Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ဂီတရန်ပုံငွေရှာဖွေပွဲမှ ကလေးမြို့စစ်ဘေးရှောင်များအတွက် ရူပီး ၅ သိန်းကျော်ရရှိ

မီဇိုရမ်ဂီတရန်ပုံငွေရှာဖွေပွဲမှ ကလေးမြို့စစ်ဘေးရှောင်များအတွက် ရူပီး ၅ သိန်းကျော်ရရှိ

0
By Editor on August 17, 2022 Khonumthung

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေရှာဖွေရေး “Mobile Charity Concert” ကျင်းပပြုလုပ်ခဲ့ကြရာတွင် အလှူငွေ ရူပီးငွေ ၅ သိန်းကျော်ရရှိခဲ့ကြသည်ဟု သိရသည်။

Mobile Charity Concert ရန်ပုံငွေရှာဖွေပွဲကို မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့၊ NGO united for Democratic Myanmar နှင့် မီဇိုးအဆိုတော်ဖြင့်စုဖွဲ့ထားသော MZI, MDM, PUMP တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

ယင်းရန်ပုံငွေရှာဖွေပွဲတွင် မီဇိုးအဆိုတော်များက သီချင်းအားဖြင့်သီဆိုဖျော်ဖြေကြပြီး မြို့ထဲကပြည်သူများထံ အလှူခံပုံးများဖြင့် အလှူငွေများ ကောက်ခံခဲ့ကြခြင်းဖြစ်သည်။

ရန်ပုံငွေရှာဖွေသည့်ပွဲများကို အိုင်ဇောလ်မြို့၏ အချက်အချကျသော လမ်းဆုံများတွင် ဇူလိုင်လ ၂၉၊ သြဂုတ်လ ၆ နှင့် သြဂုတ်လ ၁၅ ရက်နေ့တို့တွင် သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားများသည် စစ်ကောင်စီ၏ ဘေးရန်မှလွတ်မြောက်နိုင်ရန် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းရပြီး ၎င်းတို့ကို မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ လက်ခံစောင့်ရှောက်ကူညီလျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.