(006SV)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒု-တပ်ကြပ် ရဲမေ တစ်ဦးသည် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) သို့ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီလက်အောက်ခံ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒု-တပ်ကြပ် ရဲမေတစ်ဦးသည် ပြည်သူ့ရင်ခွင့်ကို ခိုလှုံလိုကြောင်း ဆက်သွယ်ခဲ့ကြောင်း YPDF မှ ဧပြီလ ၁၁ ရက်က သတင်းထုတ်ပြန်သည်။
အဆိုပါ ရဲမေကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့၏ အကူအညီဖြင့် ကယ်ထုတ်ခဲ့ပြီး YPDF မှ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသူ ရဲမေမှာ ဆက်လက်၍ လက်နက်ကိုင်လိုခြင်း မရှိသောကြောင့် သက်ဆိုင်ရာ ရပ်ကျေး/ မြို့နယ် ပအဖသို့ ထပ်မံဆက်သွယ်ကာ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
YPDF ကို အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အခြားဝန်ထမ်း ၁ ဦး၊ ပျူစောထီးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူ ၁၀၀ ဦးခန့်ရှိကြောင်း သိရသည်။
ယင်းတို့ကို YPDF ၏ လုပ်ထုံလုပ်နည်း၊ စည်းကမ်းဥပဒေများနှင့်အညီ စုံစမ်းမေးမြန်းပြီး ၎င်းတို့၏ ဆန္ဒနှင့်အညီ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထုတ်ပြန်ထားသည်။