မီဇိုရမ်ပြည်နယ် အထူးမှုခင်းစုံစမ်းရေးဌာနခွဲ (CID) မှ အိုင်ဇောလ်မြို့ ITI ရပ်ကွပ်ရှိ ကမ္ဘာ့ဘဏ်လမ်းတွင် သတင်းအရ စစ်ဆေးမှုများလုပ်ရာမှာ မြန်မာနိုင်ငံ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြားအလုံး ၂၀,ဝ၀ဝ ကျော်ကို သြဂုတ်လ ၂၉ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုဆေးပြားများသယ်ဆောင်သူမှာ စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန် F-ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ အရွယ် မာလ်ဆောမ်ဒေါင်းငါ (Malsawmdonga) ဖြစ်ပြီး မီဇိုပြည်နယ် အိုင်ဇောမြို့ (Hunthar) ရပ်ကွပ်တွင်နေကြောင်း သိရသည်။
၎င်းဆေးပြား၏တန်ဖိုးမှာ နိုင်ငံတကာဈေးကွပ်အရ ရူပီး သိန်း ၆၀ဝ ကျော်တန်ဖိုးရှိကြောင်း သိရသည်။
ထိုထိန်းသိမ်းရမိသော မူးယစ်ဆေးများကို မီဇိုရမ်အထူးမူးယစ်ဆေးတားမြစ်ရေးအဖွဲထံ လွဲအပ်ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။