Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဇန်ညက်ဒေသအတွင်း အခြားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်ခွင့်မပြုဟု ZPO/ CDF- Zanniatram ကြေညာ

ဇန်ညက်ဒေသအတွင်း အခြားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်ခွင့်မပြုဟု ZPO/ CDF- Zanniatram ကြေညာ

0
By Editor on July 10, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း ဇန်ညက် (Zanniat) ဒေသအတွင်း ပြည်သူ့လုံခြုံရေးနှင့် ဒေသခံအများပြည်သူ၏ ဘေးကင်းရေးအတွက် အခြားအမျိုးသားလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်ခွင့်မပြုကြောင်း ZPO/ CDF- Zanniatram က ကြေညာသည်။

CNO/ CNDF နှင့်မဟာမိတ်များ၏ ဟွာလ်ငိုးရမ်း (Hualngoram) အကြားဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ချင်းလဲန်းကောင်စီ လွတ်မြောက်နယ်မြေများသို့ ထပ်မံချဲ့ထွင်ရန် ရည်ရွယ်နေသည်ဟု Zanniatland People’ Organization (ZPO) အဖွဲ့က ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်သည်။

ဇူလိုင်လဆန်းမှစတင်၍ CNF/ CNA ၊ HPO/ CDF – ဟွာလ်ငိုးရမ်းနှင့် CNO/CNDF တို့ကြား တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် စစ်ရေး တင်းမာမှုများ ဆက်တိုက်ဖြစ်ပွားလာနေချိန်မှာ ဖလမ်းမြို့နယ်အတွင်းရှိ ဇန်ညက်ဒေသအခြေစိုက် ZPO/ CDF – Zanniatram ကလည်း ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြည်သူလုံခြုံရေးနှင့် ဒေသခံအများပြည်သူ၏ ဘေးကင်းရေးအတွက် ရည်ရွယ်၍ အခြားအမျိုးသား လက်နက်ကိုင်အဖွဲ့များကို ဇန်ညက်နယ်မြေအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း အသိပေးလာခြင်းဖြစ်သည်။

CNO/CNDF ၏ လုပ်ရပ်များအပေါ် CNF/ CNA နှင့် မဟာမိတ်အဖွဲ့များ ဦးဆောင်သည့် လိုအပ်သော အရေးယူမှုများ အားလုံးကို ZPO/ CDF- Zanniatram က အပြည့်အဝထောက်ခံသည်ဟု ဆိုသည်။

CNO/ CNDF နှင့် မဟာမိတ်အဖွဲ့များ၏ လှုပ်ရှားမှုများသည် မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ဖျက်ရန်နှင့် ချင်းအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ဦးစားပေးမှုမရှိကြောင်း ပြသနေခြင်းဖြစ်သည်ဟု ZPO က ထုတ်ပြန်သည်။

ချင်းလဲန်းကောင်စီ၏ ပူးတွဲစစ်ရေးဖြင့် လွတ်မြောက်စေခဲ့သော ဒေသများကို တိုက်ခိုက်ပြီး ကိုယ့်အကျိုးအမြတ်အတွက် ရည်ရွယ်၍ အခွင့်အရေးကောင်းကို ရယူခဲ့ပြီး ဇန်ညက် (Zanniatram) ဒေသကို စစ်ရေး ဖိအားပေးမှုများ ပြုလုပ်နေသော အခြေအနေ သည်လည်း CNO/ CNDF ၏ နိုင်ငံရေးနှင့် စစ်ရေး ရယူလိုမှုများကို ဖော်ပြနေခြင်းဖြစ်သည်ဟု ZPO က ဆိုသည်။

ယင်းသို့သော CNO/ CNDF ၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ZPO/ CDF- Zanniatram က ထုတ်ပြန်ထားသည်။

ချင်းလဲန်းကောင်စီအဖွဲ့ဝင်များ၏ ပူးပေါင်းလှုပ်ရှားမှုဖြင့် လွတ်မြောက်ခဲ့သော ဒေသများတွင် CNO/CNDF နှင့် မဟာမိတ်များသည် ချင်းအမျိုးသားတပ်ဦး CNF/ CNA ၏ တပ်မဟာ – ၄ စခန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဆက်လက်၍ Hualngoram ဒေသကို တိုက်ခိုက်ခဲ့ကာ ဇူလိုင်လ ၅ ရက်က ရိခေါဒါရ်မြို့ကို သိမ်းယူခဲ့သည်ဟု သိရသည်။

CNF/ CNA ၏ ဦးဆောင်မှုအောက်တွင် CDF – Zanniatram သည် ချင်းပြည်နယ် အနောက်ဘက်ရှိ Rihkhawdar နှင့် Khawmawi နယ်စပ်ဒေသများရှိ စစ်ကောင်စီ စခန်းများကို ပူးတွဲစစ်ရေးတွင် ပါဝင်ခဲ့ပြီး ယင်းဒေသများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

ငေါန်မျိုးနွယ်စုများအနေဖြင့်လည်း CNO/ CNDF မှ ဖန်တီးထားသော ပဋိပက္ခများတွင် ပါဝင်ခြင်းမျိုး လုံးဝရှောင်ကျဉ်ကြရန်နှင့် ချင်းအမျိုးသားများအကြား ညီညွတ်မှု တည်ဆောက်ရေးကို ဦးစားပေးရန် CDF – Ngawnngam အဖွဲ့က ဇူလိုင်လ ၉ ရက်က ကြေညာထားသည်။

ဇူလိုင်လ ၅ ရက်က HPO/ CDF- Hualngoram ထိန်းချုပ်ဒေသ ရိခေါ်ဒါရ်မြို့ကို CNO/ CNDF မှ ထိုးစစ်ဆင်မှုသည် ချင်းအမျိုး သားများအကြား ရေရှည်စိတ်ဝမ်းကွဲမှုကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးနေခြင်းဖြစ်ပြီး စစ်ရေးတင်းမာမှုနှင့် ပဋိပက္ခကို ပြင်းထန်စေကြောင်း CDF – Ngawnngam ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.