယတိပြတ် မပြောနိုင်သေး

0
By Editor on February 24, 2021 Khonumthung
#Unicode
By Benezer – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ တက် မတက်ကို ချင်းနိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) တို့ ယတိပြတ်မပြောနိုင်သေးကြောင်းသိရသည်။
CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ကျနော်တို့ဆီကို ဖိတ်စာတော့ ရောက်ပြီးပြီ၊ တက်ဖို့ မတက်ဖို့ မဆွေးနွေးရသေးဘူး”ဟု ပြောသည်။
ယခုရွေးကောက်ပွဲကောက်မရှင်မှ ကျင်းပမည့်ပွဲမှာ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ဦးသိန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံရန် ကမ်းလှမ်းမှုလည်းပြီး ဖေဖော်ဝါရီ လ ၂၆ရက်နေ့မှာ နေပြည်တော်မှာ လာရောက်နိုင်ခြင်းရှိမရှိ တည်းခိုရေးစီစဉ်နိုင်ရန် ကြိုတင်စာရင်းပေးကြရန် ကော်မရှင်မှ ထုတ်ပြန်ထားကြောင်းသိရသည်။
ZCD ပါတီအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က “ကျနော်တို့ပါတီကိုတော့ ဖိတ်စာတော့မရောက်သေးဘူး၊ ဒါပေမယ့် ဥက္ကဌ ကတော့ တက်ဖို့ မှာထားတာတော့ရှိတယ်၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတစ်ခုအနေနဲ့ ရွေးကော်က ဖိတ်တာဖြစ်တဲ့အတွက် ဒီပွဲက တက်သင့်တယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
CNLD ပါတီ နှင့် ZCD ပါတီကို အာဏာသိမ်း စစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်ထောင်စုနှင့် ပြည်နယ် မံအုပ်ချုပ်ရေး ကောင်စီတွင်ပါ၀င်ရန် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ကြသည်။
#Zawgyi
By Benezer – အာဏာသိမ္းစစ္ေကာင္စီမွ ျပန္လည္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ နိုင္ငံေရးပါတီမ်ား ေတြ႕ဆုံေဆြးေႏြးပြဲ တက္ မတက္ကို ခ်င္းနိုင္ငံေရးပါတီ ႏွစ္ခုျဖစ္သည့္ ခ်င္းအမ်ိဴးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(CNLD) ႏွင့္ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္(ZCD) တို႔ ယတိျပတ္မေျပာနိုင္ေသးေၾကာင္းသိရသည္။
CNLD ပါတီအေထြေထြအတြင္းေရးမႉး ဆလိုင္းက်ဲအိုဘိခ္ေထာင္က “က်ေနာ္တို႔ဆီကို ဖိတ္စာေတာ့ ေရာက္ၿပီးၿပီ၊ တက္ဖို႔ မတက္ဖို႔ မေဆြးေႏြးရေသးဘူး”ဟု ေျပာသည္။
ယခုေရြးေကာက္ပြဲေကာက္မရွင္မွ က်င္းပမည့္ပြဲမွာ စစ္ေကာင္စီမွ ခန႔္အပ္ထားသည့္ ဦးသိန္းစိုး ဦးေဆာင္သည့္ ေရြးေကာက္ပြဲေကာ္မရွင္၏ နိုင္ငံေရးပါတီမ်ားနဲ႔ ပထမဆုံး အႀကိမ္ ေတြ႕ဆုံရန္ ကမ္းလွမ္းမႈလည္းၿပီး ေဖေဖာ္ဝါရီ လ ၂၆ရက္ေန႔မွာ ေနျပည္ေတာ္မွာ လာေရာက္နိုင္ျခင္းရွိမရွိ တည္းခိုေရးစီစဥ္နိုင္ရန္ ႀကိဳတင္စာရင္းေပးၾကရန္ ေကာ္မရွင္မွ ထုတ္ျပန္ထားေၾကာင္းသိရသည္။
ZCD ပါတီအတြင္းေရးမႉး ဦးဂင္ကမ္းလ်န္က “က်ေနာ္တို႔ပါတီကိုေတာ့ ဖိတ္စာေတာ့မေရာက္ေသးဘူး၊ ဒါေပမယ့္ ဥကၠဌ ကေတာ့ တက္ဖို႔ မွာထားတာေတာ့ရွိတယ္၊ တရားဝင္မွတ္ပုံတင္ထားတဲ့ ပါတီတစ္ခုအေနနဲ႔ ေရြးေကာ္က ဖိတ္တာျဖစ္တဲ့အတြက္ ဒီပြဲက တက္သင့္တယ္လို႔ က်ေနာ္ျမင္ပါတယ္” ဟု ေျပာသည္။
CNLD ပါတီ ႏွင့္ ZCD ပါတီကို အာဏာသိမ္း စစ္ေကာင္စီမွဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ မံအုပ္ခ်ဳပ္ေရး ေကာင္စီတြင္ပါ၀င္ရန္ ကမ္းလွမ္းမႈမ်ားရွိခဲ့ေသာ္လည္း ျငင္းပယ္ခဲ့ၾကသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.