Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၉၀၀၀ ကျော် ခိုလုံလျှက်ရှိ

မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၉၀၀၀ ကျော် ခိုလုံလျှက်ရှိ

0
By Editor on September 10, 2021 Khonumthung
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး မြန်မာနိုင်ငံ စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်န ယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာစစ်ဘေးရှောင်း ၉၄၃၄ ဦး ခိုလုံလျှက်ရှိကြောင်း မီဇိုရမ် ပြည်နယ် အစိုးရကပြော ဆိုလိုက်သည်။
အဆိုပါကိစ္စကို လက်ရှိမီဇိုရမ်ပြည်နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၈ ကြိ်မ်မြောက် လွတ်တော် အစည်းအဝေးတွင် အတိုက်ခံပါတီလွတ်တော်ကိုယ်စာလှယ်များ၏ မေးမြန်းချက်ကို လက်ရှိအစိုးရ MNF ပါတီ ပြည်ထဲရေးဝန်ကြီး Pu Lal chamliana က ယခုလို ဖြေကြားခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။
“သြဂုတ်လ ၂၈ ရက်နေ့အထိ အစိုးရစာရင်းအရ စစ်ဘေးရှောင် ၁၀၂၂၉ ဦးရှိတယ်။ တချို့က နေရပ်ကိုပြန်သွားတဲ့သူ တွေရှိတယ်။ ဒါကြောင့် လက်ရှိစာရင်းအရတော့ စစ်ဘေးရှောင် ၉၄၃၄ ဦး ရှိတယ်” ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။
မြန်မာ စစ်ဘေးရှောင်များမှာ မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးတို့တွင် ပြန့်နှံ့နေထိုင်ကြပြီး မီဇိုရမ်အစိုးရ အနေဖြင့် စစ်ဘေးရှောင်ပြည်သူများကူညီဆောင်ရွက်ရာတွင် သိန်း ၃၀ ထုတ်ပေးခဲ့ပြီဖြစ်ကြောင်းလည်း မီဇိုရမ် ပြည်ထဲရေးဝန်ကြီးက ဆက်ပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စစ်ဘေးရှောင်းအရေအတွက် ဘယ်လောက်ရှိကြောင်း မေးမြန်းချက် ကို Pu Lalchamliana က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို သီးသန့်မှတ်သား ပြုစု ထားခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းကစပြီး National Unity Government (NUG) အစိုးရက D-day တရားဝင်တိုက်ပွဲ ကြေညာခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာသူ စစ်ဘေးရှောင် ၁၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း နှင့် လက်ရှိပြည်တွင်းအခြေအနေအရ ဒီထက်များလာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.