Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လတ်မှုမကြုံစေရဟု ဝန်ကြီး Dr.R Lalthangliana ပြော

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လတ်မှုမကြုံစေရဟု ဝန်ကြီး Dr.R Lalthangliana ပြော

0
By Editor on September 13, 2021 Khonumthung

စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြန်လပ်မှုမကြုံစေရပဲ အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပံပိုးပေးသွားမည်ဟု မီဇိုရမ်ပြည်နယ် ကျန်းမာရေးဝန်ကြီး Dr. R Lalthangliana ကပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် Lungler ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CAN/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် Lungler ကျေးရွာနှင့် အနီးနားကျေးရွာမှ ဒေသခံပြည်သူများသည် တဖက် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်ရှောင်းနေကြရသည်။

အဆိုပါတိုက်ပွဲကြောင့် ချင်းပြည်သူ စစ်ဘေးရှောင် ၁၀၀၀ ကျော် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာပြီး မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Cherhlun ကျေးရွာတွင် (80), New Ngarchhip ကျေးရွာတွင် (250), Old Ngarchhip ကျေးရွာတွင် (60), Thingsai ကျေးရွာတွင် (700) နှင့် Bualpui ‘H’ ကျေးရွာတွင် (108) ဦး စသဖြင့် အသီးသီးပြန့်နှံ့နေထိုင်ကြသည်။

မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကို Hnahthial မြို့နယ် လွှတ်တော်အမတ် လက်ရှိ မီဇိုရမ်ပြည်နယ် ကျန်းမာရေးဝန်းကြီး Dr.R.Lalthangliana က ချက်ချင်းကူညီဆောင်မှုပြုလုပ်ခဲ့သည်။

Dr.R.Lalthangliana က “ကျနော့်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်​တွေအတွက် စိတ်မ​ကောင်းဖြစ်ရပါတယ်၊ ဘယ်သူမှစားနပ်ရိက္ခာပြတ်လတ်မှုခံမှာမဟုတ်ဘူး၊ လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမယ်။” လို့ ပြောသည်။

Hnahthial ခရိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် (ကားနှစ်စီးစာ)၊ ပဲ (၁၆ အိတ်)၊ ဆီ (၁၆ ဖာ)၊ မိုးကာအပြင်၊ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးစစ်ဆေးဖို့ Cherhlun PHC, Thingsai PHC နှင့် Hnahthial မြို့ နယ်ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းများ သွားရောက်ဖို့ Dr.R.Lalthangliana ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်ထဲမှာ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ် ၁၄ ဦး အပါအဝင် မြန်မာနိုင်ငံက လာရောက်ခိုလှုံ နေသူ မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၉၀၀၀ ကျော်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.