Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တာဟန်းခံတပ်ဖြိုခွင်းခံရသည့်နေ့မှ ပျောက်ဆုံးသွားသော Biaklawmcuang ၏ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံပြန်ပို့

တာဟန်းခံတပ်ဖြိုခွင်းခံရသည့်နေ့မှ ပျောက်ဆုံးသွားသော Biaklawmcuang ၏ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံပြန်ပို့

0
By Editor on April 11, 2021 Khonumthung
#Unicode
ကလေးမြို့တာဟန်းခံတပ်ဖြိုခွင်းသည့်ဧပြီလ ၇ ရပ်နေ့ကတည်းက ပျောက်ဆုံးသွားသည့် တာဟန်း F group တွင်နေထိုင်သူ ချင်းတိုင်းရင်းသား Biaklawmcuang ၏ ရုပ်အလောင်းကို ကလေးမြို့စစ်ဆေးရုံးသို့ လာရောက်သယ်ယူရန် မိသားစုဝင်များထံ ယနေ့ဧပြီလ ၁၀ ရက်နေ့တွင်အကြောင်းကြားကာ ပရဟိတလူမှုရေးကားဖြင့်သွားရောက်သယ်ယူကြသည်ဟု သိရသည်။
အသက် ၂၆ နှစ်အရွယ် Biaklawmcuang သည် အာဏာသိမ်းစစ်ကောင်စီမှ တာဟန်းခံတပ်ကို အကြမ်းဖက်ဖြိုခွင်းစဉ်တွင်သေဆုံးခဲ့ခြင်းလား အဖမ်းခံရပြီးနှိပ်စက်သတ်ဖြတ်ခံရခြင်းလားဆိုသည်မှာ သဲသဲကွဲကွဲမသိရသေးပေ။
“အလောင်းက အတော်လေးကို ပုပ်ပွနေပြီ တာဟန်းခံတပ်ဖြိုခွင်းတဲ့နေက ကျဆုံးတာလား ဒါမှမဟုတ် အဖမ်းခံရပြီး နှိပ်စက်လို့ဆုံးသွားတာလားဆိုတာတော့ မသိဘူး” ဟု တာဟန်းဒေသခံတစ်ဦးကပြောသည်။
သူ၏ရုပ်အလောင်းသည် ယနေ့မွန်းလွဲပိုင်း ၁ နာရီခွဲခန့်က နေအိမ်သို့ရောက်ရှိလာပြီး ဒိုးဝိုင်းချောင်းသုသာန်သို့ ယနေ့ညနေပိုင်းတွင် သဂြိုလ်ကြမည်ဟုသိရသည်။
Biaklawmcuang သည် ကလေး ၂ ယောက်ဖခင်ဖြစ်သည်။
#Zawgyi
ကေလးၿမိဳ႕တာဟန္းခံတပ္ၿဖိဳခြင္းသည့္ဧၿပီလ ၇ ရပ္ေန႔ကတည္းက ေပ်ာက္ဆံုးသြားသည့္ တာဟန္း F group တြင္ေနထိုင္သူ ခ်င္းတိုင္းရင္းသား Biaklawmcuang ၏ ႐ုပ္အေလာင္းကို ကေလးျမိဳ႔စစ္ေဆးရံုးသို႔ လာေရာက္သယ္ယူရန္ မိသားစုဝင္မ်ားထံ ယေန႔ဧၿပီလ ၁၀ ရက္ေန႔တြင္အေၾကာင္းၾကားကာ ပရဟိတလူမႈေရးကားျဖင့္သြားေရာက္သယ္ယူၾကသည္ဟု သိရသည္။
အသက္ ၂၆ ႏွစ္အရြယ္ Biaklawmcuang သည္ အာဏာသိမ္းစစ္ေကာင္စီမွ တာဟန္းခံတပ္ကို အၾကမ္းဖက္ၿဖိဳခြင္းစဥ္တြင္ေသဆံုးခဲ့ျခင္းလား အဖမ္းခံရၿပီးႏွိပ္စက္သတ္ျဖတ္ခံရျခင္းလားဆိုသည္မွာ သဲသဲကြဲကြဲမသိရေသးေပ။
“အေလာင္းက အေတာ္ေလးကို ပုပ္ပြေနၿပီ တာဟန္းခံတပ္ၿဖိဳခြင္းတဲ့ေနက က်ဆံုးတာလား ဒါမွမဟုတ္ အဖမ္းခံရၿပီး ႏွိပ္စက္လို႔ဆံုးသြားတာလားဆိုတာေတာ့ မသိဘူး” ဟု တာဟန္းေဒသခံတစ္ဦးကေျပာသည္။
သူ၏႐ုပ္အေလာင္းသည္ ယေန႔မြန္းလြဲပိုင္း ၁ နာရီခြဲခန္႔က ေနအိမ္သို႔ေရာက္႐ွိလာၿပီး ဒိုးဝိုင္းေခ်ာင္းသုသာန္သို႔ ယေန့ညေနပိုင္းတြင္ သၿဂိဳလ္ၾကမည္ဟုသိရသည္။
Biaklawmcuang သည္ ကေလး ၂ ေယာက္ဖခင္ျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.