Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

0
By Editor on March 31, 2025 Featured

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေ၊ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အသက် ၆၂ အရွယ် Pi Thiampar ဟာ ကလေးမြို့နယ် ချင်းတောင်ခြေ စက္ကန့်ကျေးရွာကဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာကြတာ ၃ နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Tuirial စစ်ဘေးရှောင်စခန်းမှာ ခိုလုံနေကြ တာဖြစ်ပါတယ်။

Tuirial စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀ ကျော် နဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀ နီးပါးရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ Pi Thiampar တို့ စက္ကန့်ကျေးရွာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နဲ့ အောက်တိုဘာလတို့မှာ အနည်း ဆုံး ၃ ကြိမ်ခန့် မီးရှို့ခဲ့လို့ တရွာ လုံးနီးပါးမီးလောင်ပြာကျခဲ့ရပါတယ်။ အဲဒီထဲမှာ Pi Thiampar တို့အိမ်လည်း ပါဝင်ပါ တယ်။ တိုင်းပြည်အခြေအနေ ပြန်ကောင်ပြီး နေရပ်ပြန်ရမယ်ဆိုရင်လည်း နေစရာ အိမ်မတော့ဘူးလို့ ပြောပါတယ်။ သူများနိုင်ငံမှာ စစ်ဘေးရှောင်ဘဝနဲ့လည်း ဘဝကို မကုန်ဆုံးချင်ဘူးလို့ပြောပါတယ်။

Pi Thiampar ကို ခိုနူမ်းသုန် သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး ။ မီဇိုရမ်ပြည်နယ်ကို ဘယ်လိုကြောင့် ရောက်ရှိလာရတာလဲ?

အဖြေ။ ၂၀၂၂ ခုနှစ်ဧပြီလ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်မှာ ထွက်ပြေးခဲ့ကြတာပါ၊ စစ်သားတွေက ရွာထဲဝင်လာပြီး ရွာသားတွေကိုဖမ်းဆီးတာတွေလုပ်ပါတယ်။ ကျမတို့ကတော့ ထွက်ပြေးကြပါတယ် စားသောရွာကိုပြေးကြတယ် အဲဒီမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ အဲဒီကနေ စီးစံရွာကိုထပ်ပြေးတယ် အဲဒီမှာ ၃ ညလောက်အိပ်တယ် ကျမ တို့ရွာကိုလည်းပြန်မဝင်ရဲတော့ဘူးလေ စီးစံရွာကနေပဲ ကလေးမြို့ တာဟန်းရပ်ကွက်ကိုထပ်ပြေးပြီး တညအိမ်တယ် တာဟန်းကနေ အခု မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလုံလာကြတာဖြစ်ပါတယ်။ အဝတ်အစား စောင်တွေလည်းပါမလာ ကြဘူး သူများပေးလှူတဲ့အဝတ်အစား စောင်တွေနဲ့ ခုချိန်ထိနေနေကြတာပါ။

မေး။ စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် နေအိမ်တွေလည်း မီးလောင်သွားပြီလို့ရပါတယ် အဲဒီအခြေအနေလည်းရှင်းပြလို့ ရမလား?

ဖြေ။ ၂၀၂၃ ခုနှစ်အောက်တိုဘာ ၆ ရက်နေ့မှာ နင်တို့အိမ်မီးလောင်သွားပြီလို့ အသိတွေက ပြောလာလို့ သိရတာ၊ အိမ်ထဲ က ပစ္စည်းတွေလည်းဘာတစ်ခုမှ မယူဘဲဒီဘက်ကိုထွက်ပြေးလာကြတာဆိုတော့ အဲဒါတွေလည်းအကုန်မီးလောင်ပြာ ကျသွားတယ် စစ်သားတွေက မီးရှို့တာပါ ကျမတို့လည်းဘာမှမတတ်နိုင်ဘူးလေ ရှိသမျှအရာအားလုံးက မီးထဲပါသွားပြီ၊ ဒီကိုစရောက်တုန်းကလည်း သူများအိုးခွက်ပန်းကန်တွေကို ငှါးပြီး ထမင်းဟင်းချက်ပြုတ်ပြီး စားသောက်ကြတာပါ ခုတော့ စေတနာရှိတဲ့အလှူရှင်တွေရဲ့ကူညီမှုနဲ့ ထမင်းဟင်းချက်ဖို့ အိုးခွက်လေးတွေတော့ရှိလာပါပြီ။ နေအိမ်မီးလောင် တဲ့အတွက် အလှူရှင်တချို့ထံကနေ ကျပ်ငွေ တစ်သိန်းခွဲထောက်ပံ့ငွေတော့ရတယ်၊ ကျန်တာတော့ဘာမှမရဘူး။ အရင် နေအိမ်မီးလောင်တဲ့သူတွေကတော့ အလှူငွေလေးတွေရကြတယ် ကျမတို့တော့ ဘာမှကိုမရတာ။

