Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးလူငယ်အသင်း CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရူပီးငွေ ၄ သိန်းဖိုး စားနပ်ရိက္ခာများပေးအပ်

မီဇိုးလူငယ်အသင်း CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရူပီးငွေ ၄ သိန်းဖိုး စားနပ်ရိက္ခာများပေးအပ်

0
By Editor on December 21, 2024 Khonumthung

(005MK)

မီဇိုးလူငယ်အသင်း Central Young Mizo Association (CYMA) က မြန်မာနှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်များအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရူပီးငွေ ၄ သိန်းခန့်တန်ဖိုးရှိသော အခြေခံစားနပ်ရိက္ခာများကို ယနေ့ ပေးအပ်ခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် မီဇိုးလူငယ်အသင်း CYMA က အိုင်ဇောလ်ခရိုင်အတွင်းမှာရှိသော မြန်မာစစ်ဘေးရှောင်စခန်း ၆ ခုနှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်စခန်းနှစ်ခု စုစုပေါင်း ၈ ခုအတွက် အခြေခံစားနပ်ရိက္ခာများကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံက စစ်ဘေးရှောင်များနေထိုင်ကြသော Tuiral Camp၊ Sihhmui Camp 1, Camp 2, Sairang Camp, Leitan Camp, YHAI Camp နှင့် မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင်လာသူများနေထိုင်ကြသော BSUP Edenthar Camp, RAY Camp တို့ကို ခရစ္စမတ်လက်ဆောင်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စစ်ဘေးရှောင်စခန်း ၈ ခုအတွက် ဆန်အိတ် ၁၂၅ အိတ်၊ ဆီ ၄၅ ဖာ၊ ပဲ ၁၆ အိတ်၊ အသားတု ၂၂ အိတ်ဖြင့် လူဦးရေ အနည်းအများပေါ်မူတည်ပြီး ခွဲဝေပေးအပ်ခဲ့သည်ဟု သိရသည်။

မီဇိုးလူငယ်အသင်း CYMA သည် မီဇိုရမ်ပြည်တွင် ဩဇာတက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးရှောင်များအား အဓိကကူညီထောက်ပံ့နေသည့်အပြင် ခရစ္စမတ်ကာလတွင်လည်း ယခုကဲ့သို့ ခရစ္စမတ်လက်ဆောင်အဖြစ် ကူညီထောက်ပံ့လေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.