• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်သို့ခိုလှုံသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ပို့

မီဇိုရမ်ပြည်နယ်သို့ခိုလှုံသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ပို့

0
By Editor on July 4, 2019 Khonumthung

By မိုးကျော် – အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်ခရိုင်နယ်စပ်ဒေသတွင် ခိုလှုံနေကြသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူများအား မီဇိုရမ်အစိုးရမှ ဇူလိုင် (၂) ရက်နေ့က နေရပ်ပြန်ပို့ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးခိုလှုံ သူများဖြစ်ကြပြီး ယခုလက်ရှိတွင် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Hmawngbuchhuah တွင် ခိုလှုံနေထိုင်ကြပြီး လက်ရှိ သတင်းရရှိချက်အရ လူဦးရေ ၂၁၉ ဦး ရှိနေသေးကြောင်း သိရသည်။

လောင်တလိုင်မြို့တွင်နေထိုင်သူ ချင်းအမျိုးသား ကိုဂျွန်က “ မီဇိုရမ်ဘက်က တာဝန်ရှိသူတွေက နယ်စပ်အထိ လိုက်ပို့ပြီး နယ်စပ်မှာ မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေက လာကြိုကြတယ်လို့ သိရတယ်၊ ဘာမှအခက်အခဲမရှိဘဲ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ပို့လိုက်ကြတယ်လို့ သိရပါတယ်’’ ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်သို့ ခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူများအား မီဇိုရမ်ပြည်နယ် အစိုးရက ဇွန်လ ၁၅ ရက်နေ့က ၄င်းတို့ နေရပ် ချင်းပြည်နယ်ဘက်သို့ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုအခြေအနေဆိုးဝါးမှုကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရပြီး၊ တခါ ဇွန်လ ၂၅ ရက်နေ့က ထပ်မှန်ပြန်လည်စီစဉ်ခဲ့သော်လည်း ဆက်သွယ်ရေးမကောင်းမှုကြောင့် ထပ်မှန်ပြန်လည်ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုတခါ နှစ်နိုင်ငံအစီအစဉ်ဖြင့် ယခုလို စစ်ဘေးရှောင်ပြည်သူများအား နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.