Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”
ပုံစာ - ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းကို သိမ်းပိုက်အပြီး တွေ့မြင်ရသည့် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီ

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

0
By Editor on April 11, 2025 Featured

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီ နှင့် ဆက်သွယ်မေးမြန်းချက်

(006SV)

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးကာလ ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ ချင်းညီနောင်အဖွဲ့က ကြေညာပါတယ်။

နှစ်ဖက်လုံးအတွက် စစ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး မဟာဗျူဟာကျတဲ့ မြို့ဖြစ်တဲ့ ဖလမ်းမြို့တိုက်ပွဲမှာ စစ်ကောင်စီဟာ ဖလမ်းမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကူအင်အားတွေ ထပ်တလဲလဲ ဖြည့်တင်းပြီး လေကြောင်းပစ်ကူအကြိမ် ၁၀၀၀ ကျော်နဲ့ ခုခံခဲ့ပါတယ်။

တဖက်မှာလည်း ချင်းညီနောင်နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေဟာ တိုက်ပွဲ ၅ လတာအတွင်း အခက်အခဲ၊ စိန်ခေါ်မှု ပေါင်းစုံနဲ့အတူ စစ်ကူအင်အားတွေ ထပ်မံဖြည့်တင်းပြီး တရပ်စပ် ဖိအားပေး တိုက်ခိုက်နေခဲ့ကာ နောက်ဆုံးမှာ အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်။

ချင်းတော်လှန်ရေးအင်အားစုတွေ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခြင်းဟာ နွေဦးတော်လှန်ရေးကာလ ၄ နှစ်ကျော်ရှိလာချိန်မှာ ချင်းပြည်နယ်တခုလုံး စစ်ကောင်စီ ကင်းစင်ရေးအတွက် အချိုးအကွေးတခု ဖြစ်လာခဲ့ပါပြီ။

၂၀၂၅ ခုနှစ်မှာ ချင်းပြည်နယ်တခုလုံး စစ်ကောင်စီ ကင်းစင်ရေး ရည်မှန်းထားကြတဲ့ ချင်းတော်လှန်ရေး အင်အားစုတွေထဲက ဖလမ်းမြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တဲ့ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဖလမ်းမြို့ သိမ်းစစ်ဆင်းရေးရဲ့ အောင်မြင်မှုနဲ့ ရှေ့ဆက်ဖော်ဆောင်မယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး – ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်အကျဉ်းကို အရင်ပြောပြပေးပါ။

ဖြေ – ဖလမ်းမြို့စစ်ဆင်ရေးက ၂၀၂၄ နိုဝင်ဘာလ ၉ ရက်က စစ်ဆင်ရေးကို စတင်ခဲ့တာပါ။ သိမ်းတာက ၂၀၂၅ ဧပြီလ ၇ ရက်မှာ အပြီးပိုင် သိမ်းပိုက်ရရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၄ မှာ စတင်ပြီးတော့ အဲဒီလအတွင်းမှာပဲ မြို့ထဲမှာ ရှိတဲ့ ရဲစခန်းနဲ့ တခြားသော စကစ စခန်းတည်ရှိတဲ့ နေရာတွေ သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲလိုနဲ့ပဲ ကျန်ရှိနေတဲ့ ခလရ – ၂၆၈ ကို ကျနော်တို့ ဝိုင်းပြီးတော့ စစ်ဆင်ရေး လုပ်နေတဲ့အချိန်မှာ ၂၀၂၄ ဒီဇင်ဘာလမှာ တကြိမ်၊ စစ်ကူအင်အား ၁၀၀ လောက် ချထားပါတယ်။ နောက် ၂၀၂၅ ဇန်နဝါရီလမှာ တကြိမ် ၊ မတ်လမှာ ၂ကြိမ် အဲလို စကစ ဘက်က တပ်ကူအင်အား ၂၀၀ ကျော်ကို ခလရ – ၂၆၈ ကို စစ်ကူပေးတဲ့ အခြေအနေမှာ ရှိတယ်။

