(002MG)
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း ကျွန်းပင်သာ (Teijang) ကျေးရွာတွင် ကူကီးအမျိုးသားတပ်မတော် KNA-B တပ်ဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မေလ ၂၁ ရက်မနက်ပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ကူကီးအမျိုးသားတပ်မတော် KNA-B နှင့် နီးစပ်သူတဦးက “သူတို့က ကျွန်းပင်သာရွာမှာ ကင်းထောက်ခနပြန်သွားကြည့်တာ၊ သတင်းပေးရှိလို့ လမ်းမှာစောင့်ဖမ်းပြီးမှ အဲ့လိုဖြစ်သွားတာ၊ ကြယ်ပွင့် (၄) ယောက်ကျသွား တယ်သူတို့က ကူကီးလက်နက်ကိုင်တွေအတွက် တကယ့်မရှိမဖြစ်လိုအပ်တဲ့ သူတွေပါ” ဟုပြောသည်။
အဆိုပါ ကျဆုံးသွားသည့် ကူကီးအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင်များမှာ ကို Man Kyaw၊ ကို Daniel၊ ကို Hao Chin Pao နှင့် ကို Lun Min Thang တို့ဟုသိရသည်။
တမူးမြိုနယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မြို့သစ်မြို့က စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီးနောက် စခန်းစွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ SNA(ရှမ်းနီတပ်) ၊ပျူစော ထီးနှင့် ကသည်းလက်နက်ကိုင်များသည် ကျွန်းပင်သာကျေးရွာတွင် စခန်းချတပ်စွဲထားကြသည်ဟု သိရသည်။
ကျေးရွာအဝင်တွင် စစ်ဆေးရေးဂိတ်ထားရှိကာ ကျွန်းပင်သာရွာသားများမှအပ အခြားပြည်သူများအား ဝင်ထွက်သွား လာခွင့်မပြုကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း အသက် (၂၄) နှစ်အရွယ် ကူကီးအမျိုးသားတပ်မတော် KNA-B ရဲဘော်တစ်ဦး သည်တမူးမြို့နယ်အထက်ပိုင်းတစ်နေရာတွင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်မူကြောင့် ကျဆုံးခဲ့ရသည်ဟု သိရသည်။
ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော် (KNO/KNA-Burma) သည် ကူကီးဘိုးဘွားပိုင်နယ်မြေ များ ပြန်လည်ရယူရန်နှင့် ကူကီးအမျိုးသားပြည်နယ်ထူထောင်ရန် ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့ကြသည်။
ယခုမြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ်တော်လှန်တိုက်ခိုက်မှုမှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များနှင့်အတူ အတူတကွပူးပေါင်းတိုက်ပွဲဝင်နေသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။