Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်များအတွက် မီဇိုရမ်မှာ UNICEF ရုံးဖွင့်လှစ်ရန် မီဇိုရမ်လွှတ်တော်အမတ် တောင်းဆို

စစ်ဘေးရှောင်များအတွက် မီဇိုရမ်မှာ UNICEF ရုံးဖွင့်လှစ်ရန် မီဇိုရမ်လွှတ်တော်အမတ် တောင်းဆို

0
By Editor on October 29, 2024 Headline

(005MK)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များ ကူညီဆောင်ရွက်နိုင်ရေးအတွက် UNICEF ရုံးဖွင့်လှစ်နိုင်ပေးရန် မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena ကတောင်းဆိုသည်။

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်မှာကျင်းပသော ချင်းနှစ်သစ်ကူးပွဲတော်မှာ ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ခဲ့ပြီးနောက် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အချိန်မှာ လွှတ်တော်အမတ်က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ်သည် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရအဖွဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အရာရှိ Erin Kimsey ကို သွားရောက်တွေ့ဆုံခဲ့ပြီး မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးဖွင့်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်အမြောက်အများ လာရောက်ခိုလုံသည့်ပြည်နယ်ဖြစ်ပြီး စစ်ဘေးရှောင်များထဲတွင် ကလေးငယ်အများအပြား ပါဝင်ကြောင်း၊ ထိုကလေးငယ်များသည် ကောင်းမွန်သော ပညာရေး၊ ကျန်းမာရေး၊ အစားအသောက်များ၊ အဝတ်အထည်များနှင့် နေရာထိုင်ခင်များလိုအပ်လျှက်ရှိသည်ဟု မီဇိုရမ်လွှတ်တော်အမတ်က တင်ပြခဲ့သည်။

၎င်းတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မီဇိုရမ်ပြည်အစိုးရအနေဖြင့် အခက်အခဲများစွာရှိနေသည့်အတွက် UNICEF ရုံးခန်းကို မီဇိုရမ်ပြည်နယ်တွင် အမြန်ဆုံးဖွင့်လှစ်နိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ Erin Kimsey ကလည်း မီဇိုရမ်ပြည်အထက်လွှတ်တော်အမတ်၏ တင်ပြတောင်းဆိုမှုအပေါ် အလေးအနက်ထားပြီး ကူညီဆောင်ရွက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲ တွင် Chin Association of Maryland ခေါင်းဆောင်များဖြစ်သည့် Pu Zo Tum Hmung နှင့် သိက္ခာတော်ရ Rev. Tim Sienna တို့လည်း လိုက်ပါခဲ့ကြသည်ဟု သိရသည်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျောင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂၀၀၀ ကျော်နှင့် မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် တစ်သောင်းနီးပါးခန့် ခိုလှုံလျက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.