Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိ ကိုဗစ်လူနာ ၆၁ ဦးရှိ

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိ ကိုဗစ်လူနာ ၆၁ ဦးရှိ

0
By Editor on June 11, 2021 Khonumthung

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့တွင် ဇွန်လ ၁၀ ရက်နေ့က ရိရ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများနှင့် ရပ်ကွက်အတွင်းနေထိုင်သူများကို ကျန်မားရေးဌာနနှင့် Volunteer များက ကိုဗစ်ပိုးရှိ/မရှိ လိုက်လံစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိတွင် ကိုဗစ်လူနာ ၆၁ ဦး ဆေးကုသမှုခံယူနေကြောင်း ရိခေါ်ဒါရ်မြို့ခံတစ်ဦးက ပြောသည်။

”မနေ့ကတော့ အယောက် ၃၀ တွေ့တယ်၊ အမှတ် (၂) ရပ်ကွက် ၂ရ ယောက်၊ အမှတ် (၁) ရပ်ကွက်မှာ ၃ ယောက်တွေ့တယ်၊ ကျွန်တော်တို့က အိန္ဒိယနယ်စပ်ဖြစ်တော့၊ RDT Test kit လဲမရှိတဲ့အခါကြတော့ စစ်လို့မရဘူး၊ အခု RDT Test kit ရောက်လာတဲ့အခါကြတော့ အကုန်လုံးကို သံတယလူနာတွေ၊ သံတယဖြစ်တဲ့သူတွေကို လိုက်စစ်ပြီးတော့တွေ့တာပါ၊ ဘယ်လိုစကူးစက်ခံရသလဲဆိုတာတော့ မသိရဘူး၊ ကျွန်တော်တို့ နေ့တိုင်းလဲစစ်တယ်၊ မနေ့ကအထိတော့ ၆၁ ဦးထိရှိပြီ အခုပိုးတွေ့တဲ့သူတွေရဲ့ ကျန်းမာရေးကတော့ ကောင်းကြတယ်” ဟု ရိခေါ်ဒါရ်မြိုိ့ခံတစ်ဦးကပြောသည်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၆၁ ဦးအထိရှိပြီး လက်ရှိဆေးရုံတွင်မှု အတွင်းလူနာဖြင့် ကုသမှုခံနေသူ ၄ ဦးရှိပြီး ၎င်းတို့မှာ ဖျားနာသဖြင့် ဆေးရုံတတ်နေစဉ် ကိုဗစ်ပိုးစစ်ဆေးရာမှ တွေ့ရှိသူများကြပြီး ကျန် ကိုဗစ်ပိုးတွေ့လူနာများကိုမှု မိမိနေအိမ်တွင် Home Quarantine အဖြစ်ထားရှိပြီး ၎င်းတို့အတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းက ဆေးဝါးနှင့် အားဖြည့်အစာတို့ကိုမှု ထောက်ပံ့ပေးပြီး ရပ်ကွက်လူငယ် Volunteer များက သွားရောက်ပို့ဆောင်ပေးကြရသည်ဟုလည်း ပြောသည်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်ရောဂါပိုးရှိ/မရှ်ိ စစ်ဆေးနိုင်အရန်အတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းက RDT Test kit အခု (၁၀၀၀) ထောက်ပ့ံပေးထားခြင်းကြောင့် ပြည်သူများကို နေ့တိုင်း စစ်ဆေးပေးနေကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.