Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းရှိ လူနေအိမ် ၄၀၀ နီးပါး ပျက်ဆီး

လေပြင်းတိုက်ခတ်မှုကြောင့် ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းရှိ လူနေအိမ် ၄၀၀ နီးပါး ပျက်ဆီး

0
By Editor on April 7, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသည့် အိမ်ခြေ ၄၀၀ နီးပါးခန့် ပျက်ဆီးမှုရှိခဲ့သည်ဟု သိရသည်။
ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက “ ပြန်တော့ပြင်ပါပြီ၊ သွပ်မိုးတွေ ပျောက်သွားတာတွေရှိတယ်၊ လဲသွားတာ၊ လုံးလုံး ပျက်စီးတာမရှိပါဘူး၊ ဘောလုံးကွင်း IDP Camp ၂၇၅ လုံး၊ စိုက်ပျိုးရေး Camp မှာ ၅၂ လုံး၊ အ.ထ.က(၁) မှာ ၆ လုံး၊ RC ဘုရားကျောင်းမှာ ၁၂ လုံး၊ ဝိသုတာရုံမှာ ၃၈ လုံး၊ ထမင်းချက်အဆောင် ၄ လုံး၊ မြို့မ ရပ်ကွက် လူနေအိမ် ၁၀ ဆောင်၊ ရိက္ခာ ရပ်ကွက် ၁၀ ဆောင် နှင့် လောင်းဂလူးရှိ ဘုန်းကြီးကျောင်း တကျောင်း အမိုးများထိခိုက်ပျက်စီး တယ်” ဟုပြောသည်။
အဆိုပါပျက်ဆီးမှုများကို စစ်ဘေးရှောင် ပြည်သူများက ကိုယ်ထူကိုယ်ထဖြင့် ပြန်လည် ပြုပြင်တည်ဆောက်ကြရေ ကြာင်းပလက်ဝမြို့ ခံတစ်ဦးကပြောသည်။
“သူတို့ဘာသာ မိုးထားတာတော့တွေ့တယ်၊ သွပ်တွေကို ဝါးနဲ့ပဲ အပေါ်ကနေ နှီးနဲ့ပဲချည်ပြီးတော့လုပ်ကြတယ်၊ သူတို့ဟာနဲ့သူတို့လုပ်တာများတယ်အခု၊ တချို့က လေတိုက်တော့ သွပ်တွေလွင့်သွားတော့ ပြန်ရှာလို့မတွေ့ဘူး၊ ရတဲ့ဟာတော့ပြန်မိုးတာပေါ့ သူတို့ဟာနဲ့သူတို့မိုးတာပေါ့” ဟုပြောသည်။
အာဏာသိမ်းစစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ဆန်းပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိသည်။
#Zawgyi
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတောင်သို့ အင်အားရာချီနှင့်တက်လာသော စစ်တပ်ကို CC နှင့် CB တို့ ပူးပေါင်းစုဖွဲ့ခုခံနေ

ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်ဒါဏ်ရာရ

ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.