မင်းတပ်မြို့ စစ်ဘေးရှောင်အမှတ် (၃) ဇုံမှ ရလ သားအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးနှင့် အသက် (၅၇) နှစ်အရွယ် အမျိုးသား စစ်ဘေးရှောင်တစ်ဦး ဖျားနာမှုကြောင့် သေဆုံးခဲ့ကြောင်း အမှတ် (၃) ဇုံမှ တာဝန်ခံတစ်ဦးကပြောသည်။
“ကလေးက အအေးမိတာ စစ်ဘေးရှောင်ပြေးရင်းနဲ့ပေါ့နော် တောထဲမှာပဲနေကြတာကိုးကလေးက ရွာတွေအထိ စကစတွေကလည်းလိုက်လာတယ် ဒါကြောင့် တောထဲထိပြေးကြတာ မိုးလည်းရွာတယ်အေးလည်းအေးနေတယ် အဲဒါကြောင့်ဖျားကြတယ် နောက်တစ်ဦးကျနော် လူကြီးပိုင်း ငွေတီကျေးရွာ စစ်ဘေးရှောင်စခန်းက သူကကျတော့ ရောဂါအခံလည်းရှိတယ် ကျန်းမာရေးပိုင်းမှာ အခံရှိတယ် သူလည်တောထဲမှာပြေးရင်းနဲ့အအေးမိတယ်ဖျားတယ် ပြီးတော့ သူ့ကိုပြုစုမယ့်သူကလည်းမရှိကြတော့ ဆေးဝါးလည်းမရောက်နိုင် သူလည်းဆုံးသွားတာပါ” ဟု တာဝန်ခံကပြောသည်။
မင်းတပ်မြို့နယ် မဲင်းကျေးရွာက ရလ သားအရွယ်ရှိသော စစ်ဘေးရှောင်ကလေးငယ်တစ်ဦးမှာ အအေးမိဖျားနာပြီး ယနေ့ ဇွန်လ ၁၈ ရက်တွင် သေဆုံးခဲ့ပြီး ငွေတီကျေးရွာမှ အသက် (၅၇) နှစ်အရွယ်မှာ ဇွန်လ (၁၅) ရက်နေ့ကသေဆုံးကြောင်းသိရသည်။
မင်းတပ်မြို့တွင် စစ်ဘေးရှောင် အမှတ် ၁၂ အထိရှိ ယခုလက်ရှိ အမှတ် ၃ ဇုံတွင် စစ်ဘေးရှောင် (၂) ဦးသေဆုံးမှုရှိပြီဖြစ်ကာ မကွေးတိုင်းဖက် စစ်ဘေးရှောင်ပြေးကြသူများတွင်လည်း ရာသီဥတုကြောင့် ဖျားနာသေဆုံးသူရှိပြီဟု ဆက်ပြောသည်။
မင်းတပ်မြို့စစ်ဘေးရှောင်ပြည်သူများသည် လမ်းကြောပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်မှုမြင့်မားနေပြီး မိုးတွင်းကာ ရာသီဖျားနာသူအများအပြားရှိကြောင်းသိရသည်။