Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ညီအကိုဖြစ်ခြင်းကိုအခြေခံကာ အချင်းချင်းကြားပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ချင်းလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းတောင်းဆို

ညီအကိုဖြစ်ခြင်းကိုအခြေခံကာ အချင်းချင်းကြားပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ချင်းလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းတောင်းဆို

0
By Editor on July 21, 2025 Khonumthung

(004SS)

ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပေါ်နေသော အမြင်ကွဲလွဲမှုများနှင့် ပဋိပက္ခများကို လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းထက် “ချင်းဟူသည့်” အမည်နာမအောက်တွင် ညီအကိုဖြစ်ခြင်းကို အခြေခံကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ချင်းလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းသည်။

ချင်းပြည်နယ်အလယ်ပိုင်းရှိ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တို့တွင် အခြေစိုက်သော CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် Senthang Revolution Force တို့ စုစည်းထားသည့် ZZLMS အဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ယခုကဲ့သို့ ထုတ်ပြန်ကာ တိုက်တွန်းထားခြင်းဖြစ်သည်။

ချင်းပြည်အတွင်း လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တော်လှန်ရေးရဲဘော်များ အသက်ဆုံး ရှုံးရခြင်း၊ ပြည်သူများ စစ်ဘေးရှောင်တိမ်းရွှေ့ပြောင်းရခြင်းများကို စိတ်မကောင်းဖွယ်တွေ့ရှိရကြောင်း ZZLMS က ဖော်ပြထားသည်။

ထို့အပြင် ချင်းအချင်းချင်း လက်နက်စွဲကိုင် တိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ အလိုအတိုင်း တော်လှန်ရေးကို အားနည်းစေခြင်း၊ ပြည်သူများအား စိတ်ဓာတ်ကျစေခြင်း၊ ညီညွတ်မှုကို ပျက်ပြားစေခြင်း စသည့် ဆိုးကျိုးများဖြစ်စေ ကြောင်း အသိပေးထားသည်။

ZZLMS က မိမိတို့၏ လက်နက်ကိုင်တိုက်ပွဲသည် စစ်ကောင်စီနှင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်သာ ဖြစ်ပြီး၊ အချင်းချင်း ပဋိပက္ခမဟုတ်ကြောင်းကိုလည်း ထပ်လောင်း ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.