• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၉၀၀၀ ကျော် ခိုလုံလျှက်ရှိ

မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၉၀၀၀ ကျော် ခိုလုံလျှက်ရှိ

0
By Editor on September 10, 2021 Khonumthung
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး မြန်မာနိုင်ငံ စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်န ယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာစစ်ဘေးရှောင်း ၉၄၃၄ ဦး ခိုလုံလျှက်ရှိကြောင်း မီဇိုရမ် ပြည်နယ် အစိုးရကပြော ဆိုလိုက်သည်။
အဆိုပါကိစ္စကို လက်ရှိမီဇိုရမ်ပြည်နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၈ ကြိ်မ်မြောက် လွတ်တော် အစည်းအဝေးတွင် အတိုက်ခံပါတီလွတ်တော်ကိုယ်စာလှယ်များ၏ မေးမြန်းချက်ကို လက်ရှိအစိုးရ MNF ပါတီ ပြည်ထဲရေးဝန်ကြီး Pu Lal chamliana က ယခုလို ဖြေကြားခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။
“သြဂုတ်လ ၂၈ ရက်နေ့အထိ အစိုးရစာရင်းအရ စစ်ဘေးရှောင် ၁၀၂၂၉ ဦးရှိတယ်။ တချို့က နေရပ်ကိုပြန်သွားတဲ့သူ တွေရှိတယ်။ ဒါကြောင့် လက်ရှိစာရင်းအရတော့ စစ်ဘေးရှောင် ၉၄၃၄ ဦး ရှိတယ်” ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။
မြန်မာ စစ်ဘေးရှောင်များမှာ မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးတို့တွင် ပြန့်နှံ့နေထိုင်ကြပြီး မီဇိုရမ်အစိုးရ အနေဖြင့် စစ်ဘေးရှောင်ပြည်သူများကူညီဆောင်ရွက်ရာတွင် သိန်း ၃၀ ထုတ်ပေးခဲ့ပြီဖြစ်ကြောင်းလည်း မီဇိုရမ် ပြည်ထဲရေးဝန်ကြီးက ဆက်ပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စစ်ဘေးရှောင်းအရေအတွက် ဘယ်လောက်ရှိကြောင်း မေးမြန်းချက် ကို Pu Lalchamliana က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို သီးသန့်မှတ်သား ပြုစု ထားခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းကစပြီး National Unity Government (NUG) အစိုးရက D-day တရားဝင်တိုက်ပွဲ ကြေညာခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာသူ စစ်ဘေးရှောင် ၁၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း နှင့် လက်ရှိပြည်တွင်းအခြေအနေအရ ဒီထက်များလာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.