မေး။ အခု ဒီစစ်ဘေးရှောင်စခန်းမှာ ဘယ်လိုလုပ်ကိုင်စားသောက်ကြလဲ? ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ကြရလဲ?

ဖြေ။ အရမ်းကိုခက်ခဲပါတယ် ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားဖြစ်သူက တောထဲကို ထင်းခွေသွားပြီး အဲဒီထင်းခွေတွေကိုပြန်ရောင်းလေ့ရှိတယ် တနေ့မှာ နှစ်ရာ/သုံးရာလောက်တော့ ရပါတယ် အဲဒါနဲ့ ဆန်တွေကို တစ်ကေဂျီ၊ နှစ်ကေဂျီ ဖြစ်ဖြစ်ဝယ်စားကြတယ်၊ ဒီလိုနဲ့ပဲ ဖြေရှင်းနေကြပါတယ်။ ကျမလည်းဘာမှမလုပ်နိုင်ဘူး တခြားအလုပ်လုပ်နိုင်တဲ့သူလည်းမရှိဘူးလေ နေမကောင်းရင် လည်း လုပ်ရတယ် အားကိုးအားထားပြုစရာ လည်းမရှိဘူးလေ။ တောထဲကိုထင်းခွေပြီး အဲဒါကိုပြန်ရောင်တာ ၃၀၀/၄၀၀ ဖိုးလောက်တော့ရောင်းရတယ် တခါတလေ တောင်ယာထဲမှာ နေ့စားနဲ့အလုပ်သွားလုပ်တယ် တစ်ရက်ကို ၅၀၀ နဲ့ အဲဒါလည်း အမြဲတမ်းမရှိဘူး၊ အဲလိုနဲ့ပဲ အသက်ဆက်ကြတာပေါ့၊ ကျမဆိုရင်လည်း နှလုံးမကောင်းဘူး အားနည်းမရှိတော့ဘူး ဘာမှလုပ်လို့ မရဘူး ထမင်းဟင်းချက်လောက်ပဲလုပ်နိုင်တော့တယ် အားဆေးတွေပုံမှန်မမှီဝဲဘူးဆိုရင် ဘာမှမလုပ်နိုင်တော့ဘူး။

မေး။ ဒီမှာလည်း ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတော့လေ တခါတလေမှာ ကိုယ့်ရပ်ရွာကိုပြန်ချင်တဲ့စိတ်၊ ပြန်သွား ချင်တဲ့စိတ်မျိုးရှိလား?

ဖြေ။ ပြန်မယ်ဆိုရင်လည်း အိမ်မှမရှိတော့တာ ဘယ်မှာသွားအိပ်ကြမှာလဲ သူများအိမ်အောက်မှာ အိပ်ကြရမှာလား? ဒီနေရာမှာ လက်ခံသရွေ့ကတော့ နေရမှာပေါ့ ဒါပေမယ့် မလိုချင်တော့ဘူး ပြန်ကြတော့ဆိုပြီး နှင်ထုတ်ခံရရင်တော့ ပြန်ရမှာပေါ့လေ အိမ်တွေလည်းပြာကျကုန်ပြီလေ ပြန်ဆောက်ဖို့ကလည်း ဘာမှမရှိဘူးလေ ဒီအကြောင်းတွေစဉ်းစားမိ ရင် ရူးမတတ်အောင်ပါပဲ အဲဒါတွေစဉ်းစားမိတိုင်း ကိုယ့်ကိုကိုယ် ကြိုးစွဲသတ်သေချင်စိတ်တောင် ပေါက်တယ်၊ ဘာသာရေးဆရာတွေ၊ မိတ်ဆွေတွေက ဝိုင်းပြီးဆုတောင်းပေးကြလို့သာ ဘုရားသခင်ကြောင့် ခုထိခံနိုင်သေးတာပေါ့၊ မီဇိုရမ်ကနေ စစ်ဘေးရှောင်တွေကို မကြိုက်တော့လို့ နှင်ထုတ်ခံရရင်တော့ ပြန်ရမှာပေါ့ ဒါပေမယ့် ဘယ်မှာသွားနေကြ မှာလဲ၊ ဒီအကြောင်းတွေအများကြီးစဉ်းစားမိရင် နှလုံးအားနည်းတာ ပိုဆိုးလာတယ် သေမတတ်အောင်ဖြစ်ရတယ် အဲဒါကြောင့် စဉ်းလည်းမစဉ်းစားရဲဘူး ဘာမှလည်းမရှိတော့ဘူး အိမ်လည်းမရှိတော့ဘူး ဒါတွေတွေးမိရင် အရူးတစ်ယောက်လိုပါပဲ အားကိုးစရာလည်းမရှိဘူး။

