• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝအနီးတိုက်ပွဲကြောင့် ၂ ရက်အတွင်း အရပ်သား ၄ ဦးသေဆုံး
ပလက်ဝအနီးတိုက်ပွဲကြောင့် ၂ ရက်အတွင်း အရပ်သား ၄ ဦးသေဆုံး
0
By Editor on April 23, 2020 Headline
#Zawgyi
လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူများမှာ  မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ဒေါ်အက်စတာ အသက် (၂၈)နှင့်သမီး မိုင်ဧလိဇဘတ် မိုးမိုးအောင် အသက်(၄)နှစ် ၊ မောင်အောင်နိုင်ဝင်း အသက် (၉) နှစ်နှင့် ဒေါ်သန်းသန်းဝင်း အသက် (၄၉) နှစ်တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ ဦးလောဟာကီး အသက် (၄၅)၊ ဦးလှသိန်းအောင် အသက် (၅၀)နှင့် အွေ့လုံးယဒ် အသက်(၂၄) တို့ဖြစ်ကြသည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် AA အဖွဲ့တို့လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ပြီး အရပ်သားသေဆုံးမှုများ ရှိလာသည့်အခါ တဖက်နှင့်တဖက် စွပ်စွဲလွှဲချလေ့ရှိပြီး အမှန်တကယ်ပစ်ခတ်သူများကို ရှာဖွေဖော်ထုတ်သင့်သည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“အဲဒီဗုံးတွေ ကျည်တွေက နှစ်ဖက်တပ်ဖွဲ့ကနေပြီးတော့ ပစ်နေပြီဆိုလို့ရှိရင် သူတို့ လူထုပေါ်မှာရောက်တာနဲ့က  ပိုင်ရှင်မဲ့ဖြစ်သွားလေ့ရှိတာက ပြသာနာ အခုဟာလည်းပဲ ဘယ်သူု့ရဲ့ကျည်ဖြစ်တယ်ဘယ်သူ့လက်ချက်ဖြစ်တယ် အပြန်အလှန်စွပ်စွဲနေတဲ့ဟာက အဲဒါကတော်တော်လေးကို တာဝန်မယူရဲတဲ့လုပ်ရပ်ဖြစ်နေတယ်၊ ကြိုက်သလိုရမ်းကားပြီးပစ်တယ် လူထုကိုထိတယ်ဆိုရင်လည်းပဲ ဘာမှ ပြသာနာမရှိဘူး ဟိုအဖွဲ့ကို ငါလွှဲချလိုက်ရင်ရတယ် ဆိုတဲ့ပေါ့ဆမှုဖြစ်သွားစေတယ် ဒီလိုပိုင်ရှင်မဲ့ကျည်တွေကို တကယ့်ပိုင်ရှင်တွေကို ရှာဖွေဖို့လိုတယ် လွှတ်လပ်တဲ့အဖွဲ့အစည်းတွေကနေဖော်ထုတ်ဖို့လိုတယ်၊ ဘယ်ဖက်ကပစ်တယ်ဆိုတာကို ဖော်ထုတ်ပေးနိုင်တဲ့နည်းလမ်းတွေ ကျနော်တို့ရှာဖို့လိုတယ် ဒီအစိုးရကလည်းဒါကို ဘယ်လောက်ထိတံခါးဖွင့်ပေးနိုင်မလဲ ဒါမှမဟုတ် ပြည်သူလူထုဘက်က  ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေကရော ကျနော်တို့ဘယ်လောက်ထိအောင်လုပ်နိုင်မလဲဆိုတာက အရေးကြီးတယ်”  ဟု  ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
Covid-19 ကပ်ရောဂါ ကမ္ဘာတ၀န်းဖြစ်ပွားနေသည့် ယနေ့လိုကာလမျိုးတွင် တိုက်ပွဲများရပ်တန့်သင့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏  ပလက်ဝစားနပ်ရိက္ခာအရေးနှင့်ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် စစ်ပွဲများရပ်တန့်ရန်မတောင်းဆိုဘဲ တပ်မတော်ကို ချီးကျူးစကားထည့်သွင်းပြောဆိုခဲ့ မှုသည် လုံးဝမသင့်လျော်သည့်ကိစ္စဖြစ်သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆက်ပြောသည်။
နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်၏ အဆိုပါကြေညာချက်တွင် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားအရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြုချီးကျူးဂုဏ်ပြုသည်ဟု ပါရှိသည်။
