Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံး၀င်သော မကွေးက ချင်းလူမျိုးများ ပူးပေါင်းလာကြရန် ACDF ဖိတ်ခေါ်

စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံး၀င်သော မကွေးက ချင်းလူမျိုးများ ပူးပေါင်းလာကြရန် ACDF ဖိတ်ခေါ်

0
By Editor on March 19, 2024 Khonumthung

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ချင်းလူများနေထိုင်သောကျေးရွာများတွင် စစ်ကောင်စီက စစ်မှုထမ်းရန်ဆင့်ခေါ်သည့် လူစာရင်း များကောက်ခံနေပြီး စာရင်းသွင်းခံရသည့်ချင်းလူငယ်များအနေဖြင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပူးပေါင်းလာကြရန် ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ချင်းလူမျိုးတွေ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အရှိုချင်းလူမျိုးတွေ စကစရဲ့ စစ်မှုထမ်းရမှာကို သွားမယ့်အစား ကျနော်တို့ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့ ကို ပူးပေါင်းလာဖို့ ကမ်းလှမ်းချင်တယ်။ ကြိုဆိုချင်တယ်။ စစ်ကေင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ထွက် လာတဲ့အချိန်မှာ ကျနော်တို့ အချင်းချင်း ပြန်ပစ်ရမယ့်အနေအထား ဖြစ်နေတော့ အဲဒီတော့ စစ်ကောင်စီနဲ့ ပူးပေါင်းမလား၊ တော် လှန်ရေးအဖွဲ့အစည်းထဲကို လာမလားဆိုတာကို ကိုယ်တိုင်းဆုံးဖြတ်ကြပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ငဖဲမြို့နယ်အတွင်းရှိ ချင်းရွာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ချင်းရွာကြီးများကို တစ်ရွာဝင် တစ်ရွာထွက်၍ စစ်မှုထမ်းဆင့်ခေါ်ရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို စာရင်းကောက်သွားပြီးဖြစ်ကြောင်း သိရသည်။

ယင်း စစ်မှုထမ်းစာရင်းကောက်ခံရာတွင် ကျေးရွာထဲက အမျိုးသားများအားလုံးကို တန်းစီးခိုင်း၍ ဒူးထောက်၊ လက်မြောက်ခိုင်းထားပြီး မော့ကြည့်မိသော ချင်းလူငယ်တစ်ဦးမှာ ရိုက်နှက်ခံရကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်း ချင်းရွာ အုပ်စု (၁၀) အုပ်စု ရှိပြီး ကျေးရွာကြီး၊ ကျေးရွာငယ်ပေါင်း (၁၀၀) ကျော်ရှိကြောင်း၊ ယင်းရွာထဲမှ ရွာကြီးများကို ဦးတည်ထား၍ စစ်မှုထမ်းစာရင်းကောက်ခံခြင်းဖြစ်ကာ တစ်ရွာကို ၁၀ ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး တစ်ရွာကို ၁၀ ဦး မပေးနိုင်ပါက မဲနှိုက်ရွေးချယ်၍ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ပဒါန်းမြို့၊ ဂုတ်ကြီးကျေးရွာက ချင်းအမျိုးသား ၁၀ ဦးကို ပြည်သူ့စစ်သင်တန်းတက်ရောက်ခိုင်းရန် ငဖဲမြို့၊ တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) သည်အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၅) အတွက် စစ်မှုထမ်းရန် ခေါ်ယူထားပြီး လတ်တလောတွင် အရှိုချင်းလူငယ်အများအပြား ဝင်ရောက်လာကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအမျိုးသားတက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေ

တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.