• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီရောက် ချင်းဒုက္ခသည် တစ်ရာနီးပါး ကိုဗစ်ရောဂါကူးစက်ခံရဟုဆို

နယူးဒေလီရောက် ချင်းဒုက္ခသည် တစ်ရာနီးပါး ကိုဗစ်ရောဂါကူးစက်ခံရဟုဆို

0
By Editor on April 28, 2021 Khonumthung
#Unicode
ရစ်ချက် – အိန္ဒိယနိုင်ငံတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု အရှိန်အဟုန် မြင့်တက်လာသည်နဲ့အမျှ နယူးဒေလီရောက် ချင်းဒုက္ခသည်များကြားတွင်လည်း အဆိုပါရောဂါပိုးကူးစက်မှု ၁၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နေထိုင်ကြသော ချင်းဒုက္ခသည် အယောက် ၁၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်ဦးရှိပြီလို့ နယူးဒေလီ ဒုက္ခသည်အရေး လှုပ်ရှားသူလည်းဖြစ် လူ့အခွင့်အရေးတာဝန်ခံ Salai Cung Dawt က ပြောသည်။
“ကျနော်တို့ ချင်းတွေထဲမှာ ရောဂါပိုးရှိတဲ့သူ အတော်လေးများနေပြီး တချို့က ရောဂါပိုးရှိတာ ပြောရမှာ ကြောက်နေကြတယ်။ ဒါကြောင့် တိတိကျကျတော့ မသိနိုင်သေးပေမယ့် အယောက် ၁၀၀ နီးပါး ရှိနေပြီ။ အဲဒီထဲမှာ တစ်ယောက်ကတော့ ကိုဗစ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအနည်းကဘဲ ဆုံးသွားတယ်။ Serious ဖြစ်တဲ့သူ အနည်းငယ်ရှိတယ်” လို့ ပြောသည်။
အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း နေ့စဉ်နဲ့အမျှ သိန်းချီမြင့်တက်လာပြီးနောက် ဆေးရုံဆေးခန်းများတွင် ကုတင်များမလုံလောက်ခြင်း၊ လိုအပ်သည့် ဆေးဝါး၊ အောက်စီဂျင်များ မလုံလောက်ခြင်း ကြောင့် မိမိနေအိမ်များတွင် အဆင်ပြေသလို ကုသမှုခံယူနေကြရကြောင်း Salai Cung Dawt က ယခုလို ဆက်ပြော ပါသည်။
“ကျနော်တို့ သိတဲ့အတိုင်းဘဲ ခုချိန်မှာ အိန္ဒိယမှာက ကိုဗစ်ပိုးတွေ့လူနာအရမ်းများတယ်။ ဆေးရုံမှာလည်း ကုတင်မလောက်ဘူး၊ မဆံ့ဘူးဖြစ်နေတယ်။ ကုသတဲ့ဆေးဝါးအပြင် အောက်စီဂျင်ကအစ လုံလောက်မှုမရှိဘူး။ အဲဒါကြောင့် ဆေးရုံဆေးခန်းတွေမှာ နေရာမရတဲ့သူတွေများတယ်။ ဒါကြောင့် အိမ်မှာဘဲ အဆင်ပြေသလို ကုသနေကြရတယ်။” လို့ ဆက်ပြောပါသည်။
အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လာသောကြောင့် နေရာတော်တော်များများတွင် lockdown ချထားမှုများရှိနေသည့်အတွက် ချင်းဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲ တွေ့ကြုံနေကြရကြောင်း နှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးကိုလည်း refugee card နဲ့ ယူလို့မရသောကြောင့် အခက်အခဲများစွာ တွေ့ကြုံနေကြရသည်။
အလားတူ လက်ရှိမြန်မာနိုင်ငံပြည်တွင်းအရေးနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာ စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀ ယောက်ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ၅ ရက်ဆက်တိုက် ကိုဗစ်လူနာသစ် ၃ သိန်းခွဲကျော်တွေ့ရှိပြီး နေ့စဉ်နဲ့အမျှ သေဆုံးသူ ၂၀၀၀ ကျော်ရှိနေသည့်အတွက် ပြည်ပနိုင်ငံအများအပြားက လိုအပ်သောအရာများ လာရောက်ကူညီပေးသွားမည်ဖြစ်သည်။
