ဖလမ်း-ဟားခါးကြား ကားလမ်းမပေါ်တွင်တည်ရှိသော ရမ်ထလို (Ramthlo) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဧပြီလ ၆ ရက်နေ့တွင် မီးရှို့ကာ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု CNDF က သတင်းထုတ်ပြန်သည်။
ယမန်နေ့ကလည်း ဖလမ်း-ဟားခါးကြား တလန်ဇာရ် (Tlangzar) ကျေးရွာက လူနေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့ပြီးဖြစ်သည်။
မတ်လ ၂၁ ရက်နေ့က ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ထွက်ခွါလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ထောက်ပို့ယာဉ်သည် မိုင် ၄၀ ဝန်းကျင်ခန့်သာရှိသော ဖလမ်း-ဟားခါးကြားကို ၂ ပတ်ခန့်ကြာမြင့်ပြီဖြစ်ကာ လမ်းခရီးတွင်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများကာ အထိနာနေပြီဟုသိရသည်။
Video Crd- CNDF