(04SS)
ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ကို ဖဝရမ်းထုတ်ထားကြောင့် CDF-Tonzang က ယနေ့ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ အရာရှိ ၂ ဦးသည် NUG သမ္မတဒူဝါလရှီးလ၏ အမိန့်ထုတ်ပြန်ချက်ဖြစ်သော ကျောင်းများဖွင့်လှစ်ခြင်းမပြုရန်နှင့် ရုံးတက်ခြင်းမပြုလုပ်ရန်ဟူသော တားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့်အပြင် CDF-Tonzang တပ်ဖွဲ့ကို ပြင်းထန်သော စကားလုံးများ အသုံးပြုပြောဆိုလာသောကြောင့် ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်ရခြင်းဖြစ်သည်ဟု CDF-Tonzang ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
CDF-Tonzang တပ်ဖွဲ့အနေဖြင့် ၎င်းတို့စိုးမိုးနယ်မြေဖြစ်သော တွန်းဇံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ရုံးများ၊ စာသင်ကျောင်းများအား ဖွင့်လှစ်ခြင်းမပြုကြရန် အကြိမ်ကြိမ် အမိန့်ထုတ်ပြန်တားမြစ်ပြီးသားဖြစ်သည်ဟု ဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့နှစ်သည် ချင်းလူမျိုးပီပီ တွန်းဇံမြို့နယ်၏ တိုးတက်ရာတိုးတက်ကြောင်းကို တာဝန်ယူ ဆောင်ရွက်သူဟု ယူဆခဲ့သောကြောင့် လွယ်လင့်တကူ အရေးယူခြင်းမပြုဘဲ ရှောင်ရှားပေးခဲ့သော်လည်း နွေဉီးတော်လှန်ရေးသိက္ခာ ကျဆင်းစေသည့်အပြင် CDF-Tonzang တပ်ဖွဲ့ကို စိန်ခေါ်သောစကားများပြောဆိုမှုများ ရှိလာခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် စစ်ကောင်စီလက်အောက်ခံ တွန်းဇံ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူး နှစ်
ဉီးတို့အား ယနေ့မှစ၍ CDF-Tonzang တဖွဲ့မှ ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။