Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီရောက် ချင်းဒုက္ခသည် တစ်ရာနီးပါး ကိုဗစ်ရောဂါကူးစက်ခံရဟုဆို

နယူးဒေလီရောက် ချင်းဒုက္ခသည် တစ်ရာနီးပါး ကိုဗစ်ရောဂါကူးစက်ခံရဟုဆို

0
By Editor on April 28, 2021 Khonumthung
#Unicode
ရစ်ချက် – အိန္ဒိယနိုင်ငံတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု အရှိန်အဟုန် မြင့်တက်လာသည်နဲ့အမျှ နယူးဒေလီရောက် ချင်းဒုက္ခသည်များကြားတွင်လည်း အဆိုပါရောဂါပိုးကူးစက်မှု ၁၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နေထိုင်ကြသော ချင်းဒုက္ခသည် အယောက် ၁၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တစ်ဦးရှိပြီလို့ နယူးဒေလီ ဒုက္ခသည်အရေး လှုပ်ရှားသူလည်းဖြစ် လူ့အခွင့်အရေးတာဝန်ခံ Salai Cung Dawt က ပြောသည်။
“ကျနော်တို့ ချင်းတွေထဲမှာ ရောဂါပိုးရှိတဲ့သူ အတော်လေးများနေပြီး တချို့က ရောဂါပိုးရှိတာ ပြောရမှာ ကြောက်နေကြတယ်။ ဒါကြောင့် တိတိကျကျတော့ မသိနိုင်သေးပေမယ့် အယောက် ၁၀၀ နီးပါး ရှိနေပြီ။ အဲဒီထဲမှာ တစ်ယောက်ကတော့ ကိုဗစ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအနည်းကဘဲ ဆုံးသွားတယ်။ Serious ဖြစ်တဲ့သူ အနည်းငယ်ရှိတယ်” လို့ ပြောသည်။
အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း နေ့စဉ်နဲ့အမျှ သိန်းချီမြင့်တက်လာပြီးနောက် ဆေးရုံဆေးခန်းများတွင် ကုတင်များမလုံလောက်ခြင်း၊ လိုအပ်သည့် ဆေးဝါး၊ အောက်စီဂျင်များ မလုံလောက်ခြင်း ကြောင့် မိမိနေအိမ်များတွင် အဆင်ပြေသလို ကုသမှုခံယူနေကြရကြောင်း Salai Cung Dawt က ယခုလို ဆက်ပြော ပါသည်။
“ကျနော်တို့ သိတဲ့အတိုင်းဘဲ ခုချိန်မှာ အိန္ဒိယမှာက ကိုဗစ်ပိုးတွေ့လူနာအရမ်းများတယ်။ ဆေးရုံမှာလည်း ကုတင်မလောက်ဘူး၊ မဆံ့ဘူးဖြစ်နေတယ်။ ကုသတဲ့ဆေးဝါးအပြင် အောက်စီဂျင်ကအစ လုံလောက်မှုမရှိဘူး။ အဲဒါကြောင့် ဆေးရုံဆေးခန်းတွေမှာ နေရာမရတဲ့သူတွေများတယ်။ ဒါကြောင့် အိမ်မှာဘဲ အဆင်ပြေသလို ကုသနေကြရတယ်။” လို့ ဆက်ပြောပါသည်။
အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လာသောကြောင့် နေရာတော်တော်များများတွင် lockdown ချထားမှုများရှိနေသည့်အတွက် ချင်းဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲ တွေ့ကြုံနေကြရကြောင်း နှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးကိုလည်း refugee card နဲ့ ယူလို့မရသောကြောင့် အခက်အခဲများစွာ တွေ့ကြုံနေကြရသည်။
အလားတူ လက်ရှိမြန်မာနိုင်ငံပြည်တွင်းအရေးနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာ စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀ ယောက်ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ၅ ရက်ဆက်တိုက် ကိုဗစ်လူနာသစ် ၃ သိန်းခွဲကျော်တွေ့ရှိပြီး နေ့စဉ်နဲ့အမျှ သေဆုံးသူ ၂၀၀၀ ကျော်ရှိနေသည့်အတွက် ပြည်ပနိုင်ငံအများအပြားက လိုအပ်သောအရာများ လာရောက်ကူညီပေးသွားမည်ဖြစ်သည်။
