Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား CDM ဝင်ကြရန် CDF-Hualngoram က သတိပေးထုတ်ပြန်

နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား CDM ဝင်ကြရန် CDF-Hualngoram က သတိပေးထုတ်ပြန်

0
By Editor on November 13, 2023 Khonumthung

(003PT)

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ဝင်ကြရန် CDF-Hualngoram နှင့် Hualngo -ram CDM Department အဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပူးတွဲသတိပေးထုတ်ပြန်လိုက်သည်။

CDF-Hualngoram ဒေသအတွင်းရှိ ဝန်ထမ်း၏ ၆၅ ရာခိုင်းနှုန်းခန့်မှာ Non-CDM ဖြစ်ကြပြီး အများစုမှာ အခြေအနေ အမျိုးမျိုးအကြောင်းပြကာ CDM မဝင်ကြသေးသည့်အတွက် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်ဟု Hualngoram CDM Department ဥက္ကဌ Pu Kima ကပြောသည်။

“ကျွန်တော်တို့ဒေသမှာ Non-CDM ကင်းစင်ဖို့၊ စစ်အစိုးရကို အားပေးတဲ့လူမရှိစေချင်လို့ ပြီး‌တော့ ကျွန်တော်တို့ ဒေသခံ အချင်းချင်းမှာ စိတ်၀◌မ်းကွဲမှု မရှိလေအောင်၊ အဲ့ဒီအလုပ်ကနေ အပြီးပိုင်ထွက်ပြီဆိုရင် သာမန် အရပ်သာလိုပဲ အစိုးရ ဝန်ထမ်းမဟုတ်တော့ သူတို့ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးချင်လို့ဖြစ်ပါတယ်” Pu Kima က ပြောသည်။

CDM ဝင်လိုသူများအနေဖြင့် မိမိထမ်းဆောင်နေသည့်တာဝန်မှ ရပ်ဆိုင်းကြောင်း ဝန်ခံကတိစာနှင့်အတူ လူကိုယ်တိုင် CDF-Hualngoram ဌာနချုပ်ရှိ Hualngoram CDM Department ဌာနသို့ CDM ဝင်ကြောင်း လာရောက် စာတင်သူကိုသာလျှင် CDM ပြုလုပ်သူအဖြစ် အသိမှတ်ပြုမှာဖြစ်ပြီး၊ ဖုန်း၊ အွန်လိုင်းမှတစ်ဆင့် စာပေးပို့ခြင်းတို့ဖြင့် အကြောင်းကြားခြင်းတို့ကို လက်ခံမည်မဟုတ်သလို CDM အဖြစ် အသိမှတ်ပြုမည်မဟုတ်ကြောင်း CDF-Hualngoram က ဆိုသည်။

“စားရင်ပို့တယ်ဆိုတာလည်း ကျွန်တော်တို့စာရွက်ကလေးနဲ့ လာယူတဲ့ဟာကိုပဲ ကျွန်တောတို့ အတည်ပြုတယ်။ စာရွက်နဲ့ မပို့ပဲနဲ့ ဖုန်းနဲ့ပြောတာမျိုး ပြီးတော့၊ Messenger တို့ Whatsapp တို့ကနေ ပို့လာတဲ့ဟာမျိုး ကျွန်တော်တို့ လက်မခံဘူး ပို့တဲ့သူလည်း အများကြီးရှိတယ် ဒါပေမဲ့ ကျွန်တော်တို့ အတည်မပြုရဲဘူးပေါ့နော်” ဟု Hualngoram CDM Department ဥက္ကဌကပြောသည်။

သတ်မှတ်ချိန်အတွင်း CDM ပြုလုပ်ခြင်းမရှိသော ၀◌န်ထမ်းများကို CDF-Hualngoram ဒေသအတွင်း နေထိုင်ခွင့် နှင့် ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်တော့ကြောင်း၊ CDF-Hualngoram ဒေသအတွင်း ဆက်လက်နေထိုင်မှု တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီးနောက် ယခုအချိန်ထိ CDF-Hualngoram ထိန်းချုပ်နယ်မြေဒေသအတွင်း ပညာရေး၊ ကျန်းမာရေး နဲ့ ရဲ စသည့် ဝန်ထမ်းများမှ CDM ဝင်လာသူ အယောက် ၁၂၀ ကျော်ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့် ၄၅ ခန့်ရှိကြောင်း သိရသည်။

ချင်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော CDF-Hualngoram သည် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်အတွင်း ရှိ ဟွာလ်ငိုတောင်ကြောဒေသအတွင်း စစ်ရေးလှုပ်ရှားနေသောအဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.