Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့တွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးထပ်မံသေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့တွင် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးထပ်မံသေဆုံး

0
By Editor on April 17, 2023 Headline

ချင်းပြည်နယ် မင်းတပ်မြို့နယ်တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာကြောင့် ထပ်မံသေဆုံးခဲ့ရပြီး သေဆုံးဦးရေ ၃ ဦးထိရှိလာပြီဖြစ်သည်။

ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီနှင့် ၄ နာရီကြားတွင် ပန်းပါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ၆ ကြိမ် တိုက်ခိုက်ကာ ဗုံး ၁၇ လုံးကြဲချခဲ့ပြီး အသက် ၄ နှစ်အောက် ကလေးငယ်တစ်ဦးနှင့် အသက် ၇၀ အရွယ် အမျိူးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင့် လူနေအိမ် ၂ လုံးမီးလောင်ပြီး လူနေအိမ် ၉ လုံး ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများထဲမှ အဆိုပါအမျိုးသမီးသည် ပြင်းထန်ဒဏ်ရာကြောင့် ၁၆ ရက်နေ့ညတွင် ထပ်မံသေဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်ကော်ငစီတပ်ဖွဲ့သည်မင်းတပ်မြို့နယ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်) ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည့်အတွက် ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများတူးထားကြရန် ဧပြီလ ၁၄ ရက်နေ့က CDF-Mindat က ထုတ်ပြန်ခဲ့သေးသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာနေပြီး ပြီးခဲ့သည့်မတ်လ ၃၀ ရက်နေ့ ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာနှင့် ဧပြီလ ၁၀ ရက်နေ့က ဖလမ်းမြို့နယ် ဝေဘူလကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.