#Unicode
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နှင့်အနီးအဝိုက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA) တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲအတွင်း လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်မှုများကြောင့် ၂ ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။
ဧပြီလ ၂၂ ရက်နေ့ကဖြစ်ပွားသည့် အဆိုပါတိုက်ပွဲတွင် ပလက်ဝမြိုလယ် မြန်မာ့စီးပွားရေးဘဏ်ဝင်းအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အသက် ၂၈ နှစ်အရွယ် ဘဏ်ဝန်ထမ်းတဦးပွဲချင်းပြီးသေဆုံးခဲ့သည်။ အလားတူဧပြီလ ၂၁ ရက်နေ့ကလည်း ပလက်ဝမြို့အရှေ့ဘက်ကမ်း မီးလက်ဝကျေးရွာအနီး စိုက်ခင်းတွင် ဟင်းခူးနေသည့် အသက် ၄၉ နှစ်အရွယ် အမျိူးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်၍သေဆုံးခဲ့သည်။
လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူများမှာ  မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ဒေါ်အက်စတာ အသက် (၂၈)နှင့်သမီး မိုင်ဧလိဇဘတ် မိုးမိုးအောင် အသက်(၄)နှစ် ၊ မောင်အောင်နိုင်ဝင်း အသက် (၉) နှစ်နှင့် ဒေါ်သန်းသန်းဝင်း အသက် (၄၉) နှစ်တို့ဖြစ်ကြပြီး ဒဏ်ရာရရှိသူများမှာ ဦးလောဟာကီး အသက် (၄၅)၊ ဦးလှသိန်းအောင် အသက် (၅၀)နှင့် အွေ့လုံးယဒ် အသက်(၂၄) တို့ဖြစ်ကြသည်ဟု ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက “မြို့တစ်ဖက်ကမ်းမှာ တပ်ကတော့ ထိုးစစ်ဆင်တယ်ထင်တယ် တိုက်ပွဲဖြစ်တာ အဲဒါ လက်နက်ကြီးတွေဘာတွေ ဒီဘက်ကိုရောက်လာတယ် အဲဒီမှာ ဘဏ်မှာကျသွားတယ် သေဆုံးမှုတွေရှိတယ် ဝန်ထမ်း (၂) ဦးကတော့ အခုဆေးကုသမှုခံယူနေတယ်၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ပါဘူး” ဟုပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် ပိုမိုပြင်းထန်လာနေပြီး ပလက်ဝမြို့ပေါ်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု ခတ်စိတ်စိတ်ရှိလာသည့်အတွက် မြို့ပေါ်နေပြည်သူများလည်း အသက်အိုးအိမ်လုံခြုံမှုမရှိတော့ကြောင်း ၎င်းကဆက်ပြောသည်။
ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က “ပလက်ဝမြို့တစ်ဝိုက်မှာက AA ကဝင်ထွက်နေတာက လနဲ့ ချီရှိနေပြီ အရင်တိုက်ပွဲမရှိတာက တပ်ဘက်ကမပစ်ဘူးပေါ့နော် တိုက်ပွဲကမဖြစ်လေလေ AA ကဝင်လေလေဖြစ်နေတာပဲ အဲဒီတော့ AA က မြို့ထဲထိကို သေနတ်ကိုင်ပြီးတော့ ဝင်ထွက်နေတယ်ဆိုတာ ကျနော်တို့ကြားတယ် အဲဒီတော့ မနေ့ကဖြစ်တဲ့ အနေအထားဆိုလို့ရှိရင် ဒီကျောက်တော်ကြီးဘုရားတောင်ကျောပေါ်မှာရှိတဲ့ AA တွေအခြေချတဲ့နေရာရယ်  နောက်ပလက်ဝမြို့အရှေ့ဖက်ကမ်း ၂၈၉ ကုန်းအဲဒီနှစ်ခုကြားအပြန်အလှန်ပြစ်ကြတာ နှစ်ဖက်စလုံးလက်နက်ကြီးတွေသုံးနေတာပဲ” ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် AA အဖွဲ့တို့လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ပြီး အရပ်သားသေဆုံးမှုများ ရှိ်လာသည့်အခါ တဖက်နှင့်တဖက် စွပ်စွဲလွှဲချလေ့ရှိပြီး အမှန်တကယ်ပစ်ခတ်သူများကို ရှာဖွေဖော်ထုတ်သင့်သည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