#Zawgyi
ရစ္ခ်က္ – အိႏိၵယႏိုင္ငံတြင္ ဒုတိယအႀကိမ္ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္မႈ အရွိန္အဟုန္ ျမင့္တက္လာသည္နဲ႕အမွ် နယူးေဒလီေရာက္ ခ်င္းဒုကၡသည္မ်ားၾကားတြင္လည္း အဆိုပါေရာဂါပိုးကူးစက္မႈ ၁၀၀ နီးပါး ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
အိႏိၵယႏိုင္ငံ နယူးေဒလီၿမဳိ႕တြင္ ေနထိုင္ၾကေသာ ခ်င္းဒုကၡသည္ အေယာက္ ၁၀၀ နီးပါး ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရေၾကာင္း ႏွင့္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆံုးသူ တစ္ဦးရွိၿပီလို႕ နယူးေဒလီ ဒုကၡသည္အေရး လႈပ္ရွားသူလည္းျဖစ္ လူ႕အခြင့္အေရးတာဝန္ခံ Salai Cung Dawt က ေျပာသည္။
“က်ေနာ္တို႕ ခ်င္းေတြထဲမွာ ေရာဂါပိုးရွိတဲ့သူ အေတာ္ေလးမ်ားေနၿပီး တခ်ဳိ႕က ေရာဂါပိုးရွိတာ ေျပာရမွာ ေၾကာက္ေနၾကတယ္။ ဒါေၾကာင့္ တိတိက်က်ေတာ့ မသိႏိုင္ေသးေပမယ့္ အေယာက္ ၁၀၀ နီးပါး ရွိေနၿပီ။ အဲဒီထဲမွာ တစ္ေယာက္ကေတာ့ ကိုဗစ္နဲ႕ ၿပီးခဲ့တဲ့ရက္ပိုင္းအနည္းကဘဲ ဆံုးသြားတယ္။ Serious ျဖစ္တဲ့သူ အနည္းငယ္ရွိတယ္။” လို႕ ေျပာသည္။
အိႏိၵယႏိုင္ငံတြင္ ယခုရက္ပိုင္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္မႈႏႈန္း ေန႕စဥ္နဲ႕အမွ် သိန္းခ်ီျမင့္တက္လာၿပီးေနာက္ ေဆးရံုေဆးခန္းမ်ားတြင္ ကုတင္မ်ားမလံုေလာက္ျခင္း၊ လိုအပ္သည့္ ေဆးဝါး၊ ေအာက္စီဂ်င္မ်ား မလံုေလာက္ျခင္း ေၾကာင့္ မိမိေနအိမ္မ်ားတြင္ အဆင္ေျပသလို ကုသမႈခံယူေနၾကရေၾကာင္း Salai Cung Dawt က ယခုလို ဆက္ေျပာ ပါသည္။
“က်ေနာ္တို႕ သိတဲ့အတိုင္းဘဲ ခုခ်ိန္မွာ အိႏိၵယမွာက ကိုဗစ္ပိုးေတြ႕လူနာအရမ္းမ်ားတယ္။ ေဆးရံုမွာလည္း ကုတင္မေလာက္ဘူး၊ မဆံ့ဘူးျဖစ္ေနတယ္။ ကုသတဲ့ေဆးဝါးအျပင္ ေအာက္စီဂ်င္ကအစ လံုေလာက္မႈမရွိဘူး။ အဲဒါေၾကာင့္ ေဆးရံုေဆးခန္းေတြမွာ ေနရာမရတဲ့သူေတြမ်ားတယ္။ ဒါေၾကာင့္ အိမ္မွာဘဲ အဆင္ေျပသလို ကုသေနၾကရတယ္။” လို႕ ဆက္ေျပာပါသည္။
အိႏိၵယႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မႈ ျမင့္တက္လာေသာေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ lockdown ခ်ထားမႈမ်ားရွိေနသည့္အတြက္ ခ်င္းဒုကၡသည္မ်ား စားဝတ္ေနေရး အခက္အခဲ ေတြ႕ႀကံဳေနၾကရေၾကာင္း ႏွင့္ အိႏိၵယႏိုင္ငံတြင္ ကိုဗစ္ကာကြယ္ေဆးကိုလည္း refugee card နဲ႕ ယူလို႕မရေသာေၾကာင့္ အခက္အခဲမ်ားစြာ ေတြ႕ႀကံဳေနၾကရသည္။
အလားတူ လက္ရွိျမန္မာႏိုင္ငံျပည္တြင္းအေရးနဲ႕ပတ္သက္ၿပီး မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာၾကေသာ ျမန္မာ စစ္ေဘးေရွာင္မ်ားတြင္ ကိုဗစ္-၁၉ ေရာဂါပိုးရွိသူ ၁၀ ေယာက္ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
အိႏိၵယႏိုင္ငံတြင္ ၅ ရက္ဆက္တိုက္ ကိုဗစ္လူနာသစ္ ၃ သိန္းခြဲေက်ာ္ေတြ႕ရွိၿပီး ေန႕စဥ္နဲ႕အမွ် ေသဆံုးသူ ၂၀၀၀ ေက်ာ္ရွိေနသည့္အတြက္ ျပည္ပႏိုင္ငံအမ်ားအျပားက လိုအပ္ေသာအရာမ်ား လာေရာက္ကူညီေပးသြားမည္ျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.