• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝတွင် AA အခြေချမှု အစိုးရနှင့် CNF တို့ အမြန်ဆုံး တာဝန်ယူဖြေရှင်းသင့်ဟု ချင်းငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ပြော

ပလက်ဝတွင် AA အခြေချမှု အစိုးရနှင့် CNF တို့ အမြန်ဆုံး တာဝန်ယူဖြေရှင်းသင့်ဟု ချင်းငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ပြော

0
By Editor on May 12, 2020 Headline

#Zawgyi

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) အခြေချနေထိုင်သည့်ကိစ္စကို နိုင်ငံတော်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မှ အမြန်ဆုံး တာဝန်ယူဖြေရှင်းသင့်သည် ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကော်မ တီ ( Chin Peace and Tranquility Committee –CPTC) ကပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များ ပလက်ဝမြို့နယ်တွင် အခြေချနေထိုင်ခြင်းသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရေးကော်မတီနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အပိုဒ် (၈)(ဂ) ပါရှိသော “ချင်းပြည်နယ်အတွင်း၊ မြန်မာ့တပ်မတော်၊ အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့သာ နေရာချထားခွင့်ပြုရန်သဘောတူသည်” ဆိုသည့်အချက်ကို မတရားချိုးဖောက်ရာရောက်သည့်အတွက် ထိုကိစ္စကို တိုက်ရိုက်သက်ဆိုင်သော နိုင်ငံတော်အစိုးရနှင့် CNF တို့မှ အမြန်ဆုံး တာဝန်ယူဖြေရှင်းသင့်သည်ဟု ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကော်မတီ၏ မေလ ၈ ရက်နေ့ကထုတ်ပြ န်သော ကြေညာချက်တွင်ဖော်ပြထားသည်။

ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး Rev. Tluang Ceu က “ချင်းပြည်နယ်သမိုင်းမှာ အဆိုးဝါးဆုံးအခြေအနေရောက်နေတယ်၊ ချင်းပြည်နယ်မှာ ဒီလိုတိုက်ပွဲတွေ CNF နဲ့ အစိုးရတပ်လည်းပဲ တိုက်ပွဲတွေကြီးကြီးကျယ်ကျယ်မရှိခဲ့ဘူး တခြားတိုက်ပွဲတွေလည်းမရှိခဲ့ဘူး အခုတော့ AA တွေနဲ့ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ ချင်းပြည်နယ်သမိုင်းတစ်လျှောက်လုံးမှာ ဒီလောက်ထိ ဆိုးဝါးတဲ့အခြေအနေ မရှိခဲ့ဖူးဘူး ဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တော်တော်စဉ်းစားလို့ခက်တယ် ကျနော်တို့ဆိုလိုချင်တာက CNF နဲ့ အစိုးရက တကယ့်ကိုတာဝန်ယူပြီးတော့ ချင်းပြည်နယ်ကနေ AA ကို နှင်ထုတ်ဖို့ကတော့ အဓိကကျတယ်လို့မြင်တယ်” ဟု ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား ၂၀၁၅ ခုနှစ်ကစ၍ တိုက်ပွဲဖြစ် ပွားလာသည်မှာ (၅) နှစ်ခန့်ကြာမြင့်လာပြီဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် ပလက်ဝမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၅၀) ဦးခန့်သေဆုံးခဲ့ပြီး လူဦးရေ (၆၇၅၇) မိသားစု (၁၅၅၀) စုတို့သည် မိမိနေရပ်ကို စွန့်ခွါကာ စစ်ဘေး ရှောင် ဒုက္ခသည်များအဖြစ် ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် ခက်ခက်ခဲခဲနေထိုင်ခိုလုံနေကြရသည်ဟု ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကော်မတီကပြောသည်။

ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကော်မတီ၏ ကြေညာချက်နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ချင်းပြည်နယ်မှာ AA မရှိဖို့က ချင်းလူမျိုးတိုင်းမှာ ရှိနေတဲ့ ဆန္ဒပါပဲ၊ CNF ရဲ့ သဘောထားနဲ့ ထပ်တူပါပဲ၊ AA အနေနဲ့ ဒါကို ထည့်မတွက်ဘူး ဆိုယင်တော့ ဖြစ်လာမည့် ပြသနာ ဆိုးကျိုးက အားလုံးအတွက် မကောင်းဘူး” ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အကြားတိုက်ပွဲကြောင့် ကျေးရွာများပျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့် အခြားသော ညှင်းပန်းနှိပ်စက်ခြင်း ဖမ်းဆီးခြင်းများ ခံစားကြုံတွေ့နေရခြင်းသည် ချင်းလူမျိုးများ၏ သမိုင်းတစ်လျှောက်တွင် မကြုံစဘူးသောအဆိုးဝါးဆုံးဖြစ်ပျက်မှုတစ်ခုဖြစ်ပြီး တိုက်ပွဲကြောင့် သေဆုံးသွားကြသည့် အပြစ်မဲ့ပြည်သူများ၊ ဒဏ်ရာရရှိသူများ နှင့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လျှော်ကြေးမှအစ၊ ၎င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနှင့် နေရပ်တွင် လုံခြုံစွာပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး စသည့် ကိစ္စအ၀၀အတွက် နိုင်ငံတော်အစိုးရမှ တာဝန်ရှိရှိ၊ တာဝန်သိသိဖြင့် တာဝန်ယူဆောင် ရွက်ပေးသင့်သည်ဟု ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကော်မတီ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အနေဖြင့် တိုက်ပွဲများရပ်ဆိုင်းပြီး ယခုလက်ရှိ တစ်ကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းနေကြရသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချူပ်၊ကုသရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်လုပ်ဆောင်သင့်သည်ဟု ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကော်မတီက တိုက်တွန်းထားသည်။


ချင်းငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကော်မတီသည် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အစိုးရအကြား ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ကူညီဆောင်ရွက်ပေးခဲ့သည့်အဖွဲ့ဖြစ်ပြီး အပစ်အခတ်ရပ်ဆဲရေးသဘောတူညီချက် စာချူပ်တွင်လည်း အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့သည်။


#Unicode

#Zawgyi

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) အခြေချနေထိုင်သည့်ကိစ္စကို နိုင်ငံတော်အစိုးရနှင့် ချင်းအမျိူးသားတပ်ဦး (CNF) တို့မှ အမြန်ဆုံး တာဝန်ယူဖြေရှင်းသင့်သည် ချင်းငြိမ်းချမ်းရေးအကျိူးတော်ဆောင်ကော်မ တီ ( Chin Peace and Tranquility Committee –CPTC) ကပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များ ပလက်ဝမြို့နယ်တွင် အခြေချနေထိုင်ခြင်းသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရေးကော်မတီနှင့် ချင်းအမျိူးသားတပ်ဦး (CNF) တို့ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အပိုဒ် (၈)(ဂ) ပါရှိသော “ချင်းပြည်နယ်အတွင်း၊ မြန်မာ့တပ်မတော်၊ အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ချင်းအမျိူးသားတပ်မတော် (CNA) တို့သာ နေရာချထားခွင့်ပြုရန်သဘောတူသည်” ဆိုသည့်အချက်ကို မတရားချိူးဖောက်ရာရောက်သည့်အတွက် ထိုကိစ္စကို တိုက်ရိုက်သက်ဆိုင်သော နိ်ုင်ငံတော်အစိုးရနှင့် CNF တို့မှ အမြန်ဆုံး တာဝန်ယူဖြေရှင်းသင့်သည်ဟု ချင်းငြိမ်းချမ်းရေးအကျိူးတော်ဆောင်ကော်မတီ၏ မေလ ၈ ရက်နေ့ကထုတ်ပြ န်သော ကြေညာချက်တွင်ဖော်ပြထားသည်။

