• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိ ကိုဗစ်လူနာ ၆၁ ဦးရှိ

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိ ကိုဗစ်လူနာ ၆၁ ဦးရှိ

0
By Editor on June 11, 2021 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့တွင် ဇွန်လ ၁၀ ရက်နေ့က ရိရ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများနှင့် ရပ်ကွက်အတွင်းနေထိုင်သူများကို ကျန်မားရေးဌာနနှင့် Volunteer များက ကိုဗစ်ပိုးရှိ/မရှိ လိုက်လံစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိတွင် ကိုဗစ်လူနာ ၆၁ ဦး ဆေးကုသမှုခံယူနေကြောင်း ရိခေါ်ဒါရ်မြို့ခံတစ်ဦးက ပြောသည်။

”မနေ့ကတော့ အယောက် ၃၀ တွေ့တယ်၊ အမှတ် (၂) ရပ်ကွက် ၂ရ ယောက်၊ အမှတ် (၁) ရပ်ကွက်မှာ ၃ ယောက်တွေ့တယ်၊ ကျွန်တော်တို့က အိန္ဒိယနယ်စပ်ဖြစ်တော့၊ RDT Test kit လဲမရှိတဲ့အခါကြတော့ စစ်လို့မရဘူး၊ အခု RDT Test kit ရောက်လာတဲ့အခါကြတော့ အကုန်လုံးကို သံတယလူနာတွေ၊ သံတယဖြစ်တဲ့သူတွေကို လိုက်စစ်ပြီးတော့တွေ့တာပါ၊ ဘယ်လိုစကူးစက်ခံရသလဲဆိုတာတော့ မသိရဘူး၊ ကျွန်တော်တို့ နေ့တိုင်းလဲစစ်တယ်၊ မနေ့ကအထိတော့ ၆၁ ဦးထိရှိပြီ အခုပိုးတွေ့တဲ့သူတွေရဲ့ ကျန်းမာရေးကတော့ ကောင်းကြတယ်” ဟု ရိခေါ်ဒါရ်မြိုိ့ခံတစ်ဦးကပြောသည်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၆၁ ဦးအထိရှိပြီး လက်ရှိဆေးရုံတွင်မှု အတွင်းလူနာဖြင့် ကုသမှုခံနေသူ ၄ ဦးရှိပြီး ၎င်းတို့မှာ ဖျားနာသဖြင့် ဆေးရုံတတ်နေစဉ် ကိုဗစ်ပိုးစစ်ဆေးရာမှ တွေ့ရှိသူများကြပြီး ကျန် ကိုဗစ်ပိုးတွေ့လူနာများကိုမှု မိမိနေအိမ်တွင် Home Quarantine အဖြစ်ထားရှိပြီး ၎င်းတို့အတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းက ဆေးဝါးနှင့် အားဖြည့်အစာတို့ကိုမှု ထောက်ပံ့ပေးပြီး ရပ်ကွက်လူငယ် Volunteer များက သွားရောက်ပို့ဆောင်ပေးကြရသည်ဟုလည်း ပြောသည်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်ရောဂါပိုးရှိ/မရှ်ိ စစ်ဆေးနိုင်အရန်အတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းက RDT Test kit အခု (၁၀၀၀) ထောက်ပ့ံပေးထားခြင်းကြောင့် ပြည်သူများကို နေ့တိုင်း စစ်ဆေးပေးနေကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.