Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ရွေးကော်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ တက်မတက် ချင်းနှစ်ပါတီ ယတိပြတ် မပြောနိုင်သေး

စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ရွေးကော်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ တက်မတက် ချင်းနှစ်ပါတီ ယတိပြတ် မပြောနိုင်သေး

0
By Editor on February 24, 2021 Khonumthung
#Unicode
By Benezer – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ တက် မတက်ကို ချင်းနိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) တို့ ယတိပြတ်မပြောနိုင်သေးကြောင်းသိရသည်။
CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ကျနော်တို့ဆီကို ဖိတ်စာတော့ ရောက်ပြီးပြီ၊ တက်ဖို့ မတက်ဖို့ မဆွေးနွေးရသေးဘူး”ဟု ပြောသည်။
ယခုရွေးကောက်ပွဲကောက်မရှင်မှ ကျင်းပမည့်ပွဲမှာ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ဦးသိန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံရန် ကမ်းလှမ်းမှုလည်းပြီး ဖေဖော်ဝါရီ လ ၂၆ရက်နေ့မှာ နေပြည်တော်မှာ လာရောက်နိုင်ခြင်းရှိမရှိ တည်းခိုရေးစီစဉ်နိုင်ရန် ကြိုတင်စာရင်းပေးကြရန် ကော်မရှင်မှ ထုတ်ပြန်ထားကြောင်းသိရသည်။
ZCD ပါတီအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က “ကျနော်တို့ပါတီကိုတော့ ဖိတ်စာတော့မရောက်သေးဘူး၊ ဒါပေမယ့် ဥက္ကဌ ကတော့ တက်ဖို့ မှာထားတာတော့ရှိတယ်၊ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတစ်ခုအနေနဲ့ ရွေးကော်က ဖိတ်တာဖြစ်တဲ့အတွက် ဒီပွဲက တက်သင့်တယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
CNLD ပါတီ နှင့် ZCD ပါတီကို အာဏာသိမ်း စစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်ထောင်စုနှင့် ပြည်နယ် မံအုပ်ချုပ်ရေး ကောင်စီတွင်ပါ၀င်ရန် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ကြသည်။
#Zawgyi
By Benezer – အာဏာသိမ္းစစ္ေကာင္စီမွ ျပန္လည္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ နိုင္ငံေရးပါတီမ်ား ေတြ႕ဆုံေဆြးေႏြးပြဲ တက္ မတက္ကို ခ်င္းနိုင္ငံေရးပါတီ ႏွစ္ခုျဖစ္သည့္ ခ်င္းအမ်ိဴးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(CNLD) ႏွင့္ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္(ZCD) တို႔ ယတိျပတ္မေျပာနိုင္ေသးေၾကာင္းသိရသည္။
CNLD ပါတီအေထြေထြအတြင္းေရးမႉး ဆလိုင္းက်ဲအိုဘိခ္ေထာင္က “က်ေနာ္တို႔ဆီကို ဖိတ္စာေတာ့ ေရာက္ၿပီးၿပီ၊ တက္ဖို႔ မတက္ဖို႔ မေဆြးေႏြးရေသးဘူး”ဟု ေျပာသည္။
ယခုေရြးေကာက္ပြဲေကာက္မရွင္မွ က်င္းပမည့္ပြဲမွာ စစ္ေကာင္စီမွ ခန႔္အပ္ထားသည့္ ဦးသိန္းစိုး ဦးေဆာင္သည့္ ေရြးေကာက္ပြဲေကာ္မရွင္၏ နိုင္ငံေရးပါတီမ်ားနဲ႔ ပထမဆုံး အႀကိမ္ ေတြ႕ဆုံရန္ ကမ္းလွမ္းမႈလည္းၿပီး ေဖေဖာ္ဝါရီ လ ၂၆ရက္ေန႔မွာ ေနျပည္ေတာ္မွာ လာေရာက္နိုင္ျခင္းရွိမရွိ တည္းခိုေရးစီစဥ္နိုင္ရန္ ႀကိဳတင္စာရင္းေပးၾကရန္ ေကာ္မရွင္မွ ထုတ္ျပန္ထားေၾကာင္းသိရသည္။
ZCD ပါတီအတြင္းေရးမႉး ဦးဂင္ကမ္းလ်န္က “က်ေနာ္တို႔ပါတီကိုေတာ့ ဖိတ္စာေတာ့မေရာက္ေသးဘူး၊ ဒါေပမယ့္ ဥကၠဌ ကေတာ့ တက္ဖို႔ မွာထားတာေတာ့ရွိတယ္၊ တရားဝင္မွတ္ပုံတင္ထားတဲ့ ပါတီတစ္ခုအေနနဲ႔ ေရြးေကာ္က ဖိတ္တာျဖစ္တဲ့အတြက္ ဒီပြဲက တက္သင့္တယ္လို႔ က်ေနာ္ျမင္ပါတယ္” ဟု ေျပာသည္။
CNLD ပါတီ ႏွင့္ ZCD ပါတီကို အာဏာသိမ္း စစ္ေကာင္စီမွဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ မံအုပ္ခ်ဳပ္ေရး ေကာင္စီတြင္ပါ၀င္ရန္ ကမ္းလွမ္းမႈမ်ားရွိခဲ့ေသာ္လည္း ျငင္းပယ္ခဲ့ၾကသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.