Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

0
By Editor on September 23, 2025 Khonumthung

(006SV)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာတွင် ရောက်ရှိနေသော စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင် တပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ကလေးခရိုင်အမှတ် ၄ တပ်ရင်းက ဒရုန်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်က စစ်ကော်မရှင်တပ် ဦးစီးသော ကသည်းတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဗိုလ် ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင် တပ်စိတ် ၁ စိတ် သေဆုံးခဲ့သည့်အပြင် ဗိုလ်မှူး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ယနေ့ စက်တင်ဘာလ ၂၃ ရက်မှာ ကြေညာသည်။

နန်းစောင်းပုရွာကို စက်တင်ဘာလ ၅ ရက်က စတင် ထိုးစစ်ဆင် ဝင်ရောက်လာသော စစ်ကြောင်းတွင် အကြပ်လောင်းများဟူ၍ ယူဆရသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၆၀ ခန့် ရှိပြီး ထိခိုက်ကျဆုံးမှု များ၍ နောက်တန်းပြန်ပို့ထားသည်ကို သိရှိ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

ကလေးမြို့ရှိ အမှတ် ၁၀ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက – ၁၀) တွင်လည်း ကသည်းလက်နက် ကိုင်တပ်မှ ဗိုလ်ကြီး ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၃၀ ခန့် အရာရှိ သင်တန်း တက်ရောက်နေသည်ဟု သိရသည်။

ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ကလေးမြို့သို့ ဩဂုတ်လက စတင်ရောက် လာခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့နယ်တွင် ယခင်က တော်လှန်ရေးတပ်ဖွဲ့များကို မကြာခဏ တိုက်ခိုက်သော ကသည်းလက်နက်ကိုင် တပ်ဖွဲ့သည် ယခု ကလေးမြို့သို့ ရွှေ့ပြောင်းသည်ဟု ယူဆရကြောင်း အမှတ် -၁ စစ်ဒေသထံမှ သိရသည်။

တမူးခရိုင်အတွင်းရှိ ကသည်းလက်နက်ကိုင် တပ်ဖွဲ့များမှာ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro) ၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ဖြစ်ပြီး ပူးပေါင်းအင်အား (၅၀၀) ကျော်ရှိသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ ကသည်းလက်နက်ကိုင်တပ်များသည် ဆယ်စုနှစ် တစ်စုကျော်ကြာ တမူးခရိုင်၊ ဟဲဇင်းရွာအတွင်း စတင်ဝင်ရောက်နေထိုင်ပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားသည်ဟု အမှတ် – ၁ စစ်ဒေသ ထုတ်ပြန်ချက်အရ သိရသည်။

ကသည်းလက်နက်ကိုင် တပ်ဖွဲ့များအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ (NSCN – K) လည်း တမူးနှင့် ခန္တီးခရိုင်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်း၍ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။

ယခုနှစ်အတွင်း အိန္ဒိယ စစ်တပ်၏ စစ်ဦးစီးချုပ် နှင့် စစ်ကော်မရှင်တပ် အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ – ၁) မှူးတို့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းလေ့ကျင်ခြင်း၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်းများ နှင့် ဒရုန်းပစ္စည်းများ ထောက်ပံ့ခြင်းများ ပြုလုပ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.