မီဇိုရမ်ပြည်နယ် ကျမ်ဖိုင်းခရိုင်၊ စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ဩဂုတ် ၂၃ ရက်နေ့က မြန်မာနိုင်ငံသားတစ်ဦး ထံမှ ရူပီးငွေ ၃၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဂရမ်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု သိရသည်။
အဖမ်းခံရသူမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လိုင်သွေးကျေးရွာနေ အသက် ၂၀ အရွယ် ကျိန်လမ်း တွောလ်ဖြစ်ပြီး ၎င်းကို ကျန်ဖိုင်းရဲစခန်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားမှုဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။