Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

0
By Editor on November 24, 2026 Khonumthung

စစ်တပ်အစိုးရနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆို

(006SV)

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ မြန်မာအပေါ် ချမှတ်ခဲ့သော စီရင်ချက်များကို သဘောတူ လက်ခံခြင်း မရှိကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) က နိုဝင်ဘာလ ၂၃ ရက်မှာ ထုတ်ပြန်သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုသောအမှုနှင့်ပတ်သက်၍ ICJ တရားရုံးက လူမျိုးသုဉ်းသတ်ဖြတ်မှု (ဂျီနိုဆိုက်)အဖြစ် နိုဝင်ဘာလ ၁၉ ရက်က အမိန့်ချမှတ်ခဲ့သော စီရင်ချက်အပေါ် သဘောတူ လက်ခံခြင်း မရှိကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီက ထုတ်ပြန်လာခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်တွေက မြန်မာနိုင်ငံအပေါ်မှာ အကျိုးသက်ရောက်မှုက ကျနော်တို့ လူမျိုးတွေအတွက်ရော နိုင်ငံတော် အတွက်ရော ထိခိုက်မှု အများကြီး ဖြစ်နိုင်တာပေါ့။ ကျနော်တို့ ဒီနိုင်ငံရေးပါတီလည်း ဖြစ်တယ်၊ တိုင်းရင်းသား ပါတီလည်း ဖြစ်တယ်ပေါ့။ ဒီဟာက နိုင်ငံတော်ကို အခြားနိုင်ငံတစ်ခုကနေ အဓမ္မပြုကျင့်တဲ့ ဥစ္စာကိုပေါ့၊ ကျနော်တို့ လူမျိုးအနေနဲ့ရော၊ ပါတီအနေနဲ့ရော လက်မခံနိုင်ဘူးဆိုပြီး CEC အစည်းအဝေးမှာ ဆုံးဖြတ်ပြီး ထုတ်တာပါ။ ပါတီအနေနဲ့ အခြား တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီး ကိုယ့်နိုင်ငံကို တစ်ပါးနိုင်ငံကနေ ဒီလို မတရားလုပ် တာမျိုးတွေ ကာကွယ်ရမှာပေါ့။ အခုဥစ္စာက ရခိုင်ပြည်နယ်ဘက်က အစိတ်အပိုင်းတစ်ခု ဆိုပေမယ့် တစ်နိုင်ငံလုံးနဲ့ ဆိုင်တာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံ အချုပ်အခြာကို ထိပါးလာတာမျိုး ဆိုရင် ဒို့တာဝန်အရေးသုံးပါး အတိုင်းပဲ ရပ်တည်ပြီး ကာကွယ်ရမှာပါ” ဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဥက္ကဌ ဦးစိုးထက်က ပြောသည်။

ICJ ၏ စီရင်ချက်သည် မြန်မာ၏ အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနှင့် နိုင်ငံတော် အကျိုးစီးပွားတို့ကို ထိခိုက်စေသည့်အပြင် မြေပြင်ပကတိအခြေအနေမှန်များနှင့် ကင်းကွာနေကြောင်း တွေ့ရှိရသည်ဟု NCC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပြည်သူလူထုအနေဖြင့် ICJ နှင့် နိုင်ငံတကာ ဆုံးဖြတ်ချက်များအပေါ် စိုးရိမ်ပူပင်မှု လွန်ကဲခြင်း မရှိကြရန်နှင့် ချင်းပြည်သစ် ကွန်ဂရက်ပါတီသည် အာဏာသိမ်းစစ်တပ် အစိုးရ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဟု NCC က ထုတ်ပြန်သည်။

“ဒီ ICJ ရဲ့ ထုတ်ပြန်မှုအပေါ်မှာ တချို့ စိုးရိမ်ပူပန်မှု ရှိတာပေါ့လေ။ နိုင်ငံတော်ပိုင်းကရော ပြည်သူလူထုပိုင်းကရော တာဝန်ရှိတဲ့သူတွေရော စိုးရိမ်ကြောင့်ကြမှု ရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံမှာလည်း တတ်သိနားလည်တဲ့ ပညာရှင်တွေလည်း အများကြီး ရှိတာပဲလေနော်။ ဒါ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ဆိုတာပေါ့၊၊ တောက်လျှောက်လည်း တရားရုံးမှာလည်း သွားပြီး ကာကွယ်ပြောဆိုတာတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်လာတဲ့အပေါ်မှ ကျနော်တို့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက် အစဉ်တစိုက် ကျနော်တို့ နိုင်ငံကလည်း ကာကွယ်စောင့်ရှောက်သွားမယ်၊ ကျနော်တို့ လူမျိုးတွေရော နိုင်ငံရေးပါတီတွေရော ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက် ရပ်တည်သွားကြရမှာပဲလေ။ နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်ဆိုတိုင်းလည်း အားလုံး မှန်နိုင်တာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်နိုင်ငံအပေါ်မှာ ဒီလို ထိခိုက်မှု များနိုင်တဲ့၊ အကျိုးယုတ်စေတဲ့ ဟာမျိုးကိုတ ကာကွယ်သွားဖို့ပဲ ဆောင်ရွက်သွားမှာပါ” ဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ဥက္ကဌ ဦးစိုးထက်က ပြောသည်။

