Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တစ်လကျော် ပိတ်ထားသော ကလေး-သိုင်းငင်းကားလမ်း ပြန်ဖွင့်ပေး

တစ်လကျော် ပိတ်ထားသော ကလေး-သိုင်းငင်းကားလမ်း ပြန်ဖွင့်ပေး

0
By Editor on July 16, 2025 Khonumthung

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို အဓိက ဆက်သွယ်ထားသည့် ကလေး- သိုင်းငင်း ကားလမ်းမကြီးအား ဇူလိုင် (၁၇) ရက်မှ စတင်ပြီးပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း CDF- CDM Siyin ထုတ်ပြန်ထားသည်။

စစ်ရေးကြောင့် (၁) လကျော်ပိတ်ထားသည့် ကလေး- သိုင်းငင်း လမ်းမအား ဇူလိုင် ၁၇ ရက်နေ့မှစပြီး ခရီးသွား ပြည်သူများ ပြန်လည်အသုံးပြုသွားလာနိုင်ပြီ ဖြစ်ကြောင်း ယနေ့ ဇူလိုင် (၁၆) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့မှ ချင်းပြည်နယ်သို့ စစ် ကြောင်း ထိုးလာ သည့်အတွက် ကလေး-သိုင်းငင်း လမ်းမကြီးအား မေလ (၂၀) ရက်နေ့ကစ၍ အတက်အ ဆင်းအားလုံးကို CDF CDM Siyin က ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

မေ (၂၁) ရက် နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့သည် ကလေး- သိုင်းငင်းလမ်း ပေါ်ရှိ မွှာလ်ပီးကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၅) ရက်တွင် မွှာလ်ပီးကျေးရွာရှိ စစ် ကောင်စီ တပ်စခန်းအား ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အားလုံးသည် ကလေးမြို့ဘက်သို့ ပြန်လည်ဆုတ်ခွါသွားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.