ချင်းငြိမ်းချမ်းရေးအကျိူးတော်ဆောင်ကော်မတီ အတွင်းရေးမှူး Rev. Tluang Ceu က “ချင်းပြည်နယ်သမိုင်းမှာ အဆိုးဝါးဆုံးအခြေအနေရောက်နေတယ်၊ ချင်းပြည်နယ်မှာ ဒီလိုတိုက်ပွဲတွေ CNF နဲ့ အစိုးရတပ်လည်းပဲ တိုက်ပွဲတွေကြီးကြီးကျယ်ကျယ်မရှိခဲ့ဘူး တခြားတိုက်ပွဲတွေလည်းမရှိခဲ့ဘူး အခုတော့ AA တွေနဲ့ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ ချင်းပြည်နယ်သမိုင်းတစ်လျှောက်လုံးမှာ ဒီလောက်ထိ ဆိုးဝါးတဲ့အခြေအနေ မရှိခဲ့ဖူးဘူး ဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တော်တော်စဉ်းစားလို့ခက်တယ် ကျနော်တို့ဆိုလိုချင်တာက CNF နဲ့ အစိုးရက တကယ့်ကိုတာဝန်ယူပြီးတော့ ချင်းပြည်နယ်ကနေ AA ကို နှင်ထုတ်ဖို့ကတော့ အဓိကကျတယ်လို့မြင်တယ်” ဟု ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား ၂၀၁၅ ခုနှစ်ကစ၍ တိုက်ပွဲဖြစ် ပွားလာသည်မှာ (၅) နှစ်ခန့်ကြာမြင့်လာပြီဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် ပလက်ဝမြို့နယ်မှ အပြစ်မဲ့ပြည်သူ (၅၀) ဦးခန့်သေဆုံးခဲ့ပြီး လူဦးရေ (၆၇၅၇) မိသားစု (၁၅၅၀) စုတို့သည် မိမိနေရပ်ကို စွန့်ခွါကာ စစ်ဘေး ရှောင် ဒုက္ခသည်များအဖြစ် ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် ခက်ခက်ခဲခဲနေထိုင်ခိုလုံနေကြရသည်ဟု ချင်းငြိမ်းချမ်းရေး အကျိူးတော်ဆောင်ကော်မတီကပြောသည်။

ချင်းငြိမ်းချမ်းရေး အကျိူးတော်ဆောင်ကော်မတီ၏ ကြေညာချက်နှင့်ပတ်သက်၍ ချင်းအမျိူးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ချင်းပြည်နယ်မှာ AA မရှိဖို့က ချင်းလူမျိုးတိုင်းမှာ ရှိနေတဲ့ ဆန္ဒပါပဲ၊ CNF ရဲ့ သဘောထားနဲ့ ထပ်တူပါပဲ၊ AA အနေနဲ့ ဒါကို ထည့်မတွက်ဘူး ဆိုယင်တော့ ဖြစ်လာမည့် ပြသနာ ဆိုးကျိုးက အားလုံးအတွက် မကောင်းဘူး” ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အကြားတိုက်ပွဲကြောင့် ကျေးရွာများပျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခြင်းနှင့် အခြားသော ညှင်းပန်းနှိပ်စက်ခြင်း ဖမ်းဆီးခြင်းများ ခံစားကြုံတွေ့နေရခြင်းသည် ချင်းလူမျိူးများ၏ သမိုင်းတစ်လျှောက်တွင် မကြုံစဘူးသောအဆိုးဝါးဆုံးဖြစ်ပျက်မှုတစ်ခုဖြစ်ပြီး တိုက်ပွဲကြောင့် သေဆုံးသွားကြသည့် အပြစ်မဲ့ပြည်သူများ၊ ဒဏ်ရာရရှိသူများ နှင့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လျှော်ကြေးမှအစ၊ ၎င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးနှင့် နေရပ်တွင် လုံခြုံစွာပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး စသည့် ကိစ္စအဝ၀အတွက် နိုင်ငံတော်အစိုးရမှ တာဝန်ရှိရှိ၊ တာဝန်သိသိဖြင့် တာဝန်ယူဆောင် ရွက်ပေးသင့်သည်ဟု ချင်းငြိမ်းချမ်းရေးအကျိူးတော်ဆောင်ကော်မတီ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အနေဖြင့် တိုက်ပွဲများရပ်ဆိုင်းပြီး ယခုလက်ရှိ တစ်ကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းနေကြရသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချူပ်၊ကုသရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်လုပ်ဆောင်သင့်သည်ဟု ချင်းငြိမ်းချမ်းရေးအကျိူးတော်ဆောင်ကော်မတီက တိုက်တွန်းထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံးကတော့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်၊ ကုသရေးနှင့် ထိန်းချူပ်ရေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ၃ လကျော်အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ချင်းငြိမ်းချမ်းရေးအကျိူးတော်ဆောင်ကော်မတီသည် ချင်းအမျိူးသားတပ်ဦး (CNF) နှင့် အစိုးရအကြား ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ကူညီဆောင်ရွက်ပေးခဲ့သည့်အဖွဲ့ဖြစ်ပြီး အပစ်အခတ်ရပ်ဆဲရေးသဘောတူညီချက် စာချူပ်တွင်လည်း အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့သည်။

ထို့အပြင် အဆိုပါသဘောတူညီချက်စာချူပ်ပါအချက်များ နှစ်ဖက်အဖွဲ့အစည်းများမှ လိုက်နာမှုရှိမရှိ လေ့လာစောင့်ကြည့်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.