#Zawgyi
ရစ္ခ်က္ – အိႏိၵယႏိုင္ငံတြင္ ဒုတိယအႀကိမ္ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္မႈ အရွိန္အဟုန္ ျမင့္တက္လာသည္နဲ႕အမွ် နယူးေဒလီေရာက္ ခ်င္းဒုကၡသည္မ်ားၾကားတြင္လည္း အဆိုပါေရာဂါပိုးကူးစက္မႈ ၁၀၀ နီးပါး ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
အိႏိၵယႏိုင္ငံ နယူးေဒလီၿမဳိ႕တြင္ ေနထိုင္ၾကေသာ ခ်င္းဒုကၡသည္ အေယာက္ ၁၀၀ နီးပါး ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရေၾကာင္း ႏွင့္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆံုးသူ တစ္ဦးရွိၿပီလို႕ နယူးေဒလီ ဒုကၡသည္အေရး လႈပ္ရွားသူလည္းျဖစ္ လူ႕အခြင့္အေရးတာဝန္ခံ Salai Cung Dawt က ေျပာသည္။
“က်ေနာ္တို႕ ခ်င္းေတြထဲမွာ ေရာဂါပိုးရွိတဲ့သူ အေတာ္ေလးမ်ားေနၿပီး တခ်ဳိ႕က ေရာဂါပိုးရွိတာ ေျပာရမွာ ေၾကာက္ေနၾကတယ္။ ဒါေၾကာင့္ တိတိက်က်ေတာ့ မသိႏိုင္ေသးေပမယ့္ အေယာက္ ၁၀၀ နီးပါး ရွိေနၿပီ။ အဲဒီထဲမွာ တစ္ေယာက္ကေတာ့ ကိုဗစ္နဲ႕ ၿပီးခဲ့တဲ့ရက္ပိုင္းအနည္းကဘဲ ဆံုးသြားတယ္။ Serious ျဖစ္တဲ့သူ အနည္းငယ္ရွိတယ္။” လို႕ ေျပာသည္။
အိႏိၵယႏိုင္ငံတြင္ ယခုရက္ပိုင္း ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္မႈႏႈန္း ေန႕စဥ္နဲ႕အမွ် သိန္းခ်ီျမင့္တက္လာၿပီးေနာက္ ေဆးရံုေဆးခန္းမ်ားတြင္ ကုတင္မ်ားမလံုေလာက္ျခင္း၊ လိုအပ္သည့္ ေဆးဝါး၊ ေအာက္စီဂ်င္မ်ား မလံုေလာက္ျခင္း ေၾကာင့္ မိမိေနအိမ္မ်ားတြင္ အဆင္ေျပသလို ကုသမႈခံယူေနၾကရေၾကာင္း Salai Cung Dawt က ယခုလို ဆက္ေျပာ ပါသည္။
“က်ေနာ္တို႕ သိတဲ့အတိုင္းဘဲ ခုခ်ိန္မွာ အိႏိၵယမွာက ကိုဗစ္ပိုးေတြ႕လူနာအရမ္းမ်ားတယ္။ ေဆးရံုမွာလည္း ကုတင္မေလာက္ဘူး၊ မဆံ့ဘူးျဖစ္ေနတယ္။ ကုသတဲ့ေဆးဝါးအျပင္ ေအာက္စီဂ်င္ကအစ လံုေလာက္မႈမရွိဘူး။ အဲဒါေၾကာင့္ ေဆးရံုေဆးခန္းေတြမွာ ေနရာမရတဲ့သူေတြမ်ားတယ္။ ဒါေၾကာင့္ အိမ္မွာဘဲ အဆင္ေျပသလို ကုသေနၾကရတယ္။” လို႕ ဆက္ေျပာပါသည္။
အိႏိၵယႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မႈ ျမင့္တက္လာေသာေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ lockdown ခ်ထားမႈမ်ားရွိေနသည့္အတြက္ ခ်င္းဒုကၡသည္မ်ား စားဝတ္ေနေရး အခက္အခဲ ေတြ႕ႀကံဳေနၾကရေၾကာင္း ႏွင့္ အိႏိၵယႏိုင္ငံတြင္ ကိုဗစ္ကာကြယ္ေဆးကိုလည္း refugee card နဲ႕ ယူလို႕မရေသာေၾကာင့္ အခက္အခဲမ်ားစြာ ေတြ႕ႀကံဳေနၾကရသည္။
အလားတူ လက္ရွိျမန္မာႏိုင္ငံျပည္တြင္းအေရးနဲ႕ပတ္သက္ၿပီး မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာၾကေသာ ျမန္မာ စစ္ေဘးေရွာင္မ်ားတြင္ ကိုဗစ္-၁၉ ေရာဂါပိုးရွိသူ ၁၀ ေယာက္ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
အိႏိၵယႏိုင္ငံတြင္ ၅ ရက္ဆက္တိုက္ ကိုဗစ္လူနာသစ္ ၃ သိန္းခြဲေက်ာ္ေတြ႕ရွိၿပီး ေန႕စဥ္နဲ႕အမွ် ေသဆံုးသူ ၂၀၀၀ ေက်ာ္ရွိေနသည့္အတြက္ ျပည္ပႏိုင္ငံအမ်ားအျပားက လိုအပ္ေသာအရာမ်ား လာေရာက္ကူညီေပးသြားမည္ျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.