Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့သို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစ ၃ ဦးခန့် သေဆုံးဟု ဆို

ဖလမ်းမြို့သို့ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစ ၃ ဦးခန့် သေဆုံးဟု ဆို

0
By Editor on February 25, 2022 Headline

ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဆက်သွယ်သောလမ်းအတိုင်း ခြေလျင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲဲ့ဲ့က ၂ ကြိမ်မိုင်း ဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ ၁၁ နာရီဝန်ကျင်းခန့်က တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာမှ ဖလမ်းမြို့ဘက်သို့ ခြေလျင်ဖြင့်တက်လာ သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Zawngkong ရွာအနီးတွင် PDF-Zoland နှင့် CDM-Siyin ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့က သိုင်းငင်းဖက်ကနေ ဖလမ်းဖက်ကို ခြေလျင်နဲ့ ချီတက်နေတဲ့အဖွဲ့ကို အဝေးကနေမိုင်းဆွဲလိုက်တယ်။ ၃ ယာက်လောက်ကတော့ ကောင်းကောင်းထိတယ်။ အထူးသဖြင့် ကျွန်တော်တို့က မိုင်းနဲ့တိုက်ခိုက်လိုက်တာ။ အဲ့မှာတော့ မိုးချုပ်တဲ့အထိရှိတယ် ပြီးမှရွေ့တယ်သူတို့က ဖလမ်းဖက်ကိုဦးတည်နေတယ်၊” ဟု PDF-Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ညနေပိုင်း ၄ နာရီကျော်ကျော်ခန့်တွင်လည်း ရိက္ခာနှင့် စစ်သားများတင်ဆောင်လာသည့် စစ်ယာဉ်တန်း ၁၈ စီးကို ပူးပေါင်းတပ်ဖွဲ့မှ ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြပြီး စစ်ကားတစ်စီးမှာအတော်လေးပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ယာဉ်တန်းကို အနီးကပ် တိုက်ခိုက်ရန် ခက်ခဲမှုရှိသည့်အပြင် ယခုရက်ပိုင်းအတွင်း ယင်းလမ်းကြောင်း တွင် ခရီးသွားလာမှုမရှိကြသည့်အတွက် မိုင်းဆွဲတိုက်ခိုက်ကြခြင်းဖြစ်သည်ဟု PDF-Zoland ပြောရေး ဆိုခွင့်ရှိသူကပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့မှ စစ်ကား ၂၃ စီးဖြင့် ကလေမြို့သို့ ဆင်းလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို PDF-Zoland/ CDM-Siyin ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း အလောင်းကောက်ယူ၍ မရအောင် တစစီကျေမွသေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.