Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝဒေသခံသောင်းချီသည် မိုးရာသီမှာ အငတ်ဘေးကြုံတွေ့ရနိုင်

ပလက်ဝဒေသခံသောင်းချီသည် မိုးရာသီမှာ အငတ်ဘေးကြုံတွေ့ရနိုင်

0
By Editor on March 29, 2024 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က ဒေသခံသောင်းဂဏန်းသည် စားနပ်ရိက္ခာများ မဖြည့်ဆည်းပေးနိုင်ပါက လာမည့် မိုးရာသီတွင် အငတ်ဘေး ကြုံတွေ့ရနိုင်ကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

လက်ရှိနွေရာသီတွင် ပလက်ဝဒေသခံပြည်သူ သောင်းချီသည် စားနပ်ရိက္ခာများကို မျှဝေ၊ မျှစား၍ ရသေးသော်လည်း မိုးရာသီရောက်ချိန်တွင် ကုန်သလောက်ရှိလိမ့်မည်ဖြစ်ပြီး ရိက္ခာပြတ်လတ်မှုများကြောင့် စားဝတ်နေ‌ရေး အကြပ်အတည်းမှာ ပိုဆိုးဝါးသွားခြင်းဖြစ်ကြောင်း ဆလိုင်းမျိုးထိုက်က ပြောသည်။

“ဧပြီ၊ မေလလောက်ဆိုရင်တော့ တချို့ စစ်ရှောင်တွေကတော့ ထမင်းတောင် စားဖို့ ဆန် မရှိလောက်တော့ဘူး။ ပလက်ဝမှာ ဆန်ကိုပဲ အဓိက စားတဲ့ လူမျိုုးတွေဆိုတော့ အခုတောင် တချို့ရွာတွေမှာ ဒီနေ့ချက်ဖို့တောင် ဆန်မရှိလို့ တောင်းစားရတယ်။ အတောင်းခံရတဲ့ လူတွေမှာလည်း မရှိတော့ဘူးလို့ ဒေသခံတွေက ဖုန်းတွေ ဆက်လာကြတယ်” ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌက ပြောသည်။

ပလက်ဝမြိုု့နယ်တွင် စားနပ်ရိက္ခာအတွက် တောင်ယာလုပ်ကိုင်ကြသော်လည်း ကောက်ရိတ်သိမ်းချိန်၊ ကောက်သစ်စတင် စားရသောအချိန်မှာ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ဖြစ်သောကြောင့် လာမည့် မိုးရာသီသည် ဒေသခံပြည်သူ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအတွက် ဒုက္ခပိုကြုံရနိုင်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူ ၂ သောင်းမှ ၄ သောင်းကြားသည် စားဝတ်နေရေးခက်ခဲမှုများ ဆိုးဝါးစွာ ကြုံတွေ့ရနိုင်ပြီး ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ်၏ နယ်မြေလုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် လက်ရှိကိန်းဂဏန်းများမှာ တိကျသေချာသော စာရင်းများ မဟုတ်သော်လည်း ပလက်ဝဒေသခံများ ဆက်သွယ်လာမှုနှင့် နယ်မြေဒေသအရ ခန့်မှန်းရခြင်းဖြစ်ကြောင်း ပလက်ဝကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝမြို့နယ်တွင် INGO ၊ NGO နှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမှာ များစွာ နည်းပါးသွားပြီး WFP နှင့် CHRO တို့မှ ကူညီထောက်ပံ့မှု ပေးထားသော်လည်း ပမာဏမှာ လွန်စွာ နည်းပါးခဲ့ကြောင်း သိရဿည်။

“အဲဒါကြောင့် NGO၊ INGO နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရော အလှူရှင်တွေအနေနဲ့ ကျနော်တို့ ပြည်သူတွေကို တတ်နိုင် သလောက် ကူညီကြဖို့ တောင်းဆိုပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ဒေသခံ ပြည်သူတွေရဲ့ သောင်းချီဟာ အငတ်ဘေး ကြုံရနိုင်တယ်။ ဆေးဝါးကုသနိုင်မှုလည်း ပိုဆိုးဝါးနိုင်တယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝမြို့နယ် ကုလာတန်းမြစ်ဘက်က ဒေသများမှာ အိန္ဒိယမှ ကုန်စည်စီးဆင်းမှု အဆင်ပြေသော်လည်း တချို့ဒေသများအတွက် သယ်ယူစရိတ်မှာ ဆန်ဝယ်ယူစရိတ်ထက် ကြီးမားကြောင်း၊ ပလက်ဝအရှေ့ဘက်ခြမ်းရှိ ဒေသများမှာလည်း ပိုမိုခက်ခဲကြကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်း လက်ရှိမှာ ရက္ခိုင်တပ်တော် AA က ပလက်ဝမြို့နှင့် ဆမီးမြို့အပါအဝင် နယ်မြေအများစုကို ထိန်းချုပ် ထားကာ အုပ်ချုပ်ရေးယန္တရာများကို ဖော်ဆောင်နေပြီး CDF- ပလက်ဝ၊ CDF – Daai ၊ CDF – မရာနှင့် MDF/ MTC စသည့် ချင်းတော်လှန်ရေးအဖွဲ့ (၄) ခုသည်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွဲဖက်၍ စစ်ရေးလှုပ်ရှားကြသည်။

ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီကလည်း ULA/AA ၏ ပလက်ဝမြို့နယ်အတွင်းက အုပ်ချုပ် ရေးအစီအမံများနှင့် ပတ်သက်၍ ဒေသခံချင်းတိုင်းရင်းသားများအတွက် မလိုလာအပ်သော ဝန်ထပ်ဝန်ပိုးများ မဖြစ်ပေါ်စေရန်၊ ဒေသခံ ချင်းအပါအဝင်ပြည်သူများ လုံခြုံလွတ်လပ်စွာ သွားလာနိုင်ရန် နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ရေးကို လိုလားကြောင်း ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်တွင် ချင်းလူမျိုးက ၈၈၀၀၀ ကျော်၊ ရခိုင်က ၁၈၀၀၀ ကျော်၊ ဗမာက ၁၅၀ နီးပါးဖြင့် စုစုပေါင်းပြည်သူ တစ်သိန်းကျော် နေထိုင်ကြကြောင်း မင်းတပ်ခရိုင်၊ မြို့နယ်ထွေအုပ်ဦးစီးဌာန၏ ၂၀၂၀ ခုနှစ် စာရင်းအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.