“အဲဒီဗုံးတွေ ကျည်တွေက နှစ်ဖက်တပ်ဖွဲ့ကနေပြီးတော့ ပစ်နေပြီဆိုလို့ရှိရင် သူတို့ လူထုပေါ်မှာရောက်တာနဲ့က  ပိုင်ရှင်မဲ့ဖြစ်သွားလေ့ရှိတာက ပြသာနာ အခုဟာလည်းပဲ ဘယ်သုူ့ရဲ့ကျည်ဖြစ်တယ်ဘယ်သူ့လက်ချက်ဖြစ်တယ် အပြန်အလှန်စွပ်စွဲနေတဲ့ဟာက အဲဒါကတော်တော်လေးကို တာဝန်မယူရဲတဲ့လုပ်ရပ်ဖြစ်နေတယ်၊ ကြိုက်သလိုရမ်းကားပြီးပစ်တယ် လူထုကိုထိတယ်ဆိုရင်လည်းပဲ ဘာမှ ပြသာနာမရှိဘူး ဟိုအဖွဲ့ကို ငါလွှဲချလိုက်ရင်ရတယ် ဆိုတဲ့ပေါ့ဆမှုဖြစ်သွားစေတယ် ဒီလိုပိုင်ရှင်မဲ့ကျည်တွေကို တကယ့်ပိုင်ရှင်တွေကို ရှာဖွေဖို့လိုတယ် လွှတ်လပ်တဲ့အဖွဲ့အစည်းတွေကနေဖော်ထုတ်ဖို့လိုတယ်၊ ဘယ်ဖက်ကပစ်တယ်ဆိုတာကို ဖော်ထုတ်ပေးနိုင်တဲ့နည်းလမ်းတွေ ကျနော်တို့ရှာဖို့လိုတယ် ဒီအစိုးရကလည်းဒါကို ဘယ်လောက်ထိတံခါးဖွင့်ပေးနိုင်မလဲ ဒါမှမဟုတ် ပြည်သူလူထုဘက်က  ကျနော်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေကရော ကျနော်တို့ဘယ်လောက်ထိအောင်လုပ်နိုင်မလဲဆိုတာက အရေးကြီးတယ်”  ဟု  ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
Covid-19 ကပ်ရောဂါ ကမ္ဘာတဝန်းဖြစ်ပွားနေသည့် ယနေ့လိုကာလမျိူးတွင် တိုက်ပွဲများရပ်တန့်သင့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏  ပလက်ဝစားနပ်ရိက္ခာအရေးနှင့်ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် စစ်ပွဲများရပ်တန့်ရန်မတောင်းဆိုဘဲ တပ်မတော်ကို ချီးကျူးစကားထည့်သွင်းပြောဆိုခဲ့ မှုသည် လုံးဝမသင့်လျော်သည့်ကိစ္စဖြစ်သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆက်ပြောသည်။
နိ်ုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်၏ အဆိုပါကြေညာချက်တွင် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားအရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြုချီးကျူးဂုဏ်ပြုသည်ဟု ပါရှိသည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တပ်ဖွဲအကြားဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က လေကြောင်းအသုံးပြုပစ်ခတ်တိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ အရပ်သား ၂၈ ဦးသေဆုံးခဲ့ပြီး ၄၀ နီးပါးခန့်ဒဏ်ရာရရှိခဲ့ကြသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ
ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်
Leave A Reply Cancel Reply
  • Featured Article
May 24, 2023
“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”
April 27, 2023
ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်
April 14, 2023
အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)
April 14, 2023
“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.