လေကြောင်းအနေနဲ့ ကျတော့ ဂျက်ဖိုက်တာရယ်၊ Y- 12 ရယ်နဲ့ တော်တော်လေးကို ဖလမ်းမြို့ ခလရ – ၂၆၈ ကို ခုခံကာကွယ်တဲ့ အခြေအနေမှာ ရှိပါတယ်။ အကြိမ်ပေါင်း ၁၀၀၀ ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်လည်း ၂၀၂၅ ဧပြီလ ၇ ရက်မှာ အပြီးပိုင် ဒီဖလမ်းမြို့ ခလရ – ၂၆၈ ရယ်၊ ဖလမ်းမြို့တခုလုံး အကုန်လုံးကို အပြီးပိုင် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မေး – ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ ၅ လဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ ချင်းတော်လှန်ရေး အင်အားစု တွေအတွက် ဘယ်လိုအရေးကြီးပါသလဲ။ စစ်ရေးမှာ ဘယ်လိုအချက်အချာ ကျနေပါသလဲ။

ဖြေ – ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုလမ်းမကြီး၊ ကလေးကနေ ဟားခါးကြားထဲမှာ ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလို ၊ စီးပွားရေးအရသော်လည်းကောင်း၊ အိန္ဒိယနယ်စပ်နဲ့လည်း ထိစပ်နေတဲ့ မြို့လည်းဖြစ်တယ်။ ချင်းပြည်နယ် မြောက်ပိုင်းမှာဆိုရင် နိုင်ငံတကာ နယ်နိမိတ်ရှိတာဟာ ဖလမ်းမြို့ဖြစ်တယ်ဆိုတော့ စီးပွားရေးအရသော်လည်းကောင်း၊ ထောက်ပို့လမ်းကြောင်းအရသော်လည်းကောင်း ၊ မြို့တော် ဟားခါးကိုသော်လည်းကောင်း ၊ ဒီဘက် ကလေးမြို့အတွက် သော်လည်းကောင်း လုံခြုံရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်တဲ့အတွက်ကြောင့် ငါးလလောက်ကို စကစဘက်ကနေ လူအလုံးအရင်းရော၊ ဂျက်ဖိုက်တာတွေနဲ့ရော ခုခံကာကွယ်နေတာ ဖြစ်ပါတယ်။

မေး – လက်ရှိ ဖလမ်းမြို့ပေါ်အခြေအနေနဲ့ နယ်မြေရှင်းလင်းရေး အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ – လက်ရှိ ဖလမ်းအခြေအနေကတော့ မြို့တွင်း သန့်ရှင်းရေးနဲ့ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်နေဆဲ အခြေအနေမှာ ဖြစ်တဲ့အတွက် ဘယ်သူမှ ဝင်ခွင့်မရသေးပါဘူး။ လက်နက်ကိုင်အဖွဲ့တွေပဲ လုံခြုံရေးအရ ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တယ်။ စကစဘက်ကတော့ တုန့်ပြန်မှု ဘာမှတော့ မရှိဘူး။ နောက်ပြီးတော့ ခလရ – ၂၆၈ ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူတွေကိုလည်း ကျနော်တို့ လိုက်နေဆဲဖြစ်တယ်။

မေး – မြို့သိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိမှုတွေအကြောင်း ပြောပြပေးပါ။ သတင်းထုတ်ပြန်တဲ့ ဓါတ်ပုံတွေထဲမှာ ငွေပမာဏအများအပြား သိမ်းဆည်းရမိတာလည်း တွေ့ရပါတယ်။

ဖြေ – ကျနော်တို့ လက်နက်ခဲယမ်းကတော့ ဟောင်ဝစ်ဇာ အပါအဝင် လက်နက်ခဲယမ်းတွေ၊ လက်နက်ကြီး ၊ လက်နက်ငယ်ပေါင်း မြောက်များစွာ ၊ နောက်ပြီးတော့ ငွေလည်း အလုံးအရင်းနဲ့ပေါ့လေ၊ သိန်း လေးထောင်ကျော် သိမ်းဆည်း ရရှိထားပါတယ်။

မေး – စစ်ကောင်စီ စစ်သုံ့ပန်းတွေကို အရှင် ဖမ်းဆီးရမိတာတွေ ထပ်မံရှိပါသေးလားခင်ဗျာ။

ဖြေ – လက်ရှိအခြေအနေမှာ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် နောက်ထပ် ရှိနိုင်သေးတာမို့ စာရင်းကတော့ အတိအကျ ပြန်လည်ပြီးတော့ ကြေညာပေးပါမယ်။