ICJ စီရင်ချက်၏ ဆုံးဖြတ်ချက် အမှတ်စဉ် (၁) နှင့် (၂) တို့ကို ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် ကပ်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တရားရုံး ဒုတိယဥက္ကဌနှင့် သက်တမ်းအရင့်ဆုံး တရားသူကြီးများအပါအဝင် တရားသူကြီး ၆ ဦးက တရားရုံးသည် အစဉ်အလာ သက်သေခံ ခိုင်လုံမှုစံနှုန်းမှ သွေဖယ်ခဲ့ကြောင်း ထောက်ပြသည်ကို တွေ့ရသည်ဟု NCC ဆိုသည်။

ကျွမ်းကျင်မှုနှင့် လုပ်ပိုင်ခွင့် မရှိသည့် FFM နှင့် NGOs တို့၏ တစ်ဆင့်ကြားအစီရင်ခံစားများအပေါ် အခြေခံထားခြင်းမှာ တရားမျှမှု မရှိကြောင်း NCC ထုတ်ပြန်သည်။

၂၀၁၆ – ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆောင်ရွက်ခဲ့သော စစ်တပ်၏ စစ်ဆင်ရေးများသည် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သော ကန့်သတ်ထိန်းချုပ် စစ်ဆင်ရေးသာဖြစ်ပြီး လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက် မရှိကြောင်း စစ်တပ်၏ လုပ်ဆောင်ချက်ကို ချင်းပြည်သစ်ကွန်ဂရက်ပါတီက ထောက်ခံသည်။

ICJ တရားရုံးစီရင်ချက်ကို အချိန်ယူ၍ အလေးထားလေ့လာသွားမည်ဖြစ်ကြောင်း စစ်တပ်အစိုးရ၏ နိုင်ငံရေးခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၀ ရက် ထုတ်ပြန်ချက်ကို NCC ပါတီအနေဖြင့် ထောက်ခံသည်ဟု သိရသည်။
မြန်မာ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီထံမှ သိရသည်။

ICJ တရားရုံး၏ အယူခံဝင်ခွင့်မရှိသော စီရင်ချက်များတွင် မြန်မာသည် ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်ခဲ့ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ မိမိတို့၏ တာဝန်ရှိမှုများနှင့် သတ်ဖြတ်မှု ကျူးလွန်မှုများကို တားဆီးရန် ချိုးဖောက်ခဲ့ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူအဖြစ် သံသယရှိသူ အားလုံးကို စုံစမ်းစစ်ဆေး အရေးယူရမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများအတွက် ပြန်လည်ကုစားမှုနှင့် လျော်ကြေးပေးရမည်ဖြစ်ကြောင်း စီရင်ချက်အပါအဝင် ၁၃ ချက်ကို ချမှတ်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နိုင်ငံတဝန်း စစ်တပ်၏ ဒုတိယအကြီးဆုံး ထိုးစစ်ကို ခုခံကာကွယ်ထားနိုင်ကြောင်း CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ပြော

ချင်းနိုင်ငံရေးသမား ဒေါက်တာငိုင်းတမ်မောင်း NUG အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာ

ဖလမ်း၊ ဟားခါး၊ တီးတိန်တို့မှာ တည်ဆောက်ရေးလုပ်ငန်းများအတွက် ပို့မလောက်ဖြစ်နေဟု လွှတ်တော်မှာ မင်းအောင်လှိုင် ညည်းတွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 24, 2026

ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

November 23, 2026

နိုင်ငံတဝန်း စစ်တပ်၏ ဒုတိယအကြီးဆုံး ထိုးစစ်ကို ခုခံကာကွယ်ထားနိုင်ကြောင်း CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ပြော

November 23, 2026

UNHCR ဝန်ဆောင်မှုတချို့ ရပ်ဆိုင်းခြင်းကြောင့် မလေးရောက်ချင်းလူမျိုးများ လုံခြုံရေး သတိပြုနေထိုင်ရန် ACR နှင့် CRC ထုတ်ပြန်

November 23, 2026

ကျွန်ုပ်တို့၏ ရင်သွေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားရာ တစ်ချို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ပါသည်။ မိဘများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ ကလေးများကို အမြဲတမ်း သတိပေးလမ်းညွှန်နေရန် လိုအပ်ပါသည်။

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.