• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ရခိုင်စစ်ဘေးရှောင်ပြည်သူများ မီဇိုရမ် ကျေးရွာကောင်စီရွေးကောက်ပွဲတွင် ပါဝင်ရန်ကြိုးပမ်းမှု ကန့်ကွက်ခံရ

ရခိုင်စစ်ဘေးရှောင်ပြည်သူများ မီဇိုရမ် ကျေးရွာကောင်စီရွေးကောက်ပွဲတွင် ပါဝင်ရန်ကြိုးပမ်းမှု ကန့်ကွက်ခံရ

0
By Editor on May 1, 2019 Headline

By မိုးကျော် – မီဇိုရမ်ပြည်နယ်တောင်ပိုင်း “လိုင်” ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရခရိုင်ကောင်စီ (Lai Autonomous District Council (LADC) နယ်မြေအတွင်း မေလ (၈) ရက်နေ့တွင်ကျင်းပမည့် ကျေးရွာကောင်စီရွေးကောက်ပွဲတွင် ရခိုင်စစ်ဘေးရှောင်ပြည်သူများ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်း​​နေသည်​ဟု ဆိုကာ ​​လိုင်ကျောင်းသားအသင်း (Lai Students’ Association) မှ အပြင်း အထန်ကန့်ကွက်သည်ဟု ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများသည် ကျေးရွာကောင်စီရွေးကောက်ပွဲတွင် မဲထည့်ခွင့် နှင့် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ရန်ကြိုးစားမှုများရှိနေပြီး ယင်းကိစ္စကို လိုင်ကျောင်းသားများအနေဖြင့် လုံးဝ လက်မခံကြောင်း ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။

လိုင်ကျောင်းသားအသင်းဥက္ကဌ H Vanlaltanpuia က “ ဒီစစ်ဘေးရှောင်ပြည်သူတွေက မီဇိုရမ်ပြည်နယ်မှာ ၂ နှစ်/ ၃ နှစ်ပြင် မနေထိုင်ကြသေးပါဘူး၊ မကြာခင်ကျင်းပတော့မယ့် LADC ကောင်စီရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအနေနဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့သူတွေရှိတယ်၊ မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေက ဒီနိုင်ငံသားတွေလို အခွင့်အရေးရဖို့ ကြိုးစားလာတာ ကျနော်တို့မလိုလားဘူး နောက်ဆုံးအချိန်ထိ ကျနော်တို့ ကန့်ကွက်သွားမယ်’’ ဟု မီဇိုရမ်အခြေစိုက် Vanglaini သတင်းစာတွင်ပြောကြားသည်။

လောင်တလိုင်မြို့နယ်အတွင်း ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များကို Lai Students’ Association အနေဖြင့် ဂရုဏထားရှိကြောင်းနှင့် ကြိမ်ဖန်များစွာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သို့သော် ပြည်နယ် အုပ်ချုပ်မှုစနစ်တွင် ရောယှက်ပါဝင်လိုခြင်းကို လုံးဝကန့်ကွက်ကြောင်း၊ ယခုလို ဆက်လက်လုပ်ဆောင်ပါက ဒီပြည်နယ်အတွင်း ဆက်လက်နေထိုင်ရန် ဖြစ်နိုင်မည်မဟုတ်တော့ကြောင်း ၎င်းတို့ကြေညာချက်တွင်ပါရှိသည်။

နိုင်ငံရေးပါတီများအနေဖြင့်လည်း မိမိပါတီအနိုင်ရလိုမှုကိုသာကြည့်ပြီး စစ်ဘေးဒုက္ခသည်များအား မဲရရှိနိုင်ရေးကို မလုပ်ဆောင်သင့်ကြောင်း လိုင်ကျောင်းသားအသင်းက တောင်းဆိုထားသည်။

ယခုလက်ရှိ လောင်တလိုင်ခရိုင်တွင် ရခိုင်စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်နေထိုင်သည်ဟု သိရသည်။

လောင်တလိုင်မြို့တွင်နေထိုင်သူ ချင်းအမျိုးသားတဦး B.Johna က စစ်ဘေးဒုက္ခသည်များတွင် မဲပေးနိုင်သူ (မီဇိုရမ်နိုင်ငံသားကဒ်ပြား) ရှိသူ အများအပြားရှိကြောင်းနှင့် သို့သော် ကိုယ်စားလှယ်လောင်း ရွေးကောက် တင်မြှောက်လိုသည့်အပေါ် လုံးဝမဖြစ်နိုင်ကြောင်း ယခုလို ပြောသည်။

“ဒီကိစ္စက လုံးဝမဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် စစ်ဘေးဒုက္ခသည်တွေ VC ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းရပ်နိုင်မလဲ၊ ဥပဒေအရလည်း မဖြစ်နိုင်ဘူး၊ ဒါကြောင့် ဘယ်သူမှ ကိုယ်စားလှယ်လောင်းအဖြစ် ရပ်မှာမဟုတ်ဘူး။ ဒါပေမယ့် အနေကြာတဲ့ ရခိုင်လူမျိုးများထဲမှာတော့ မဲပေးနိုင်တဲ့သူ (နိုင်ငံသားကဒ်ပြား) ရှိတဲ့သူ အများအပြားရှိတယ်။” ဟု ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.