မေး – ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းပူးပေါင်းတပ်တွေ၊ ရခိုင် ULA/AA နဲ့ အညာတကြောက တပ်တွေ အများအပြား ပါဝင်ခဲ့တာ တွေ့ပါတယ်။ အဲဒီမှာ ဘယ်လိုပူးပေါင်းဖော်ဆောင်ခဲ့ရသလဲဆိုတာ သိချင်ပါတယ်။ ချင်း၊ ရခိုင်နဲ့ ဗမာတွေ ပူးပေါင်းတပ်တွေရဲ့ အမှတ်ရစရာတွေလည်း ပြောပြပေးပါဦးခင်ဗျာ။

ဖြေ – အာရက္ခတပ်တော် ULA/ AA အနေနဲ့ ကျနော်တို့ကို ဖလမ်းမြို့မှာ ကျနော်တို့ လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ စစ်ပိုင်းဆိုင်ရာ နည်းဗျူဟာတချို့ လမ်းညွှန်ပြသတာတွေ ရှိပါတယ်။ နောက်ပြီးတော့ အညာမှာ ရှိတဲ့၊ ကျနော်တို့ ချင်းညီနောင်က ကောင်းမွန်တဲ့ အိမ်နီးချင်းကောင်းကို ပိုင်ဆိုင်ချင်တာ ဖြစ်တယ်။ ဆိုတော့ စစ်ကိုင်းမှာ ရှိတဲ့ လက်နက်ကိုင်တွေနဲ့ မကွေးမှာ ရှိတဲ့ ယောမှာ ရှိတဲ့ လက်နက်ကိုင်သော်လည်းကောင်း ၊ ရခိုင်တပ်တော် AA နဲ့သော်လည်းကောင်း ပူးပေါင်းနိုင်တဲ့ လမ်းကြောင်း ရှိရင် ပူးပေါင်းနိုင်တဲ့ လမ်းကြောင်းအဖက်ဖက်ကနေ ကျနော်တို့ ပူးပေါင်းပြီးတော့ စကစ(စစ်ကောင်စီ) ကင်းစင်ဖို့အတွက် ဆက်လက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်သလို၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း အဲလို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မေး – ဖလမ်းမြို့သိမ်းစစ်ဆင်ရေးပြီးသွားရင် ရှေ့ဆက်ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲခင်ဗျာ။

ဖြေ – ဖလမ်းမြို့ကို နယ်မြေရှင်းလင်းရေးတွေအနေနဲ့ မိဘပြည်သူများ ပြန်လည်နေထိုင်လို့ ရအောင်၊ မိဘပြည်သူများအတွက် လုံခြုံတဲ့ အခြေအနေ တခုရောက်တဲ့အခြေအနေမှာ ကျနော်တို့ CNO/ CNDF ကနေ ပြန်လည်ကြေညာပြီးတော့ ၊ ပြန်လည် နေထိုင်လို့ ရအောင် ကျနော်တို့ အမြန်ဆုံး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အစိုးရအုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်အောင်လည်း ကျနော်တို့ ဆက်လက်ပြီးတော့ အချိန်တခု ယူပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး – နောက်ဆုံး ဖြည့်စွက်ပြောကြားချင်တာ ရှိရင် ပြောပါ။

ဖြေ – ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ အသက်ပေးလှူကြတဲ့ အာဇာနည် သူရဲကောင်းတွေ၊ ကိုယ်လက်အင်္ဂါပေးဆပ်တဲ့ ရဲဘော်တွေ၊ ရှေ့တန်းမှာ ရွံ့ရွံ့ချွံချွံတိုက်ပွဲဝင်ကြတဲ့ မဟာမိတ်အဖွဲ့ဝင်တွေနဲ့ ချင်းညီနောင်အဖွဲ့များ အားလုံးကို ဒီကနေ ကျေးဇူးတင်ကြောင်း၊ လေးစားကြောင်း၊ အလေးအနက်ပြုပါကြောင်း နောက်ဆုံးပြောချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.