Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်များအတွက် မီဇိုရမ်မှာ UNICEF ရုံးဖွင့်လှစ်ရန် မီဇိုရမ်လွှတ်တော်အမတ် တောင်းဆို

စစ်ဘေးရှောင်များအတွက် မီဇိုရမ်မှာ UNICEF ရုံးဖွင့်လှစ်ရန် မီဇိုရမ်လွှတ်တော်အမတ် တောင်းဆို

0
By Editor on October 29, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များ ကူညီဆောင်ရွက်နိုင်ရေးအတွက် UNICEF ရုံးဖွင့်လှစ်နိုင်ပေးရန် မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena ကတောင်းဆိုသည်။

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်မှာကျင်းပသော ချင်းနှစ်သစ်ကူးပွဲတော်မှာ ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ခဲ့ပြီးနောက် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အချိန်မှာ လွှတ်တော်အမတ်က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ်သည် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရအဖွဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အရာရှိ Erin Kimsey ကို သွားရောက်တွေ့ဆုံခဲ့ပြီး မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးဖွင့်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်အမြောက်အများ လာရောက်ခိုလုံသည့်ပြည်နယ်ဖြစ်ပြီး စစ်ဘေးရှောင်များထဲတွင် ကလေးငယ်အများအပြား ပါဝင်ကြောင်း၊ ထိုကလေးငယ်များသည် ကောင်းမွန်သော ပညာရေး၊ ကျန်းမာရေး၊ အစားအသောက်များ၊ အဝတ်အထည်များနှင့် နေရာထိုင်ခင်များလိုအပ်လျှက်ရှိသည်ဟု မီဇိုရမ်လွှတ်တော်အမတ်က တင်ပြခဲ့သည်။

၎င်းတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မီဇိုရမ်ပြည်အစိုးရအနေဖြင့် အခက်အခဲများစွာရှိနေသည့်အတွက် UNICEF ရုံးခန်းကို မီဇိုရမ်ပြည်နယ်တွင် အမြန်ဆုံးဖွင့်လှစ်နိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ Erin Kimsey ကလည်း မီဇိုရမ်ပြည်အထက်လွှတ်တော်အမတ်၏ တင်ပြတောင်းဆိုမှုအပေါ် အလေးအနက်ထားပြီး ကူညီဆောင်ရွက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲ တွင် Chin Association of Maryland ခေါင်းဆောင်များဖြစ်သည့် Pu Zo Tum Hmung နှင့် သိက္ခာတော်ရ Rev. Tim Sienna တို့လည်း လိုက်ပါခဲ့ကြသည်ဟု သိရသည်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျောင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂၀၀၀ ကျော်နှင့် မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် တစ်သောင်းနီးပါးခန့် ခိုလှုံလျက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.