ရွာဆိုရင်လည်း အရမ်းလွမ်းတယ် အရမ်းပြန်ချင်တယ် ပြန်ချင်ပေမယ့်လည်း ပြန်လို့မှမရတာ ခုထိလည်း ရွာထဲမှာ စစ်သားတွေရှိသေးတယ် ဘာမှလည်းလုပ်နိုင်တာ တတ်နိုင်တာလည်းမရှိဘူးလေ ကျမက စက္ကန့်ရွာသူစစ်စစ်လေ အဲဒါ ကြောင့် ရွာကို ပိုလွမ်းတယ် ပိုပြန်ချင်တာပေါ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြန်မြန်အနိုင်ရပြီး မြန်မြန်ပြန်ချင်ပြီ ဒါပေမယ့် ကျမတို့ကတော့ ပြန်မယ်ဆိုရင်လည်း နေစရာအိမ်လည်းမရှိတော့ဘူး ပြန်ဆောက်မယ်ဆိုရင်လည်း ဘာမှ မရှိဘူးလေ အဲဒါတွေစဉ်းစားမိရင် ရူးချင်တယ်။ အလှူရှင်တွေရဲ့ ထောက်ပံ့မှုလေးတွေနဲ့ပဲ စားသောက်နေရတာပေါ့ အထောက်အပံ့မရရင်တော့ အသင်းတော်ရဲ့ လက်တစ်ဆုပ်ဆန်တွေကို အကြွေးနဲ့သွားဝယ်တယ်အဲလိုနဲ့ပဲ အသက်ဆက်နေရတာပေါ့။ တခါတလေလည်း ချောင်းတွေမှာ ဟင်းရွက်ခူးခတ်ပြီး စားသောက်ကြရတာပါပဲ။

မေး။ တချို့စစ်ဘေးရှောင်တွေဆိုရင် သူတို့မိသားစုတွေ နိုင်ငံခြားမှာရှိကြတယ် အကူအညီတွေ လည်းရတဲ့သူတွေ ရှိတာပေါ့လေ။ အဘွားတို့ကျတော့ အဲလိုမျိုးမရှိဘူးလား?

ဖြေ။ နိုင်ငံခြားမှာတော့ ဆွေးမျိုးတချို့တွေလည်းရှိတော့ရှိပါတယ် ဒါပေမယ့် ကူညီထောက်ပံ့တာတွေမရဘူး၊ ဘယ်သူကမှ မကူကြဘူး။ ဟိုတလောကလည်း နေမကောင်းဘူး ၄ ရက်လောက် ဆေးရုံသွားဖို့လည်းပိုက်ဆံမရှိတော့ ဒီတိုင်ပဲ အိပ် လိုက်တယ် အဖျားတက်လာရင် ဆေးသောက်လိုက်တယ် ခုဒီပတ်ကျမှပဲ ပြန်ကောင်းလာတာ၊ ဘုရားကလွဲပြီး ဘယ်သူ့ ကိုမှအားကိုးစရာမရှိဘူး။

မေး။ တခြားဘာများဖြည့်စွပ်ပြောချင်လဲ?

ဖြေ။ ကျမတို့တိုင်းပြည်ကြီးကို မြန်မြန်ပြန်ကောင်းစေချင်လှပြီ အဒေါ်တို့လိုသက်ကြီးပိုင်းတွေဆိုတာ ဘယ်ချိန်သေမလဲ ဆိုတာပြောလို့မရဘူး သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ ဒါကြောင့် မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.