• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းထောင်းထားသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံကြေညာခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြ

မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းထောင်းထားသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံကြေညာခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြ

0
By Editor on October 13, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများကို တောင်ယာခြံထဲမသွားကြရန်နှင့် မတူပီမြို့ပတ်ဝန်းကျင်တွင် မြေမြုပ်ဗုံးထောင်ထားသည်ဟု လိုက်လံကြေညာနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြရသည်ဟု မတူပီမြု့ဒေသခံများထံက သိရသည်။

“စစ်သားတွေက ဒီနေ့ဆော်သြတာက အကုန်လုံး ဘယ်မှမသွားရဘူး၊ အကုန်လုံး မြို့ပတ်ပတ်လည်မှာ မိုင်းထောင်းထားတယ်။ မြို့ပြင်ထွက်တာတို့ ခြံသွားတာတို့၊ မတူပီနှင့် မင်းတပ်ကို မသွားရဘူး၊ ဒီဖက်မှာ ခြံမသွားရရင် စားစရာကမရှိ၊ ဟင်းကမရှိဘူး ခက်ခဲတယ်။ အခုက ဘယ်မှသွားလို့မရဘူးဆိုတော့။ နောက်ပြီိး လူငယ်တွေနဲ့ ပြည်သူတွေက ပူးပေါင်းရင် ဥပဒေအရ တရားစွဲမယ်ဆိုပြီး ဆော်သြတာ။” ဟု ပြောသည်။

ချင်းပြည်နယ် မင်းတပ်-မတူပီ ကားလမ်းကြား မြေပြိုမှုများရှင်းလင်းနေစဉ် လာရောက်ပစ်ခတ်ခြင်းမပြုလုပ်ရန်နှင့် တောင်ယာခြံများတွင် မသွားရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လိုက်လံဆော်သြနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတို့သည် ယမန်နေ့ညက လည်မျိုးချောင်းတွင် ညအိပ်ကြသည့်အပြင် မတူပီမြို့ပေါ်တွင် လုံခြုံရေးအသုံးပြုရန်အတွက် ရဲတပ်ရင်း ၁ဝဝ ကျော်ချထားမည်ဖြစ်မည်ဟု သိရပြီး လက်ရှိ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း စစ်တပ်နှင့်ရဲ တပ်ရင်း အင်အားအများအပြား ဆက်လက်ပို့ဆောင်မှုများရှိနေကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကစပြီး ချင်းပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်ကို ဆက်သွယ်ရေး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် စစ်အင်အားလည်း တိုးချဲ့ဖြည့်တင်းလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.