Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ရေးအကူအညီတောင်းခံခြင်းမရှိဘဲ နယ်မြေဖြတ်ကျော် စစ်ရေးဖော်ဆောင်မှုများမပြုရန် စီးယင်းရေးရာဗဟိုကော်မတီ CCSA က သဘောထားထုတ်ပြန်

စစ်ရေးအကူအညီတောင်းခံခြင်းမရှိဘဲ နယ်မြေဖြတ်ကျော် စစ်ရေးဖော်ဆောင်မှုများမပြုရန် စီးယင်းရေးရာဗဟိုကော်မတီ CCSA က သဘောထားထုတ်ပြန်

0
By Editor on April 22, 2024 Headline

(004SS)

ချင်းပြည်နယ်ရှိ ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအကြား စည်းလုံးညီညွှတ်မှု မထိခိုက်စေရန် နယ်မြေခံ ကာ ကွယ်ရေးအဖွဲ့၏ အကူအညီတောင်းခံခြင်း၊ သဘောထားတူညီမှု တစ်စုံတစ်ရာမရှိဘဲ နယ်မြေဖြတ်ကျော် စစ်ရေးဖော် ဆောင်မှုများမပြုရန် စီးယင်းရေးရာဗဟိုကော်မတီ CCSA က ဧပြီလ ၂၁ ရက်နေ့က သဘောထားထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ZFU/PDF-Zoland ထိန်းချုပ်နယ်မြေ တီးတိန်မြို့ပေါ်တွင် ချင်းအမျိုးသားတပ်ဦီး CNF က တိုက်ပွဲဖော်ဆောင်ရန်ပြင်ဆင်နေမှုကို PDF-Zoland က ကန့်ကွက်ကြောင်း CNF ထံပေးပို့သည့်ပေးစာ တစ်စောင် ဧပြီလ ၁၇ ရက်ကအွန်လိုင်းပေါ်ထွက်လာသည့်နောက်ပိုင်းတွင် စီးယင်းရေးရာဗဟိုကော်မတီကလည်း ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် မြို့နယ်ဒေသတစ်ခု၏ စစ်ရေးအကူအညီတောင်းဆိုခြင်းမရှိဘဲ အခြားဒေသမှ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ကာ နယ်မြေဖြတ်ကျော်စစ်ရေးဖော်ဆောင်မှုသည် နွေဦးတော်လှန်ရေးနှင့် ချင်းတမျိုးသားလုံးစည်းလုံးညီညွတ် ရေးအတွက် ကောင်းကျိုးထက်ဆိုးကျိုးများစေမည်ဟုသုံးသပ်သည့်အတွက် နယ်မြေဖြတ်ကျော်စစ်ဆင်ရေးဖော်ဆောင်မှုအား မပြုလုပ်အပ်ကြောင်း CCSA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စီးယင်းရေးရာဗဟိုကော်မတီ CCSA တွဲဖက်အတွင်းရေးမှူးက “အဓိကပြောချင်တာတော့ တီးတိန်ကိစ္စပေါ့နော်၊ တာဝန်ခံ ထားတာက PDF-Zoland ပေါ့၊ သူတို့ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ ကျွန်တော်တို့ Chinland Council ကနေ သွားတိုက်မယ်၊ သိမ်းမယ်ပြောတဲ့အခါကျတော့ နယ်မြေခံတွေက သဘောမတူဘဲနဲ့ ဇွတ်လုပ်တယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေး သမားအချင်းချင်း ပြဿနာတက်သွားနိုင်တယ်။ ကျွန်တော်တို့က ချင်းတစ်မျိုးသားလုံး စည်းလုံးဖို့ အဓိက ဦးတည်တား တဲ့အတွက် အဲဒါကိုမလိုလားဘူးပေါ့နော်၊ ပြီးရင် ညှိညှိနှိုင်းနှိုင်းဆွေးနွေးပြီးမှ အတူတကွ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ သဘောတူတယ်။ အခုက အဲပေါ်မှာ အကုန်လုံးညှိနှိုင်းမှု မရှိသေးဘဲနဲ့ တဇွတ်ထိုးတိုက်ထုတ်မယ်ဆိုတာတော့ ကျွန်တော်တို့လက်မခံနိုင်ပါဘူး။ ဒါကြောင့်ထုတ်ပြန်ရတာပေါ့နော်” ဟု ပြောသည်။

စီးယင်းရေးရာဗဟိုကော်မတီ CCSA သည် CDF-CDM Siyin တပ်ဖွဲ့၏ နိုင်ငံရေးဦးဆောင်ကော်မတီအဖွဲ့ဖြစ်ပြီး ၎င်းတို့သည် ချင်းလဲန်းကောင်စီအဖွဲ့တွင် ပါဝင်သော ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ဘုံရန်သူကို အောင်မြင်စွာတိုက်ခိုက်နိုင်ရေးအတွက် စည်းလုံးညီညွတ်ရေးနှင့်စုစည်းအင်အားကိုအဆုံးစွန်အသုံးပြုရန် အရေးကြီးသည့်အလျှောက်စစ်ရေးတွင်လိုက်နာရမည့်ဥပဒေသ၊ စောင့်ထိန်းရမည့် စည်းကမ်းနိယာမ ကျင့်ဝတ်များကို မလွဲမသွေလိုက်နာရန်လိုအပ်ကြောင်း CCSA ကဆိုသည်။

သို့ဖြစ်၍ ချင်းလူမျိုးများနှင့်ချင်းပြည်နယ်အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲစေမည့် အပြုအမူဆောင်ရွက်ချက်များအား အလျဉ်းမပြုပဲရှောင်ရှားရမည်ဟု စီးယင်းရေးရာဗဟိုကော်မတီကပြောဆိုထားပါသည်။

CCSA/CDF-CDM Siyin တပ်ဖွဲ့သည့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်းရှိ စီးယင်းနယ်မြေဒေသအတွင်း စစ်ရေးလှုပ်ရှားနေသည့်အဖွဲ့ ဖြစ်သည်။

စီးယင်းဒေသရှိ စစ်ရေးနှင့် စီးပွားရေးအရ အချက်အချာကျသော ကလေး-တီးတိန်ကားလမ်းမပေါ်က စစ်ကောင်စီတပ်ဖွဲ့၏ သိုင်းငင်းတပ်စခန်းကိုလည်း ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က CDF-CDM Siyin နှင့်အတူ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.